ယူကရိန်းတွင် အစ္စရေးလုပ် Iron Dome လေကာစနစ် အသုံးပြုမည်

News

ယူကရိန်းနိုင်ငံဟာ အစ္စရေးလုပ် နာမည်ကျော် Iron Dome လေကာစနစ်များကို ဝယ်ယူဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အဆိုပါ Iron Dome လေကာစနစ်ကို ယူကရိန်းနိုင်ငံ မာရီယူပိုးမြို့ရှိ လေဆိပ်ကို ကာကွယ်ဖို့ရာ အသုံးပြုမှာ ဖြစ်ပါတယ်။

ဒီလေဆိပ်ဟာ မြို့နှင့် ၅ ကီလိုမီတာ အကွာအဝေးမှာရှိပြီး ၂၀၁၄ ခုနှစ်က ရုရှားနှင့် တိုက်ခိုက်မှုတွေ ရှိခဲ့တဲ့ နိုင်ငံ၏ အရှေ့တောင်ဘက် ရုရှား-ယူကရိန်း နယ်စပ်ဒေသနှင့် နီးကပ်‌သည့်နေရာမှာ တည်ရှိပါတယ်။

ဒါ့ကြောင့် အဆိုပါလေဆိပ်ကို ၂၀၁၄ ခုနှစ်ကတည်းက ပိတ်ထားရပြီး ယူကရိန်းအနေဖြင့် လေဆိပ်ကို ပြန်လည် ဖွင့်လှစ်လိုသည့် ဆန္ဒရှိနေပါတယ်။

မာရီယူပိုး ဒုတိယမြို့တော်ဝန် Sergei Zakharov က ‘အစ္စရေးဟာ ၎င်းတို့ နိုင်ငံ လုံခြုံရေးအတွက် Iron Dome နည်းဗျူဟာမြောက် လေကြောင်းကာကွယ်ရေး စနစ်ကို အသုံးပြုပါတယ်။ ဒါကို ကျွန်တော်တို့ ရွေးချယ်လိုပါတယ်” လို့ မီဒီယာတစ်ခုဖြစ်တဲ့ Topcor ကို ပြောကြားခဲ့ပါတယ်။

ရာဖေးလ်ကုမ္ပဏီမှ ထုတ်လုပ်တဲ့ Iron Dome ဟာ ကမ္ဘာပေါ်တွင် အများဆုံး အသုံးပြုသည့် ဒုံးကျည်ကာကွယ်ရေးစနစ်ဖြစ်ပြီး ကြားဖြတ်တိုက်ခိုက်မှုပေါင်း ၂၅၀၀ ကျော်နှင့် အောင်မြင်မှုနှုန်း ၉၀% ကျော်ရှိသည်တယ်လို့ ဆိုပါတယ်။

ဒီစနစ်ဟာ ရွေ့လျှားနေတဲ့ စစ်တပ်တွေ၊ ကြိုတင်ပြင်ဆင်ထားတဲ့ အခြေစိုက်စခန်းတွေ နှင့် မြို့ပြဒေသများရှိ ကျယ်ပြန့်သောဧရိယာကို လေကြောင်းကာကွယ်မှုများအတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Iron Dome စနစ်မှ ကျရောက်လာသော ဒုံးကျည်များကို ကြားဖြတ်နေပုံ

၂၀၀၆ ခုနှစ် လက်ဘနွန် ဒုတိယစစ်မှာ ဟစ်ဘိုလာတွေဟာ အစ္စရေးကို ဒုံးကျည်ပေါင်း ၄၀၀၀ လောက် ပစ်ခတ်ခဲ့ရာကနေ Iron Dome စနစ်ကို ဖန်တီးဖို့ စီစဉ်ခဲ့ပါတယ်။

၂၀၀၇ ခုနှစ် ဖေဖော်ဝါရီမှာ ထုတ်လုပ်ဖို့ စတင်ခဲ့ပြီး ၂၀၀၈ ခုနှစ် ဇူလိုင်လမှာ ပထမဆုံး စမ်းသပ်ခဲ့ပါတယ်။ ၂၀၁၀ ဇူလိုင်လမှာတော့ နောက် ဆုံး စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီး ၂၀၁၁ ခုနှစ် မတ်လမှ နိုင်ငံ့ကာကွယ်ရေးအဖြစ် တပ်ဆင်ခဲ့ပါတယ်။

အစ္စရေးနိုင်ငံသားများကို Iron Dome အကြောင်း စတင်ကြေငြာခဲ့စဉ်က ယခုကဲ့သို့ ထိရောက်မည်ဟု မထင်ခဲ့ကြပါဘူး။

Iron Dome ဟာ ၇၀ ကီလိုမီတာ ဧရိယာအတွင်း ဒရုန်း၊ မော်တာ၊ ဒုံးကျည် နှင့် ၁၅၅ မီလီမီတာ အမြှောက်ဆံတွေ အပါအဝင် မည်သည့် ပျံ့သန်းနေသည့် အရာမဆို ဟန့်တားနိုင်ပါတယ်။

၂၀၂၁ ခုနှစ် မေလ ၆ ရက်နေ့မှ ၂၁ နေ့အထိ CBS သတင်းဌာန အဆိုအရ ဟားမတ်စ် ဘက်မှ ဒုံးကျည်ပေါင်း ၃၁၅၀ ကျော်ထိ ပစ်လွှတ်ခဲ့ပြီး အဲဒီ့အထဲက ၉၀% ကျော်ကို ဟန့်တားနိုင်ခဲ့တယ်လို့ သိရပါတယ်။

ယခုလို ထိရောက်မှုရှိကာ စိတ်ချရသည့် Iron Dome လေကာစနစ်ကို ယူကရိန်းအနေဖြင့် ရုရှားနယ်စပ်တွင် အသုံးပြုလိုသည်မှာ အဆန်း တော့ မဟုတ်ပါ။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *