ရုရှား တိုက်လေယာဉ်ကို ကြားဖြတ် ဟန့်တားခဲ့သည့် ဗြိတိန်

Military News

ဩဂုတ်လ ၁၇ ရက်နေ့က ဗြိတိန်တော်ဝင်လေတပ်၏ ထုတ်ပြန်ချက်အရ ရိုမေးနီးယားရှိ အမှတ် ၁၂၁ လေ့လာရေး လေတပ်ဖွဲ့မှ Euro -fighter Typhoon တိုက်လေယာဉ်များဟာ ရုရှား၏ Su-24 Fencer တစင်းကို ကြားဖြတ် ဟန့်တားခဲ့တယ်လို့ သိရပါတယ်။

အဲဒီ လေတပ်ဖွဲ့မှ Typhoon တိုက်လေယာဉ်များဟာ NATO တို့၏ တိုးမြှင့်လာတဲ့ လေကြောင်းရန်ကာကွယ်ရေး အတွက် လုပ်ငန်း ဆောင်တာများ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ထိုကဲ့သို့ တာဝန်ထမ်းဆောင်နေရင်း Bucharest ပျံသန်းမှု သတင်းအချက်အလက် ဒေသသို့ ဝင်ရောက်လာပြီး ရိုမေးနီးယား လေပိုင်နက်သို့ ဦးတည်နေတဲ့ ရုရှားလေယာဉ်ကို တွေ့ရှိခဲ့ပြီးနောက် အရေးပေါ် ကြားဖြတ် ဟန့်တားခဲ့တာ ဖြစ်ပါတယ်။

အခြား ရုရှားလေယာဉ်များကဲ့သို့ အဆိုပါ လေယာဉ်ဟာလည်း ၎င်း၏ လေယာဉ် လမ်းကြောင်းကို ကြိုတင် အသိမပေးခဲ့ပါဘူး။

ဒါ့အပြင် ရိုမေးနီးယား လေယာဉ် လမ်းကြောင်း ထိန်းချုပ်ရေး နှင့်လည်း စကား မပြောခဲ့သည့် အတွက် အရပ်ဘက် လေယာဉ် များ၏ အန္တရာယ်ကင်းရှင်းရေးအတွက် ကြားဖြတ် ဟန့်တားခဲ့ရတာလို့ သိရပါတယ်။

ကြားဖြတ်မှုတွင် ဗြိတိန် Typhoon တိုက်လေယာဉ် လေယာဉ်မှူးများမှ တဦးကို အမြန်တုံ့ပြန်သိပေးပြီးနောက် “ရိုမေးနီးယား လေပိုင်နက်သို့ ဝင်ရောက်လာတဲ့ အမည်မသိတဲ့ ရုရှားလေယာဉ်ကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။

ထို့နောက် မိနစ်ပိုင်းအတွင်း လေယာဉ်ကိုပျံတက်စေပြီး ရုရှားလေယာဉ်၏ လမ်းကြောင်းသို့ ဦးတည်စေပါတယ်။ ကြားမဖြတ်ခင် အချိန်ပိုင်းလေးမှာပဲ အဆိုပါ ရုရှားလေယာဉ်ဟာ Su-24 Fencer အမျိုးအစားဆိုတာ သိရှိခဲ့ပါတယ်။

အဆိုပါ လေယာဉ်ဟာ ကြားဖြတ်မှု မပြုလုပ်ခင် ရိုမေးနီးယား ကမ်းရိုးတန်းနှင့် မိုင် ၂၀ ထက် မဝေးတဲ့ အကွာအဝေးမှာ ပျံသန်းနေခဲ့တာ ဖြစ် ပါတယ်။

အဲဒီနောက် ရုရှားလေယာဉ်ကို ပျံသန်းခြင်း အချက်အလက် ဒေသမှ ထွက်သွားပြီး အရှေ့မြောက်ဖက် ရောက်တဲ့အထိ လိုက်လံ ကြည့်ရှုခဲ့ပါတယ်။

Eurofighter Typhoon

နောက်ဆုံးမှာ တော့ ဗြိတိန်လေယာဉ်များဟာ တိုက်ခိုက်ရေး လေကြောင်းကင်းလှည့်မှုကို ပြန်လည်စတင်ပြီး အခြေစိုက်စခန်းသို့ ပြန်လာခဲ့ပါတယ်”

၂၀၁၇ ခုနှစ်မှ ဒီလိုစစ်ဆင်ရေးများကို လုပ်ဆောင်နေတဲ့ အခြား NATO မဟာမိတ်များနှင့်အတူ ဗြိတိန်ဟာလည်း မေလမှ စပြီး ရိုမေးနီးယား လေတပ်၏ အလျှင်အမြန် တုန့်ပြန်နိုင်မှုကို မြှင့်တင်ပေးနိုင်ရန် ကူညီပေးလျှက်ရှိပါတယ်။

ရိုမေးနီးယားလေတပ်ဟာ လက်ရှိတွင် ဆိုဗီယက်လုပ် MiG-21 Lancer နှင့် အမေရိကန်လုပ် F-16 တိုက်လေယာဉ်များကို အသုံးပြုနေတာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *