Jetpack နည်းပညာ နယ်ပယ်သစ်က လုံခြုံစိတ်ချရမှုထက် စိတ်လှုပ်ရှားစရာကောင်းတာ နဲ့ စွန့်စားမှု တို့နဲ့ ဆက်နွယ်နေပါတယ်။
မနှစ်က နာမည်ကြီး လေ့ကျင့်ရေး မတော်တဆမှု တစ်ခုကြောင့် စတန့်သမား Vincent Reffet ဆုံးရှုံးခဲ့ရခြင်း အပေါ် ဝမ်းနည်းဖွယ် မီးမောင်း ထိုးပြခဲ့ကြပါတယ်။
ဗြိတိန်မှ အင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့က ဒီခံယူချက်ကို Jetpack အသစ်တစ်စင်း တည်ဆောက်ပြီး ပြောင်းလဲပစ်ရန် စီစဥ်ခဲ့ပါတယ်။
အဆိုပါ Jetpack ဟာ လက်တွေ့မှာ ဘယ်သူမဆို ဝတ်ဆင်နိုင်ပြီး ချက်ချင်း ပျံသန်းနိုင်ဖို့ လုံလောက်တဲ့ လုံခြုံမှု ရှိတယ်ဟု ဆိုပါတယ်။
ဗြိတိန်အခြေစိုက် Maverick Aviation ကထုတ်လုပ်တဲ့ jetpack ဟာ ဆောက်လုပ်ရေး နှင့် ပြုပြင်ထိန်းသိမ်းမှုအတွက် ခက်ခဲသောနေရာတွေကို အင်ဂျင်နီယာများ လျင်မြန်လုံခြုံစွာ ရောက်ရှိဖို့ ကူညီရန် ဒီဇိုင်းထုတ်ခဲ့ခြင်း ဖြစ်ပါတယ်။
အဆိုပါ Jetpack တွင် ကယ်ဆယ်ရေး ၊ ကာကွယ်ရေး ၊ လုံခြုံရေး နှင့် ဖျော်ဖြေရေး အပါအဝင် တခြားအလားအလာ ရှိတဲ့ application များလည်း ပါရှိတယ် ဟု Maverick Aviation ရဲ့ ပူးတွဲတည်ထောင်သူ နှင့် အမှုဆောင်အရာရှိချုပ် Quinn က အီးမေးလ်ဖြင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ပါတယ်။
လုံခြုံမှုကိုဦးစားပေးတဲ့ jetpack တည်ဆောက်ခြင်း
Quinn နှင့် သူ့အဖွဲ့ဟာ Maverick Aviation jetpack ကို လုံခြုံစိတ်ချရမှုကို ဦးစားပေး တီထွင်ခဲ့ကြပါတယ်။
အဆိုပါ Jetpack တွင် အသုံးပြုသူများကို လုံခြုံစိတ်ချစွာ လမ်းညွှန်မောင်းနှင်နိုင်ဖို့ autopilot စနစ်ကို အသုံးပြုထားပါတယ်။
ဥပမာ လောင်စာနည်းလာလျှင်ဘဲ ဖြစ်ဖြစ် Jetpack ဟာ မြေပြင်ပေါ်သို့ ညှင်သာစွာ အလိုအလျောက် ဆင်းသက်ပေးပါတယ် ဟု Quinn ကရှင်းပြပါတယ်။
လောင်စာဆီ စီးဆင်းဖို့အတွက် အင်ဂျင်တစ်လုံးချင်းစီကို သေချာစွာ ထိန်းချုပ်ထားပြီး လောင်စာဆီ ကို အထိရောက်ဆုံး သေချာစွာ အသုံး ပြုနိုင်ဖို့ နည်းလမ်းတစ်ခုကို တီထွင်ခဲ့တယ် ဟု ဆိုပါတယ်။

အဆိုပါ Jetpackဟာ ကြိုးသိုင်းတပ်ရန် နှင့် ပျံသန်းရန် လွယ်ကူစေပါလိမ့်မယ် ၊ သို့ပေမဲ့ ပုံမှန်အသုံးပြုရန် ရည်ရွယ်ထားတဲ့ ကျွမ်းကျင်သူများအနေနဲ့ အခြေခံကျတဲ့ လေ့ကျင့်မှု တစ်ချို့ လိုအပ်ပါတယ်။
မည်သူမဆို ၎င်း Jetpack ကို ဝတ်ဆင်လိုက်တာနဲ့ ပျံသန်းနိုင်တယ် ဟု Quinn ကပြောပါတယ်။
သို့သော် ၊ စက်မောင်းသမားအနေနဲ့ ကွဲပြားခြားနားသော ပျံသန်းမှု ပုံစံအားလုံးကို လုံခြုံစိတ်ချစွာအသုံးပြုနိုင်ရန် နှင့်အရေးပေါ် အခြေအနေကို ကိုင်တွယ်ဖို့အတွက် ကွန်ပျူတာမှ ထိန်းချုပ်ပုံကို သိရှိစေရန် သင်တန်းများပေးပါလိမ့်မည်ဟု ပြောပါတယ်။
Quinn ရဲ့အဆိုအရ အဆိုပါသင်တန်းဟာ ရက်အနည်းငယ်အတွင်း ပြီးမြောက်နိုင်တယ် ဟုဆိုပါတယ်။
ကုမ္ပဏီဟာ ၎င်းတို့ Jetpack အသုံးပြုသူများအတွက် အမြန်တက်မြောက်ဖို့အတွက် virtual reality(VR) လေ့ကျင့်ရေးအစီအစဥ်ကိုလဲ ထောက်ပံ့ပေးတယ် ဟု ဆိုပါတယ်။
Gravity Industries ရဲ့ jetpack နှင့်ဆင်တူတဲ့ Maverick Aviation စက်ဟာ ပျံသန်းရန် ဂျက်အင်ဂျင်လေးလုံးကို အသုံးပြုထားပါတယ်၊ ကိုယ်ထည်ကို ခိုင်ခံ့အောင် ပြုလုပ်ထားပြီး အချိန်တိုင်း autopilot မှ ဂရုတစိုက် ထိန်းညှိပေးပါတယ်။
Maverick Aviationရဲ့ Jetpack ဟာ တစ်နာရီ မိုင်၃၀ နှုန်းသွားနိုင်ပါတယ်။ လေးလံသောကုန်ပစ္စည်းများ သယ်ယူရန် လိုအပ်ပါက အဆိုပါ Jetpack ကို အရှိန်မြှင့်၍ အသုံးပြုသူအား ၃၀ ကီလိုဂရမ်အထိ သယ်ဆောင်ရန် ကူညီနိုင််တယ် ဟု Quinn ကပြောကြားခဲ့ပါတယ်။
အဆိုပါ Jetpack ဟာ ပုံမှန်ဒီဇယ်ဆီတွေနဲ့လည်း လည်ပတ်နိုင်ပါတယ်။
ကျွန်ုပ်တို့ဟာ ဒီJetpack ဒီဇိုင်းကို တီထွင်တာက မည်သူမဆို အလွယ်တကူ အသုံးပြုနိုင်ဖို့နဲ့ အလုပ်အကိုင်အမျိုးမျိုးအတွက် အသုံးပြုသူတွေအနေနဲ့ စမ်းသုံးကြည့်ရင် အကျိုးရှိဖို့ မျှော်လင့်တယ် ဟု Quinn က ဆိုပါတယ်။

မည်သူမဆို ဝတ်ဆင်အသုံးပြုရန်လွယ်ကူသော စက်ဟာ မည်သူ့ကိုမဆို ပတ်ဝန်းကျင်မှာ အကန့်အသတ်မရှိ ပျံသန်းခွင့်ပြုတဲ့ နည်းပညာတစ်ခုအဖြစ် Jetpack တီထွင်သူတွေရဲ့ ကတိအတိုင်း ကတိပေးပါလိမ့်မည်။
Jetpack တွေဟာ လက်တွေ့မှာ ထင်သလောက် စိတ်ဝင်စားဖွယ် ကောင်းမှာ မဟုတ်ပါဘူး။
ဥပမာအားဖြင့် Los Angeles တွင် Jetpack men ဆိုသူက LAX အထက်ပေ ၅၀၀၀ အမြင့်တွင် ခဏခဏပျံသန်းနေတာ တွေ့ရသဖြင့် FBI ရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပါသေးတယ်။
Maverick Aviation ကုမ္ပဏီဟာ အဆိုပါ Jetpack နည်းပညာကို လုံးဝ ကွဲပြားခြားနားသောနည်းလမ်းတစ်ခုဖြင့် အခမဲ့သတ်မှတ်ရန် ဆန္ဒရှိနေပါတယ်။
၎င်းဟာ ကမ္ဘာတစ်ဝှမ်းလုံးရှိ လုပ်ငန်းအမျိုးမျိုးက ကျွမ်းကျင်ပညာရှင်တွေကို အနည်းဆုံးလေ့ကျင့်မှုဖြင့် လုံခြုံစွာ ပျံသန်းနိုင်ရန်အတွက် ဖြစ်ပါတယ် ဟုဆိုပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။