လေကြောင်းလိုင်းအချို့ရဲ့ လေယာဉ်ပေါ် မှာ ခုံနံပါတ် (၁၃) မပါတဲ့အကြောင်း

Knowledge

လေယာဉ်ထိုင်ခုံ မြေပုံကို သင်ကြည့်ဖူးပါသလား ဒါမှမဟုတ် လေယာဉ်ပေါ်ရှိထိုင်ခုံ နံပါတ်များကို သတိပြုမိပါသလား ။ ထိုင်ခုံအတန်း နံပါတ် ၁၃ မှာ ပျောက်နေတယ်ဆိုတာ‌ရော သတိပြုမိပါသလား။

ဒီအလေ့အကျင့်ဟာ ကမ္ဘာတစ်ဝှမ်း လေကြောင်းလိုင်းအများအပြားက နံပါတ် ၁၃ ဟာ ကံမကောင်းဘူးဆိုတဲ့ အယူသည်းတဲ့ ယုံကြည်ချက်‌ ကြောင့်ပဲဖြစ်တယ်။

နံပါတ် ၁၃ ဟာ ကံမကောင်းကြောင်း ယဉ်ကျေးမှုများစွာကတည်းက ကြာမြင့်စွာပင် ယုံကြည်လာခဲ့ကြတာပါ။ များစွာသောလေကြောင်းလိုင်းများဟာ သူတို့ရဲ့ထိုင်ခုံနံပါတ် ၁၃ ကို ဖျောက်ထားပြီး ထိုင်ခုံအတန်း နံပါတ် ၁၂ ပြီး ၁၄ လို့ ရိုးရှင်းစွာနဲ့ ဖော်ပြထားပါတယ်။

၎င်းအယူသီးသောယုံကြည်မှုအပေါ် အခြေခံပြီး ထိုကဲ့သို့ပြောင်းလဲမှုပြုလုပ်ထားတာဟာ ထူးဆန်းပုံရပါတယ်။ လေယာဉ်ပျံပေါ်ရှိ ခရီးသည်များလုံခြုံရေးအတွက် ဆုံးဖြတ်ချက်များနှင့်လုပ်ငန်းစဉ်အများစုကို ကောင်းစွာ စဉ်းစားထားပြီးသားပါ။

အကယ်၍ ထိုင်ခုံအတန်း ၁၂ နှင့် ၁၄ တွင် လုံခြုံမှုရှိပါကလည်း ၁၃ သည်လည်း အလားတူဖြစ်ကြောင်း သင်သေချာစွာပြောနိုင်မှာဖြစ်ပါတယ်။ 

သို့သော်အခြားတစ်ဖက်တွင်မူ ခရီးသည်များကို အနည်းငယ် ပိုလုံခြုံမှုရှိစေရန် အဘယ်ကြောင့် ဒီလုပ်ပြုလုပ်ရပါသလဲ။

အကယ်၍ အချို့က ၁၃ နံပါတ်ကို ကံမကောင်းသည်ဟု ယုံကြည်ကြပါက ထိုနေရာတွင် ထိုင်ခုံတစ်ခုစီချထားခြင်းသည်လည်း သူတို့အတွက် အလွန်အဆင်ပြေမည်မဟုတ်ပါ။ အဆုံးမှာတော့ ဒါဟာ သေးငယ်တဲ့ပြောင်းလဲမှုလေးပါပဲ။

ဘယ်လေကြောင်းလိုင်းတွေက ဒါမျိုးလုပ်ကြသလဲ။

လေကြောင်းလိုင်းတော်တော်များများက ဒီအလေ့အကျင့်ကို လိုက်နာကြပါတယ်။  အချို့သော အဓိကလေကြောင်းလိုင်းများကို ဥပမာပေးပါရစေ။ (ဤသည်မှာ ပြည့်စုံသောစာရင်းမဟုတ်ပါ)

ဥရောပတွင် Iberia၊ Lufthansa၊ Air France, Alitalia နှင့် Ryanair လေကြောင်းလိုင်း အားလုံး ထိုင်ခံအတန်းနံပါတ် ၁၃ ကို ကျော်ထားပါတယ်။

သို့သော် ထင်ရှားသောခြွင်းချက်များလည်း ရှိပါ‌‌တယ်။
ဥပမာ ဗြိတိန်ရှိ ထိပ်တန်းလေကြောင်းလိုင်းများထဲမှတစ်ခုဖြစ်တဲ့ Virgin Atlantic သာလျှင် ထိုင်အတန်း ၁၃ နံပါတ်ကို ကျော်ထားပြီး British Airways, easyJet နှင့် Jet2 .com တို့မှာတော့ ထိုင်ခုံ နံပါတ် ၁၃ ပါရှိပါတယ်။

ယူအက်စ်အတွက် ယူနိုက်တက်လေကြောင်းလိုင်းများ (လေယာဉ်အမျိုးအစား အများစု) နှင့် အလက်စကာလေကြောင်းလိုင်း(737-800မှာသာလျှင်) ထိုင်ခုံနံပါတ် ၁၃ ကို ကျော်ထားပါတယ်။

Delta ၊ အမေရိကန်လေကြောင်းလိုင်း နှင့်Southwest Airlines တို့မှာ‌တော့ ထိုသို့ လုပ်မထားကြပါဘူး။

အရှေ့အလယ်ပိုင်း၌ Qatar Airways and Emirates တို့မှာတော့ ထိုင်ခုံနံပါတ် ၁၃ ကို ကျော်ထားပါတယ်။

အာရှလေကြောင်းလိုင်းများဖြစ်တဲ့ Cathay Pacific ၊ Hong Kong လေကြောင်းလိုင်း၊ Thai Airways နှင့် စင်ကာပူလေကြောင်းတို့လည်း ထိုင်ခုံနံပါတ် ၁၃ ကို ကျော်ထားခြင်း ပြုလုပ်ထားပါတယ်။

၁၃- အချို့သူများအတွက် ကံမကောင်း

အဘယ်ကြောင့်  နံပါတ် ၁၃ ဟာ ကံမကောင်းရသလဲ။ ဘာကြောင့်သောကြာနေ့ ၁၃ ရက်ဟာ အချို့နေ့တွေမှာ မင်္ဂလာရှိတဲ့ဖြစ်နေတာလဲ။  နံပါတ် ၁၃ ကို ကြောက်ရွံ့ခြင်းအတွက်မှန်ကန်သောဝေါဟာရမှာ ‘triskaidekaphobia’ ဖြစ်ပါတယ်။

၁၃ ဂဏန်းကို ကံမကောင်းစွာ ထည့်သွင်းစဉ်းစားခြင်းနှင့် ပတ်သက်၍ အမြင်အမျိုးမျိုး ကွဲပြားနေပါတယ်။ ရှင်းပြချက်တစ်ခုမှာ‌တော့ ဘုရားသခင်ယေရှု၏ နောက်ဆုံးညစာ စားပွဲအတွက် စားပွဲ၌လူ ၁၃ ယောက်ရှိခဲ့ပြီး ယုဒ (ယေရှုကိုအပ်နှံသောတပည့်) သည် ထိုင်ခုံ ၁၃ ခုမြောက် ဖြစ်သည်ဟုယုံကြည်ကြတာပါ။

နောက်ထပ်ရှင်းပြချက်မှာတော့ Norse ဒဏ္ဍာရီနှင့် ဆက်စပ်နေပြီး ညစာစားစဉ် ၁၃ ယောက်မြောက် ဖိတ်ကြားထားခြင်းမရှိသော ဧည့်သည်ဟာ နတ်ဘုရား ၁၂ ပါး နှင့်ပူးပေါင်းခဲ့သည့်ပုံပြင်ဖြစ်ပါတယ်။  ဤ ၁၃ ယောက်မြောက် ဧည့်သည်ဟာ  Baldr ကိုသတ်ရန် God Hoor ကိုလှည့်စားခဲ့သောဘုရားသခင် Loki လို့ဆိုပါတယ်။

ဒီယုံကြည်ချက်ကို လိုက်လျှောက်တဲ့လူ ဘယ်လောက်ရှိသလဲဆိုတာ သိဖို့ခက်ပါတယ်။ သို့သော် နံပါတ် ၁၃ ကိုကျော်ရန် ရွေးချယ်သောလေကြောင်းလိုင်းများ သာမက ကမ္ဘာအဝှမ်းရှိ ဟိုတယ်များနှင့်ရုံးအဆောက်အအုံအတော်များများတွင်လည်း အထပ် ၁၃ ကို ကျော်လွှားကြပါတယ်။

Gallup က ၂၀၀၇ ခုနှစ်တွင် ပြုလုပ်ခဲ့သော စစ်တမ်းကောက်ယူချက်အရ ဟိုတယ်များတွင် လက်တွေ့လေ့လာခဲ့ရာမှာ ၁၃ ရာနှုန်း အမေရိကန် လူမျိုးတွေဟာ ၁၃ ထပ်ရှိ အခန်းတစ်ခန်းတွင်နေခြင်းဖြင့် စိတ်အနှောင့်အယှက်ဖြစ်သည်ကို တွေ့ရှိရပါတယ်လို့ ဆိုပါတယ်။

ခုံအတန်း 14 နှင့် 17 ပျောက်ဆုံးနေခြင်း

အယူသီးမှုအလေ့အကျင့်ကမ္ဘာတစ်ဝှမ်းကွာခြားပါတယ်။ အကယ်၍ဟာ အချို့သောနိုင်ငံများတွင် ခုံအတန်း (၁၃) ကိုလွဲချော်မည်ဆိုပါက လေကြောင်းလိုင်းများရဲ့ အခြား အယူသည်းမှုဆိုင်ရာ ယုံကြည်မှုများကိုတော့ လိုက်နာရပါမယ်

နံပါတ် ၁၇ သည် အချို့သောနိုင်ငံများ (အီတလီနှင့်ဘရာဇီးလ်) တွင် ရောမနံပါတ်များဟာ အဓိပ္ပာယ်ရှိသောကြောင့် ကံမကောင်းဟုယူမှတ်ကြပါတယ်။ ရောမနံပါတ်တွေဖြစ်တဲ့ XVII ၊ VIXI ဟာလက်တင်ဘာသာဖြင့် ‘ငါ့ဘဝကုန်ပြီ’လို့ ဆိုပါတယ်။

တရုတ်နှင့်အခြားအာရှနိုင်ငံများမှာ‌တော့ နံပါတ် ၄ ကို ကံမကောင်းဟု ယူမှတ်ကြပါတယ်။ တရုတ်ဘာသာတွင် ၎င်း၏အသံထွက် (‘si’) သည် သေခြင်းတန်ဖိုးနှင့်တူညီတယ်လို့ဆိုပါတယ်။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.