ယနေ့ တနေ့လုံး ဖြစ်ပွားခဲ့သည့် ယူကရိန်း-ရုရှား အရေးမှ ထွက်ပေါ်လာသည့် သတင်းအတိုအစများကို ကြည့်ခြင်းအားဖြင့် တကမ္ဘာလုံး အတိုင်းအတာအနေဖြင့် တုန့်ပြန်မှုများကို သိရှိနိုင်မှာ ဖြစ်ပါတယ်။
5:53 AM : အိမ်ဖြူတော်မှ လွှတ်တော်သို့ ယူကရိန်း ပြဿနာအတွက် ဒေါ်လာ ၆.၄ ဘီလီယံ တောင်းခံ။ ၂.၉ ဘီလီယံမှာ လုံခြုံရေးနှင့် လူသားခြင်း စာနာမှု အကူအညီဖြစ်ပြီး ၃.၅ ဘီလီယံမှာ ကာကွယ်ရေးအတွက်ဖြစ်
6:00 AM : ယူကရိန်းသမ္မတမှ ရုရှားဟာ Kyiv မြို့တော်ကို တညလုံး အကြီးအကျယ် စစ်ဆင်လိမ့်မယ်လို့ ပြော။
6:41AM : Odesa ဆိပ်ကမ်းအနီးတွင် အရပ်ဖက် သင်္ဘောနှစ်စင်းကို ရုရှားမှ ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့လို့ သိရ။
6:46 AM : ဩစတေးလျမှ ရုရှားအပေါ် နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုတွင် ပူးပေါင်းမည်။
7:05 AM : ကုလသမ္မက အတွင်းရေးမှူးချုပ်မှ ရုရှားစစ်သည်များကို စစ်တန်းလျားသို့ ပြန်သင့်ဟု ပြော။
7:08 AM : ဂွာတီမာလာ နိုင်ငံမှ ရုရှား၏ ကျူးကျော်စစ်ကို ဆန့်ကျင်သည့် အနေဖြင့် သံအမတ်ကို ပြန်လည်ခေါ်ယူ။
8:07 AM : ကုလသမ္မဂ လုံခြုံရေးကောင်စီ၏ ယူကရိန်း သံအမတ်က ရုရှား၏ ကျူးကျော်မှုကို နာဇီပုံစံ လုပ်ရပ် ဟုဆို
8:52 AM : ယူကရိန်း Kyiv မြို့တော်တွင် အမြောက်သံ များစွာ ကြားရဟု တွေ့ရှိသူက ပြော။
9:02 AM : Kyiv ရှိ စစ်ဘက်အခြေစိုက်စခန်းများအား ရုရှား၏ တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့တယ်လို့ ယူကရိန်း စစ်ဘက်ကပြော။
10:06 AM : ဂျပန်မှ ဘီလာရုစ်နိုင်ငံကိုပါ စီပွားရေး ပိတ်ဆို့ရန် စဉ်းစားနေ
10:49 AM : Meta (Facebook) မှ ရုရှားအား လူမှုကွန်ယက်မှ ကြော်ငြာများ ပြသ စီးပွားရှာခွင့်ကို ပိတ်ပင်လိုက်။
11:07 AM : ရုရှားတပ်များနှင့် ယူကရိန်းတပ်များ Kyiv မြို့တော် အပြင်ဘက်နားတွင် တိုက်ပွဲပြင်းထန်။ မြို့နေ လူထုကို မြို့အား အတူတကွ ကာကွယ်ရန် တောင်းဆိုထား။
12:14 PM : ရုရှားမှ ပင်လယ်နက် အတွင်းမှ Kalibr ခရုဇ် ဒုံးကျည်များဖြင့် Sumy၊ Poltava နှင့် Mariupol အနီးတဝိုက်သို့ ပစ်ခတ်တိုက်ခိုက်။
12:30 PM : Kyiv မြို့တော်အတွက် အဆိုးဆုံးညတည ဖြစ်ခဲ့ပြီး လူတွေဟာ တညလုံး ကောင်းကောင်း မအိပ်ရသည့်အပြင် မြေအောက်တွင် ပုန်းအောင်းနေရ။ရုရှားလေတပ်မှ ဗုံးကြဲသည့်အပြင် ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်။
12:46 PM : ဘိုင်ဒင်မှ ယူကရိန်းဟာ ဒေါ်လာ သန်း ၆၀၀ တန်ဖိုးခန့် စစ်ဘက်ဆိုင်ရာ အကူအညီပေးရန် လက်မှတ်ရေးထိုးပြီး သန်း ၂၅၀ ကို ချက်ချင်း ကူညီသွားမယ်ဟု သိရ။
1:00 PM : ယူကရိန်း သမ္မတမှ နောက်ဆုံး အချိန်အထိ လက်နက်မချဘဲ ပြန်လည် ခုခံသွားမယ်လို့ဆို။
1:19 PM : ရုရှားဟာ ယူကရိန်း စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ခရုဇ်ဒုံးကျည်များဖြင့် တိုက်ခိုက်။ ယူကရိန်း Melitopol မြို့ကို ရုရှားက သိမ်းပိုက်နိုင်ခဲ့။
1:30 PM : ရုရှားမှ အာကာသ မစ်ရှင်များအတွက် ပြင်သစ်တွင် လုပ်ဆောင်နေရာမှ ရပ်ဆိုင်း။
1:45 PM : ပိုလန်၊ ဂျာမနီနှင့် လစ်သူရေးနီးယား နိုင်ငံတို့ ရုရှားနိုင်ငံအား စီပွားရေး ပိတ်ဆို့နိုင်ရန်ဆွေးနွေးနေ။
2:14 PM : Kyiv လေဆိပ် အနီးရှိ ထပ်မြင့် လူနေအဆောက်အဦး တလုံး ရုရှား၏ ဒုံးကျည် ထိမှန်ခံရ။ ကယ်ဆယ်ရေးများ သွားနေ။
2:30 PM : ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးမှ ရုရှားအား ရေနံရောင်းချခွင့် ပိတ်ပင်ရန် တောင်းဆို
2:45 PM : ရုရှားဘက်မှ ယူကရိန်း၏ စစ်ဘက်ဆိုင်ရာ အဆောက်အဦးပေါင်း ၈၀၀ လောက်ကို ဖျက်ဆီး နိုင်ခဲ့တယ်လို့ ဆို။ထိုအထဲတွင် လေယာဉ်ကွင်း ၁၄ ခု၊ စစ်ဆင်ရေးစခန်း ၁၉ ခု၊ S-300 လေကာ ၂၄ ခု နှင့် ရေဒါ စခန်း ၄၈ ခု ပါဝင်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် ယူကရိန်း ရေယာဉ် ၈ စင်းလည်း ထိမှန်ခဲ့တယ်လို့ပြော။
3:01 PM : ယူကရိန်း သမ္မတမှ Kyiv မြို့တော်ဟာ ယူကရိန်း ထိန်းချုပ်မှု အောက်မှာရှိနေ သေးတယ်လို့ ပြော
3:17 PM : ယူကရိန်း သံရုံး ဝန်ထမ်းတဦး မော်စကိုမှ လတ်ဗီးယားနိုင်ငံ သို့ ထွက်ပြေး ခိုလှုံလာတယ်လို့ လတ်ဗီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြော
3:30 PM : ယူကရိန်း သမ္မတမှ EU အဖွဲ့ဝင် ဖြစ်ရေး ဆက်လက် တောင်းဆို။
3:46 PM : ရုရှားမှ ပြည်တွင်း မီဒီယာ ၁၀ ခုကို သတင်းမှား ဖြန့်သည်ဟု စွပ်စွဲကာ Dozhd နှင့် Echo of Moscow radio တို့ကဲ့သို့ ရုပ်သံလိုင်းများကို ရုရှားအား မကောင်းပြောသည့် သတင်းများအား ဖယ်ရှားရန်နှင့် မဖယ်ရှားပါက ဝက်ဘ်ဆိုက်များနှင့် မီဒီယာ ကဏ္ဍများ ကန့်သတ်ခံရမည်ဟု ခြိမ်းခြောက်။
ရုရှားနှင့် ပတ်သက်သည့် သတင်းများတွင် ယူကရိန်းအား “တိုက်ခိုက်ကျူးလွန်ခြင်း၊ ကျူးကျော်ခြင်း သို့မဟုတ် စစ်ကြေငြာခြင်း” စသည့် စကားလုံးများအား အသုံးမပြုရန် တားမြစ်။
4:00 PM : မြို့တော် Kyiv ၏ ဘူတာရုံများတွင် လူများ ပြည့်နှက်နေပြီး စစ်သားများဟာ တည်ငြိမ်စေဖို့ မိုးပေါ် ထောင်ပြီး ပစ် ဖောက်နေရပါတယ်။
၁ သိန်းထက်ပိုတဲ့ ယူကရိန်းများဟာ နီးစပ်ရာ အိမ်နီးချင်းနိုင်ငံတွေဆီ ရောက်ရှိသွားပြီး ဖြစ်ပြီး ကုလသမ္မဂက လူဦးရေ ၅ သန်းလောက်အထိ တိုင်းပြည်ကနေ ထွက်ပြေးနိုင်တယ်လို့ မှန်းဆ ထားပါတယ်။
4:09 PM : ယူကရိန်း ကျန်းမာရေးဝန်ကြီးမှ ရုရှား၏ ကျူးကျော်မှုကြောင့် အရပ်သား ၁၉၈ ယောက် ဆုံးပါးခဲ့ကာ ၁,၁၁၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရမှုအတွင်း ကလေး ၃၃ ယောက် ပါဝင်ပြီး အသက်ဆုံးရှုံးမှုတွင် ကလေး ၃ ယောက် ပါဝင်တယ်လို့ သိရပါတယ်။
4:21 PM : ယူကရိန်းလူမျိုး ဒါဇင်ပေါင်းများစွာဟာ Mariupol ဆေးရုံသို့ သွေးလှူရန် သွားရောက် နေကြပါတယ်။
4:32 PM : ပိုလန်နိုင်ငံ၏ ဘောလုံးအသင်းဟာ ရုရှားနှင့် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ သတင်းထုတ်ပြန်
4:56 PM : ယူကရိန်း အရှေ့တောင်ဘက် Zaporizhzhia မြို့ပြင်တွင် ရုရှားမှ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေ။
5:05 PM : ရုရှားစစ်တပ်မှ တိုက်ခိုက်မှုကြောင့် ယူကရိန်းတောင်ပိုင်းနှင့် အရှေ့ပိုင်း၏ အချို့နေရာများတွင် အင်တာနက် ချိတ်ဆက်မှုဟာ ဆိုးဆိုးရွားရွား သက်ရောက်လာ။
5:24PM : ယူကရိန်းမှ ကြက်ခြေနီအဖွဲ့ကို ရုရှားစစ်သား DB များအား ရှင်းလင်းရန် တိုက်တွန်း။ ယူကရန်းမှ ရုရှားစစ်သည့် ၃,၅၀၀ လောက်အထိ ကျဆုံးပြီး ဖြစ်သည်ဟု ဆိုသော်လည်း ရုရှားမှ ဝန်ခံထားခြင်း မရှိသေး။
5:30 PM : ပြင်သစ် ရေတပ်မှ အင်္ဂလိပ် ရေလက်ကြား အတွင်းမှ ဖြတ်သန်းလာသည့် ၁၂၇ မီတာ ရှိသည့် ရုရှား အလံတင် ကုန်တင်သင်္ဘော “Baltic Leader” ကို ဖမ်းဆီးထိန်းသိမ်းလိုက်။ ယူကရိန်းမှ အခြားနိုင်ငံများသို့ ထွက်ပြေး ခိုလှုံသူ ၁၂၀,၀၀၀ အထိ ရှိလာ။
5:55 PM : ယခင်က ရုရှား၏ ကျူးကျော်မှုကို ခံရဖူးသည့် ဂျော်ဂျီယာနိုင်ငံမှ ယူကရိန်း နှင့် တသားထဲဖြစ်သည်ဟု ပြော။
6:04 PM : ပိုလန်နိုင်ငံသို့ ယူကရိန်း နိုင်ငံသား ၁ သိန်းလောက်အထိ ဝင်ရောက်လာပြီး ဖြစ်တယ်လို့ သိရ။
6:11 PM : ၂၀၀၈ ခုနှစ်မှ ၂၀၁၂ နှစ်အထိ သမ္မတ ရာထူး၊ ၂၀၁၂ မှ ၂၀၂၀ အထိ ဝန်ကြီး ချုပ်ရာထူး ထမ်းဆောင်ဖူးသည့် Dmitry Medvedev က ရုရှားအနေဖြင့် အနောက်နှင့် သံတမန်ရေးရာ ဆက်ဆံရေး ရှိစရာ မလိုဘူးလို့ ပြော။
6:28 PM : Kyiv မြို့တော်ဝန်မှ ပိုပြီးတင်းကျပ်သည့် ညနေ ၅ နာရီမှ ၈ နာရီအတွင်း အပြင်မထွက်ရ အမိန့် (curfew) ထုတ်။
6:33 PM : ပြင်သစ် သမ္မတ Emmanuel Macron မှ ရုရှား-ယူကရိန်း စစ်ပွဲဟာ ကြာရှည် လိမ့်မယ်လို့ သတိပေးထားပါတယ်။
6:45 PM : လူပေါင်း ၁၆၀,၀၀၀ လောက်ကို ရွေ့ပြောင်းပေးခဲ့ရတယ်လို့ UNHCR က ပြောပါတယ်။
7:00 PM : ယူကရိန်း စစ်ဘက်မှ ရုရှား စစ်တပ်ကို တားဆီးနိုင်ရန် နိုင်ငံသားများကို အတားအဆီးများ တည်ဆောက်ပြီး နှင့် ဓာတ်ဆီပုလင်းများ အသုံးပြုရန် ပြော
7:34 PM : တူရကီနိုင်ငံမှ ရုရှား၏ ထိုးစစ်ကို ရပ်တန့်ရန် တောင်းဆို
7:45 PM : အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကင်မှ ယူကရိန်းအပေါ် စစ်ဘက်ဆိုင်ရာ အကူအညီပေးရန် အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကို စစ်တပ်မှ ထုတ်ယူဟုဆို။ယခင်က သန်း ၆၀၊ သန်း ၂၅၀ ဖြင့် နှစ်ကြိမ် ထုတ်ယူပြီး ယခု အကြိမ်ဟာ တတိယအကြိမ်ဖြစ်
7:49 PM : ဟန်ဂေရီနိုင်ငံမှ ရုရှားနှင့်ပတ်သက်လို့ EU မှ ချမှတ်သည့် ပိတ်ဆို့မှု မှန်သမျှကို ထောက်ခံပေမယ့် ၎င်းကတော့ ဒဏ်ခတ်မှုတွင် ပါဝင်မှာ မဟုတ်ဘူးလို့ဆို။
8:07 PM : ရုရှားမှ ယူကရိန်းနှင့် ဆွေးနွေးရာတွင် အောင်မြင်မှု မရရှိသဖြင့် ထိုးစစ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆို
8:26 PM : ရုရှားမှ ၎င်း၏ လေပိုင်နက်အတွင်း ချက်သမ္မတနိုင်ငံ၊ ဘူဂေးရီးယားနိုင်ငံ နှင့် ပိုလန် နိုင်ငံမှာ လေယာဉ်များ ဖြတ် သန်းခွင့် ပိတ်။ ပိုလန်နိုင်ငံဟာ ရုရှား လေကြောင်းလိုင်းအား ပထမဆုံး ပိတ်ပင်သည့် နိုင်ငံ ဖြစ်။
8:30 PM : ယူကရိန်း သမ္မတမှ တူရကီ၏ စစ်ဘက်ဆိုင်ရာနှင့် လူသားချင်း စာနာ ထောက် ထားမှု အကူအညီများ ပေးအပ်မှုကို ကျေးဇူးတင်ကြောင်းပြော
8:45 PM : ရုရှား၏ မိတ်ဖက် ချေချင်းညာမှ chenchen တပ်ဖွဲ့တွေ ယူကရိန်းသို့ ဝင်ရောက်လာ
9:02 PM : ယူကရိန်းအား EU အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုဖို့ အချိန်မဆွဲဘဲ ချက်ချင်း လုပ်ဆောင်ဖို့ လိုနေကြောင်း ပိုလန် သမ္မတ တိုက်တွန်း။
9:08 PM : ယူကရိန်းဟာ ရုရှားနှင့် ဆွေးနွေးဖို့ လမ်းဖွင့်ထားပေမယ့် “ရာဇသံ” လို ပုံစံ မျိုးကို လက်ခံမှာ မဟုတ်ကြောင်း သမ္မတ၏ အကြံပေးမှ ပြော။
9:19 PM : အမေရိကန်ဘက်မှ ရုရှားတပ်ဖွဲ့များဟာ ယူကရိန်းရဲ့ ပြတ်သားတဲ့ စိတ်ဓာတ်နှင့် ခုခံမှုကြောင့် ပင်ပန်းပြီး စိတ် ပျက် နေတယ်လို့ ဆိုပါတယ်။
9:30 PM : ရုရှားလေယာဉ်များ ဖြတ်သန်းခွင့်ကို ပိတ်ပင်ရာတွင် လစ်သူရေးနီးယား၊ လတ်ဗီးယား၊ အစ္စတိုနီးယားနှင့် ရိုမေးနီးယားတို့ပါ ပါဝင်လာ။ ရုရှားနှင့် အတူ ယူကရိန်းကျူးကျော်မှုတွင် ပါဝင်သဖြင့် ဗြိတိန်မှ ဘီလာရုစ် နိုင်ငံ၏ ဘစ္စကတ်ဘော အသင်း၏ ဗီဇာ အား ရပ်တန့်
9: 50 PM : ရုရှား၏ ကာကွယ်ရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက် အပါအဝင် ဝက်ဘ်ဆိုက် တော်တော်များများ တိုက်ခိုက်ခံရမှု အပေါ် Anonymous အဖွဲမှာ ၎င်းတို့ လက်ချက်ဟုဆို
9:52 PM : ယူကရိန်း ကျေးလက်ဒေသများတွင် တင်းမာမှုများ ဖြစ်ပေါ်နေပြီး လက်ရှိ အခြေအနေကို အခွင့်ကောင်းယူကာ လုပ်ဆောင်နေတဲ့ အဖျက်သမားများကို လိုက်ရှာနေတယ်လို့ သိရပါတယ်။
စစ်ဆေးရေးဂိတ်များ၊ အတားအဆီးများ နှင့် အရံ တပ်ဖွဲ့များကို ဒီ့အတွက် ထားရှိပြီး သူတို့ကို ကြည့်ရတာ စိတ်ဖိစီးနေပုံရတယ်လို့ Al Jazeera သတင်းထောက် Andrew Simmons ကပြောပါတယ်။
10:05 PM : မြန်မာ စံတော်ချိန် 3:30 PM လောက် ကတည်းက ရုရှားတွင် Twitter အသုံးပြုမှုကို ပိတ်ပင်လိုက်တယ်လို့ သိ ရပါတယ်။
10:30 PM : အမေရိကန်မှ ဒီမနက်မှာတင် ရုရှားမှ ယူကရိန်းနိုင်ငံထဲကို ၂၅၀ ထက်ပိုတဲ့ ဒုံးကျည်များ ပစ်လွှတ်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ဘိုင်ဒင်ဟာ နိုင်ငံတကာ ငွေကြေးလွှဲပြောင်းမှု စနစ် SWIFT မှ ရုရှားအား ဖယ်ထုတ်ရန် အလေးအနက် စဉ်း စားနေ။
အခုထဲ SWIFT ကိစ္စဟာ Kyiv မြို့တော် မကျခင် လုပ်မှာလား ကျပြီးမှ လုပ်မှာလား မသေချာသေးပေမယ့် အီတလီကတော့ လုပ်ဖြစ်ရင် အပြည့်အဝ ပါဝင်မယ်လို့ ပြောပါတယ်။
10:40 PM : ရုရှား ထိုးစစ်ဟာ ယာယီအားဖြင့် နှေးကွေးသွားတယ်လို့ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
10:45 PM : အပြင်းထန်ဆုံး တိုက်ပွဲများဟာ ယူကရိန်း မြောက်ပိုင်း Kharkiv မြို့တွင်းနှင့် တဝိုက်မှာ ဖြစ်တယ်လို့ အမေရိကန် အကြီးပိုင်း စစ်ဘက် အရာရှိများက ပြောပါတယ်။
ယူကရိန်းတောင်ပိုင်းမှာတော့ ခုခံမှုတွေ အားနည်းတယ်လို့လည်း ဆိုပါတယ်။
10:52 PM : ဘီလာရုစ်တွင် ဆွေးနွေးရန် ယူကရိန်းမှ ငြင်းဆန်သဖြင့် ရုရှား ကြည်းတပ်ကို ယူကရိန်းအား နေရာပေါင်းစုံမှ တိုးချဲ့တိုက်ခိုက်ရန် အမိန့်ပေးထားဟု ရုရှားကြည်းတပ်၏ ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov မှဆို။
11:07 PM : ယူကရိန်းကို ကျူးကျော်ဖို့ ပူတင် စုဆောင်းခဲ့တဲ့ ရုရှားစစ်သည်များရဲ့ ထက်ဝက်ကျော်ဟာ ယူကရိန်း နိုင်ငံထဲကို ရောက်ရှိနေပြီလို အမေရိကန် စစ်ဘက်ကပြောပါတယ်။
လက်ရှိ ရုရှားတပ်တွေဟာ Kyiv မြို့လယ်ခေါင်၏ မြောက်ဘက် မိုင် ၂၀ ထက် နည်းတဲ့ အကွာအဝေးလောက်မှာ ရောက်နေပြီလို့ ခန်မှန်းထားပါတယ်။
11:20 PM : ရုရှားဟာ အရပ်သား အဆောက်အအုံများကို တိုက်ခိုက်ခဲ့သည့်အတွက် အပြင်း အထန်ရှုံ့ချဟု EU မှဆို
11:29 PM : အများမြင်တွေ့ခဲ့ရသည့် အရပ်သား လူနေ ထပ်မြင့်တိုက်အား ဒုံးကျည်ဖြင့် တိုက်ခိုက် မှုတွင် ၂ ယောက် အ သက် ဆုံးရှုံးခဲ့ပြီး ၆ ယောက် ဒဏ်ရာရဟု ယူကရိန်းမှ ကြေငြာ။
11:35 PM : ဂျာမနီမှ ယူကရိန်းအား လက်နက်ထောက်ပံ့မှု ခွင့်မပြုခြင်းအား ပြန်လည် ရုတ်သိမ်းပေး။ ထို့ကြောင့် နယ်သာလန်မှ RPG ၄၀၀ လောက် ပေးပို့နိုင်မည် ဖြစ်။
ခရိုင်းမီးယားအား ရုရှားမှ သိမ်းပိုက်ခဲ့ပြီးနောက် သောက်သုံးရေ ဖြတ်တောက်ရန် ယူကရိန်းမှ ပိတ်ဆို့ထားသည့် ရေကာတာအား ဖြိုချ။
11:50 PM : မဟာဗျူဟာအရ အရေးပါသည့် Mykolaiv မြို့တဝိုက် အမြောက်ဆံ များစွာ ကျရောက်ပြီး လက်နက်ငယ်များစွာ ပစ်ခတ်သံများ ကြားရ
11:55 PM : ရုရှားနိုင်ငံအနှံ့ မြို့ပေါင်း ၂၇ မြို့တွင် စစ်ဆန့်ကျင်ရေး ဆန္ဒပြနေကြပြီး လူပေါင်း ၂,၆၉၂ ယောက်အထိ အထိန်းသိမ်းခံရ
11:58 PM : ရုရှား၏ သံချပ်ကာ ယန္တရားတပ်ဖွဲ စစ်ကြောင်းကြီး တကြောင်းအား အပြင်းအထန် ခုခံနေသည့် Khakriv မြို့အနီး နယ်စပ်တွင် တွေ့ရ
သမိုင်းများနှင့် ဗဟုသုတများ page မှလွဲပြီး ကူးယူ ဖော်ပြခြင်း လုံးဝခွင့်မပြုပါ။ Knowledgeworms Copyright © 2022
Sources – Aljazeera/CNN/NBC
ရေးသားသူ – Aurora (Knowledgeworms team)