လူမှုကွန်ယက် ၂ လ အနားယူရုံဖြင့် ဒေါ်လာ ၂,၇၀၀ ပေးအပ်မည့် Uptime အကြောင်း

Lifestyle News

လူမှုကွန်ယက်ဟာ ကျွန်တော်တို့ နေ့စဉ်ဘဝရဲ့ တစိတ်တပိုင်းဖြစ်လာတာ အချိန်တခုကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။

တကယ်လို့ လူမှုကွန်ယက် တခုခု မရှိခဲ့ရင်တောင် လူမှုရေး နှင့် စီပွားရေး ကဏ္ဍများမှာပါ အချို့လူတွေအတွက် အကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။

ဒါပေမယ့် လူမှုကွန်ယက်ဟာ လူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ပြသနာနှင့် နေ့စဉ်ဘဝ အလုပ်လုပ်နိုင်စွမ်းကို လျော့ကျစေတတ်တဲ့ အကြောင်းတွေကလည်း ရှိပါသေးတယ်။

ထိုကဲ့သို့ သက်ရောက်မှုတွေ ရှိသည့်တိုင် လူတော်တော်များများကတော့ လူမှုကွန်ယက်ကို ခဏတဖြုတ် သို့မဟုတ် ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူး ဆိုတဲ့ အနေအထားတွေ ရှိပါတယ်။

စိတ်ဝင်စားစရာ ကောင်းတာကတော့ မကြာသေးမီကပဲ app တခုမှ လူမှု ကွန်ယက်ကို ၂ လ တာ အသုံးမပြုပါက ယူရို ၂ ထောင် (အမေရိကန် ဒေါ်လာ ၂,၇၀၀) လောက်အထိ ပေးမယ့် လေ့လာမှုတခုကို စီစဉ်နေတာပါ။

ကုမ္ပဏီ၏ လေ့လာမှု

အခြား အရာတွေ တော်တော်များများလိုပဲ နည်းပညာတွေဟာ လူသားတွေအတွက် ကောင်းကျိုးရော ဆိုးကျိုးပါ အတူတူ ဆောင်ယူလာတတ်တာပါ။

လူအများအတွက် လူမှုကွန်ယက်ဟာ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အတွေးအမြင်တွေ၊ ဝါသနာတွေကို ဆွေးနွေးနိုင်ပါတယ်။

ဒါပေမယ့် လူမှုကွန်ယက်ပေါ်မှာ အချိန်ဖြုန်းတီးမှု များလာတဲ့ အခါမှာတော့ သတင်းအချက်အလက် အလွဲတွေ ပိုရလာတာ၊ မိတ်ပျက်တာ၊ doomscrolling လို့ခေါ်တဲ့ သတင်းဆိုးတွေကိုပဲ ပိုပြီး ဖတ်လေ့ရှိတဲ့ အကျင့်တွေ ဖြစ်ပေါ်လာပါတယ်။

ဒါတွေရဲ့ သက်ရောက်မှုကို လေ့လာလိုတဲ့အတွက် Uptime ဆိုတဲ့ app ဟာ လူတွေရဲ့ လူမှုကွန်ယက်ကို ခဏတာ ရပ်နားခြင်းမှု ရရှိလာမယ့် ရလဒ်တွေကို လေ့လာလိုနေတာ ဖြစ်ပါတယ်။

Uptime ဆိုတာ ကမ္ဘာပေါ်ရှိ အကောင်းဆုံး စာအုပ်တွေ၊ သင်ခန်းစားတွေနဲ့ မှတ်တမ်းတွေမှ ဗဟုသုတတွေကို ဖော်ပြေပေးနေတဲ့ app တခု ဖြစ်ပါတယ်။

၎င်းတို့ရဲ့ လေ့လာမှုမှာ ပါဝင်လိုပါက ကျွမ်းကျင်မှုတွေ အရည်အချင်း ပြည့်မှီမှုတွေ မလိုဘဲ လူမှုကွန်ယက် အသုံးပြုရတာ နှစ်သက်သူ တယောက် ဖြစ်ဖို့သာ လိုတယ်လို့ ဆိုပါတယ်။

ဒါဟာ လူမှုကွန်ယက်ကို ခဏတာ အနားယူခြင်တဲ့ လူတွေအတွက်လည်း အခွင့်ကောင်းတခု ဖြစ်ပါတယ်။

အကြီးစား လေ့လာမှုတခု မဟုတ်သေးပေမယ့် ၎င်းတို့ဆီမှ လူမှုကွန်ယက်နှင့် ပတ်သက်ပြီး လေ့လာမှုမှ ရလဒ်တွေကိုတော့ အကြမ်းဖျင်း အနေဖြင့် သိရှိလာရမှာပါ။

ပါဝင်သူတွေဟာ အနားယူနေစဉ် ကြားကာလအတွင်းမှာ ကုမ္ပဏီ၏ မေးခွန်းများကို ဖြေကြားရမှာ ဖြစ်ပြီး စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။

အဆိုပါ မေးခွန်းများကို စာဖြင့်သော်လည်းကောင်း ဗီဒီယိုဖြင့်သော်လည်းကောင်း မှတ်တမ်း တင်ဦးမှာလို့လည်း သိရပါတယ်။

ဝင်ခွင့်များကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ပိတ်မှာ ဖြစ်တဲ့အတွက် အချိန်ကတော့ အတော်လေး နီးကပ်နေပါတယ်။

ပါဝင်လိုပါက “Social Media Study” တွင် ဖတ်ရှု လေ့လာနိုင်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *