လေယာဉ်တက္ကစီများနှင့်ဒရုန်းများအတွက် ကမ္ဘာ့ ပထမဆုံး ဖြစ်လာမည့် မြို့ပြလေဆိပ်

Knowledge Tech

လျှပ်စစ်လေယာဥ်တက္ကစီများနှင့်မောင်းသူမဲ့လေယာဉ်(ဒရုန်း)များအတွက် ရည်ရွယ်ပြီး ကမ္ဘာ့ပထမဆုံး မြို့ပြလေဆိပ်(Urban Air Port) စီမံကိန်းကို အကောင်အထည်ဖော်ရန် ဗြိတိန်အစိုးရထံမှ ရန်ပုံငွေများ ရရှိခဲ့ပါတယ်။

ကမ္ဘာ့ ပထမဆုံး မြို့ပြလေဆိပ်ကို Air-One လို့ နာမည်ပေးထားပြီး ဒရုန်း‌တွေနှင့်လေယာဥ်တက္ကစီတွေ အတွက် ပို့ဆောင်ဆက်သွယ်ရေး ကွန်ယက်တစ်ခုအဖြစ် ကဏ္ဍသစ်တစ်ရပ် ဖြစ်လာရန် ရည်ရွယ်ထားပါတယ်။

၎င်းလေဆိပ်ကို သယ်ယူပို့ဆောင်ရေးအချက်အချာဖြစ်သော ဗြိတိန် နိုင်ငံ၊ ကိုဗင်ထရီမြို့၌ လာမည့် နိုဝင်ဘာလတွင် ဖွင့်လှစ်လိမ့်မည် ဖြစ်ပါတယ်။

၎င်းကို ဖန်တီးထားတဲ့ ကုမ္ပဏီအသစ်တစ်ခုက‌တော့ မြို့ပြလေဆိပ်ဟု ခေါ်ဆိုခဲ့ပြီး လျှပ်စစ်ဓါတ်အား ၊ရေ စသည်တို့ ဘယ်လိုအလုပ်လုပ်ထားတယ် ၊ ဟိုက်ဒရိုဂျင်စွမ်းအင်သုံးပြီး မြို့ပြလေဆိပ်မည်သို့ လုပ်ဆောင်သည်ကို ဖွင့်ပွဲစီစဥ်ပြီး လက်တွေ့ပြသလိမ့်မည် ဖြစ်ပါတယ်။

အနှစ်သာရအားဖြင့်ဆိုရရင် ဒီ မြို့ပြလေဆိပ်ဟာ မောင်းသူမဲ့လေယာဉ်များ အားသွင်းခြင်းနှင့်ကုန်ပစ္စည်း တင်ခြင်း၊ချခြင်းအတွက် နေရာတစ်ခုဖြစ်လာလိမ့်မည်ဖြစ်ပြီး မြိုအနှံ့ ပို့ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

ဒါဟာ ပို့ဆောင်ဆက်သွယ်ရေးကားများနှင့်ပြည့်နေသော မြို့နေရာများတွင် ယာဉ်ကြောပိတ်ဆို့မှုကို သက်သာစေနိုင်ပြီး လေထုအရည်အသွေးကိုလည်း တိုးတက်စေမှာဖြစ်ပါတယ်။

စီမံကိန်းဟာ ဒေါင်လိုက်ပျံတက်ခြင်းနှင့်ဆင်းသက်နိုင်သော လျှပ်စစ်လေယာဉ်များ (eVTOLs) များကို လက်ခံရန် ရည်မှန်းချက်ထားရှိပြီး ခရီးသည်များကို မြို့လယ်နှင့်အနောက်ဘက်သို့ ပို့ဆောင်ပေးနိုင်ရန်လည်း ဖြစ်ပါတယ်။

Air-One မြို့ပြလေဆိပ်ဟာ ဒရုန်းယာဉ်အသွားအလာ စင်္ကြံများ ကွန်ရက်ရဲ့ဗဟိုအချက်အချာဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်။အဆိုပြုထားသော ‘ကောင်းကင် အဝေးပြေးလမ်းများ’ အဖြစ် ကိုဗင်ထရီမြို့နှင့် ကီနီလ်ဝါ့သ်မြို့ အကြား ၁၅ ကီလိုမီတာ လမ်းကြောင်းဖြစ်ပြီး လက်ရှိတွင် မြေပုံဆွဲထားပြီးဖြစ်ပါတယ်။

“လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က ကမ္ဘာ့ပထမဆုံးစီးပွားဖြစ်လေကြောင်းပျံသန်းမှုများပြုလုပ်ခဲ့ပြီး ခေတ်မီဆက်သွယ်ထားသော ကမ္ဘာကြီးကိုဖန်တီးခဲ့ပါတယ်။

မြို့ပြလေဆိပ်သည်လည်း သန့်ရှင်းသောကမ္ဘာလုံးဆိုင်ရာ စီးပွားရေးသစ်တစ်ခုအတွင်းတွင် ကျွန်ုပ်တို့၏ မြို့များကို ဖြတ်ပြီး ဆက်သွယ်မှုကိုတိုးတက်စေခြင်း၊ ကုန်ထုတ်စွမ်းအားမြှင့်တင်ခြင်းတို့ကို ဦးဆောင်နိုင်ရန် ဗြိတိန်ကကူညီလုပ်‌ဆောင်လိမ့်မည်ဖြစ်ပါတယ်။”

နာဆာမှခန့်မှန်းချက်များအရ မကြာမီကာလအတွင်း အမေရိကန်တစ်နိုင်ငံတည်း၌ မြို့ပြလေ‌ကြောင်း သွားလာနိုင်မှု တန်ဖိုး ပေါင် ၃၇၅ ဘီလျံအထိရှိလာမည်ဖြစ် သော်လည်း လက်ရှိ ရုပ်ဝတ္ထုနည်းပညာကို ပံ့ပိုးရန် အခြေခံအဆောက်အဦး မရှိခြင်းသည် စိန်ခေါ်မှုတစ်ခုဖြစ်စေပါတယ်။

ကားတွေအတွက် လမ်းတွေလိုအပ်ပါတယ်။ရထားများအတွက် သံလမ်းများလိုအပ်ပြီး လေယာဉ်များသည်လည်း လေဆိပ်များ လိုအပ်ပါတယ်။ လျှပ်စစ်လေယာဉ်တက္ကစီ (eVTOL )များ၊ ဒရုန်းများအတွက်လည်း မြို့ပြလေဆိပ်များ လိုအပ်လာဦးမည်မှာ အသေအချာပဲဖြစ်ပါတယ်ခင်ဗျာ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *