ရုရှားတို့၏ မအောင်မြင်သည့် တိုက်လေယာဉ် သို့မဟုတ် Su-33 Flanker-D

Article Military

ရုရှားလုပ် Su-33 Flanker-D လေယာဉ်တင် သင်္ဘောအခြေပြု တိုက်လေယာဉ်ဟာ ထိုင်ခုံတလုံးတပ် ဘက်စုံသုံး တိုက်လေ ယာဉ် တစင်းအဖြစ် သတ်မှတ်ထားပြီး AL-31F turbofan အင်ဂျင် ၂ လုံး တပ်ဆင်ထားပါတယ်။

လေယာဉ်ဟာ အမြင့်ဆုံး ၅၅,၈၀၀ ပေလောက်အထိ တက်ရောက်နိုင်ပြီး အမြန်နှုန်း တနာရီ ၁,၄၃၀ မိုင်လောက်အထိ ပျံသန်းနိုင်ကာ မိုင် ၁,၈၆၀ လောက်အထိ စစ်ဆင်နိုင်တယ်လို့ ဆိုပါတယ်။

ဒီလေယာဉ်ကို မြေပြင်အခြေစိုက် Su-27 Flanker တိုက်လေယာဉ်များမှ ဆင်းသက်လာတာ ဖြစ်ပြီး အထူးသဖြင့် ရုရှားတို့ ၏ တစင်းထဲသော Admiral Kuznetsov လေယာဉ်တင် သင်္ဘောတွင် အသုံးပြုရန် ဒီဇိုင်းဆွဲခဲ့တာ ဖြစ်ပါတယ်။

အသေးစိတ် အချက်အလက်အချို့

Su-27 နှင့် ဆင်တူပေမယ့် Su-33 ဟာ လေယာဉ်တင်သင်္ဘောနှင့် ကိုက်ညီဖို့ ပိုမို တောင့်တင်းသည့် အောက်ခံကိုယ်ထည်၊ ပိုမို ကောင်းမွန်သည့် အဆင်းဂီယာ၊ တောင်ပံငယ် canard၊ ခေါက်နိုင်ပြီး ပိုမို ကြီးမားသည့် အတောင်ပံ နှင့် အနည်းငယ် ပိုကောင်းတဲ့ AL-31F3 အင်ဂျင်တွေ တပ်ဆင်ထားပါတယ်။

နောက်ထပ်ကွာခြားချက် တခုကတော့ Su-33 တိုက်လေယာဉ်များဟာ Su-27 ထက် လက်နက် သို့မဟုတ် ဝန် ချိတ်ဆွဲသည့်နေရာဖြစ်သည့် hardpoint ၂ ခု ပိုပြီး ပါရှိပါတယ်။

လက်နက်များအနေဖြင့် ၃၀ မီလီမီတာ Gsh-30-1 စက်အမြောက်တလက်၊ R-27R1(ER1)၊ R-27T1(ET1) နှင့် R-73E ဝေ ဟင် မှ ဝေဟင်ပစ်ဒုံးကျည်များ၊ S-8KOM၊ S-8OM၊ S-8BM S-13T၊ S-13OF နှင့် S-25-OFM-PU စတဲ့ ပဲ့ထိန်းမဲ့ ဒုံးများ

Kh-25MP၊ Kh-31 နှင့် Kh-41 ကဲ့သို့သော ပဲ့ထိန်းတပ် ဒုံးကျည်များ၊ RBK-500 cluster ဆင့်ကွဲဗုံးများနှင့် အီလက်ထရွန်းနစ် စစ်ဆင်ရေး pod များကို ချိတ်ဆွဲ နိုင်ပါတယ်။

တကယ်တော့ လေယာဉ်ဟာ အခုအချိန်အထိ အချို့ အရေးပါတဲ့ လက်နက်များကို လေယာဉ်တင်သင်္ဘောမှ တဆင့် မသယ် ဆောင်နိုင်ဘဲ မအောင်မြင်သည့် လေယာဉ်တစင်း ဖြစ်လာခဲ့ပါတယ်။

၎င်းကို ဘက်စုံသုံး တိုက်လေယာဉ် တစင်းအနေဖြင့် သတ်မှတ်ခဲ့သော်လည်း လက်တွေ့မှာတော့ ဘက်စုံသုံး စစ်စစ်ထက် ဝေဟင်အကဲသာရေး တိုက်လေယာဉ်တစင်း အဖြစ်သာ လုပ်ဆောင်နိုင်ပါတယ်။

မတော်တဆ ဖြစ်စဉ်များ

Su-33 တိုက်လေယာဉ်များကို အမှန်တကယ် အသုံးပြုမှုဟာ အကန့်အသတ်ဖြင့် လုပ်ဆောင်ခဲ့ပေမယ့် အသုံးပြုသည့် အ ချိန် များဟာ စိတ်ပျက် ဝမ်းနည်းစရာတွေ ဖြစ်ခဲ့ရပါတယ်။

ဒီလေယာဉ်ဟာ ၁၉၉၉ ခုနှစ်မှာ စတင် အသုံးပြုခဲ့ပြီး ၃၅ စင်းသာ ထုတ်လုပ်ခဲ့ရာ အနည်းဆုံး ၃ စင်းဟာ မတော်တဆမှုများနှင့် ၂၀၀၁ ခုနှစ် လေကြောင်းပြပွဲ အတွင်း ဆုံးရှုံးခဲ့ရပါတယ်။

လေယာဉ်တင်သင်္ဘော Admiral Kuznetsov ပေါ် အသုံးပြုရန် အတွက်သာ ထုတ်လုပ်ခဲ့ပေမယ့် အဲဒီ့အတွက် မအောင်မြင်သည့် အနေအထားမှာ ရှိခဲ့ပြီး စိန်ခေါ်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

အထူးသဖြင့် ဆီးရီးယား သမ္မတ အာဆက်အတွက် လေကြောင်းမှ ပစ်ကူပေးဖို့ တိုးချဲ့နိုင်ရန် Kuznetsov လေယာဉ်တင် သ င်္ဘောမှ မြေထဲပင်လယ်မှာ ရှိနေစဉ် Su-33 တိုက်လေယာဉ်ဟာ သင်္ဘောပေါ် ဆင်းသက်ရာတွင် မအောင်မြင်ဘဲ ပျက်စီးခဲ့ရာမှာ ထိုလေယာဉ် တအုပ်လုံးကို မြေပြင်တွင်သာ ရပ်တန့်ထားခဲ့ရတာပါ။

Su-33 မှသည့် MiG-29K သို့

ဒီလို အခက်အခဲများကြောင့် လက်ရှိ အသုံးပြုနေသည့် Su-33 အစင်း ၃၀ ကျော်ကို Mikoyan MiG-29K များနှင့် အစားထိုးဖို့အတွက် ရုရှားရေတပ်က အပြောင်းအလဲတွေ ပြုလုပ်ခဲ့ရပါတယ်။

ထိုလေယာဉ်များဟာ Su-33 တိုက်လေယာဉ်များ ကဲ့သို့ လေယာဉ် လှုပ်ရှားပျံသန်းနိုင်မှု မကောင်းမွန်ပေမယ့် မြေပြင် တိုက် ခိုက်ရေးများကို ပိုမို လုပ်ဆောင်နိုင်တဲ့အတွက် လေယာဉ်၏ လွတ်မြောက်နိုင်စွမ်းအတွက် အဝေးပစ် ဒုံးကျည်များနှင့် ပဲ့ထိန်းဗုံးများကို တပ်ဆင်ဖို့ ရွေးချယ်ခဲ့ရပါတယ်။

MiG-29K

MiG-29K တွင် အီလက်ထရွန်းနစ် တန်ပြန်စစ်ဆင်ရေး စနစ်များ သယ်ဆောင်နိုင်ပြီး ပိုမို စိတ်ချရတဲ့ ခေတ်မှီ မြေပြင် တိုက် ခိုက်ရေး ရေဒါစနစ်များကို တပ်ဆင်ထားပါတယ်။

ဒါ့အပြင် MiG-29K များဟာ ပိုမို သေးငယ်ပြီး ပေါ့ပါးသဖြင့် လေယာဉ်တင် သင်္ဘောများနှင့် ကိုက်ညီပြီး စစ်ဆင်ရေးများ အ တွက် ကုန်ကျစရိတ်လည်း သက်သာပါတယ်။

ဒီလိုနဲ့ ရည်မှန်းချက် ကြီးကြီးဖြင့် ထုတ်လုပ်ခဲ့သည့် Su-33 များဟာ ရုရှား ရေတပ်အတွက် တခန်းရပ်သွားခဲ့ပါတယ်။

ပြည်ပသို့ တင်ပို့မည့် အကြံ

မအောင်မြင်ခဲ့တဲ့ ဆိုဗီယက်ခေတ်၏ လက်ရာ Su-33 တွေကို တရုတ်နှင့် အိန္ဒိယကို တင်ပို့ဖို့ ဆွေးနွေးမှုတွေ လုပ်ခဲ့ ပါသေးတယ်။

ဒါပေမယ့်‌ တရုတ်နှင့် ဆွေးနွေးမှုဟာ မအောင်မြင်ခဲ့သည့်နောက် မည်သို့ မည်ပုံလုပ်လိုက်သည် မသိဘဲ လက်ရှိ တရုတ် လေ ယာဉ်တင် သင်္ဘောများတွင် အသုံးပြုနေသည့် Shenyang J-15 များအဖြစ် Su-33 များဟာ ကော်ပီကူးခံလိုက်ရပါတယ်။

Shenyang J-15

အိန္ဒိယနှင့် ဆွေးနွေးမှုမှာလည်း Su-33 များ၏ အားနည်းချက်များကို သိရှိနေသည့်အတွက် MiG-29K များသာ အရွေးချယ်ခံလိုက်ရပါတယ်။

လက်ရှိမှာ Su-33 တိုက်လေယာဉ်တွေကို အဆင့်မြှင့်တင်မှုများ ပြုလုပ်နေခဲ့တယ်လို့ သတင်းတွေ ထွက်ထားပေမယ့် အနာဂါတ်မှာ ဘယ်လို အသုံးပြုမလဲဆိုတာ မရှင်းလင်းပါဘူး။

ပြဿနာပေါင်း သောင်းခြောက်ထောင် ရှိသည့် Admiral Kuznetsov လေယာဉ်တင် သင်္ဘောနှင့် MiG-29K တိုက်လေယာဉ်များကြောင့် Su-33 များ၏ အနာဂါတ်မှာ ဝေဝါးနေဆဲပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *