ဘိုးအင်း ကုမ္ပဏီကို အမေရိကန်အစိုးရမှ အိန္ဒိယလေတပ် IAF သို့ F-15EX တိုက်လေယာဉ်သစ်များ ရောင်းချခွင့် ပေးလိုက်ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။
ဒီသတင်းကို ဘိုးအင်း ကုမ္ပဏီရဲ့ ကာကွယ်ရေး၊ အာကာသ၊ လုံခြုံရေးဆိုင်ရာ နှင့် အိန္ဒိယ တိုက် လေယာဉ်များဆိုင်ရာ ညွှန်ကြားရေးမှူး Ankur Kanaglekar ကပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။
ဘိုးအင်းဟာ အိန္ဒိယတို့၏ သက်တမ်းအိုမင်းနေပြီဖြစ်တဲ့ ဆိုဗီယက်ခေတ် တိုက်လေယာဉ် ၁၁၄ စီးကို အစားထိုးမည့် စီမံကိန်းမှာ ဆွီဒင်လုပ် Gripen နှင့် ပြင်သစ်လုပ် Rafale တိုက်လေယာဉ်များနှင့် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

၂၀၂၀ ဇူလိုင်လတုန်းက အမေရိကန်လေတပ်မှ ၁.၂ ဘီလီယံ တန်ကြေးရှိတဲ့ F-15EX အဆင့်မြင့် တိုက်လေယာဉ် ၈ စီးအတွက် ဘိုးအင်းကုမ္ပဏီနှင့် စာချုပ် ချုပ်ဆိုခဲ့ပါသေးတယ်။ ဒီ ၂ ယောက်စီး တိုက်လေယာဉ်သစ်တွေဟာ ၂၂ ပေရှည်ပြီး ပေါင် ၇၀၀၀ အလေးချိန်ထိ ရှိမယ့် Hypersonic လက်နက်များကို ပစ်လွှတ်နိုင်အောင် ဒီဇိုင်း ဆွဲထားပါတယ်။
ဒီတိုက်လေယာဉ်များဖြင့် ထွေထွေထူးထူး လေ့ကျင့်စရာ မလိုရုံသာမက အခြေခံ အဆောက် အအုံ များလည်း အပြောင်းအလဲ လုပ်စရာမလိုသောကြောင့် စစ်ဆင်ရေးလုပ်ဆောင်မှုများကို အပြောင်းအလဲမရှိ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
F-15EX ၏ ပြောင်းလွယ်ပြင်လွယ်ဖြစ်စေသည့် Open Mission Systems (OMS) ဟာ အီလက်ထရောနစ်စစ်ပွဲစနစ်သစ်များ၊ အဆင့်မြှင့်တင်ထားသည့် လေယာဉ်မှူးခန်း စနစ်များ၊ နောက်ဆုံးပေါ်စစ်ဆင်ရေးစနစ်များနှင့် ဆော့ဖ်ဝဲစွမ်းဆောင်ရည်သစ်များ စသည့် လေယာဉ်များ၏ နောက်ဆုံးနည်းပညာများကို အလျှင်အမြန် ထည့်သွင်းခြင်းကို ပြုလုပ်နိုင်မှာပါ။
Ankur Kanaglekar က သတင်းထောက်များကို ပြောကြားရာတွင် F-15EX နှင့် ပတ်သက်၍ ဆွေးနွေးမှုများဟာ အစောပိုင်းနှစ်နိုင်ငံ အစိုးရများအကြား ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လွန်ခဲ့သော ၁၅ နှစ်တာ ကာလအတွင်း အိန္ဒိယနှင့်အမေရိကန်တို့ဟာ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများ ဖြစ်ခဲ့ပြီး အိန္ဒိယစစ်တပ်မှ ဒေါ်လာ ၂၀ ဘီလီယံကျော် တန်ကြေးရှိသည့် လက်နက်များ ဝယ်ယူခဲ့ဖူးပါတယ်။
ZawGyi
ဘိုးအင္း ကုမၸဏီကို အေမရိကန္အစိုးရမွ အိႏၵိယေလတပ္ IAF သို႔ F-15EX တိုက္ေလယာဥ္သစ္မ်ား ေရာင္းခ်ခြင့္ ေပးလိုက္ၿပီ ျဖစ္ေၾကာင္း သိရွိရပါတယ္။
ဒီသတင္းကို ဘိုးအင္း ကုမၸဏီရဲ႕ ကာကြယ္ေရး၊ အာကာသ၊ လုံၿခဳံေရးဆိုင္ရာ ႏွင့္ အိႏၵိယ တိုက္ေလယာဥ္မ်ား ၫႊန္ၾကားေရးမႉး Ankur Kanaglekar ကေျပာၾကားခဲ့တယ္လို႔ ႐ိုက္တာသတင္းဌာနက ဆိုပါတယ္။
ဘိုးအင္းဟာ အိႏၵိယတို႔၏ သက္တမ္းအိုမင္းေနၿပီျဖစ္တဲ့ ဆိုဗီယက္ေခတ္ တိုက္ေလယာဥ္ ၁၁၄ စီးကို အစားထိုးမည့္ စီမံကိန္းမွာ ဆြီဒင္လုပ္ Gripen ႏွင့္ ျပင္သစ္လုပ္ Rafale တိုက္ေလယာဥ္မ်ားႏွင့္ ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။
၂၀၂၀ ဇူလိုင္လတုန္းက အေမရိကန္ေလတပ္မွ ၁.၂ ဘီလီယံ တန္ေၾကးရွိတဲ့ F-15EX အဆင့္ျမင့္ တိုက္ေလယာဥ္ ၈ စီးအတြက္ ဘိုးအင္းကုမၸဏီႏွင့္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ပါေသးတယ္။ ဒီ ၂ ေယာက္စီး တိုက္ေလယာဥ္သစ္ေတြဟာ ၂၂ ေပရွည္ၿပီး ေပါင္ ၇၀၀၀ အေလးခ်ိန္ထိ ရွိမယ့္ Hypersonic လက္နက္မ်ားကို ပစ္လႊတ္ႏိုင္ေအာင္ ဒီဇိုင္ဆြဲထားပါတယ္။

ဒီတိုက္ေလယာဥ္မ်ားျဖင့္ ေထြေထြထူးထူး ေလ့က်င့္စရာ မလို႐ုံသာမက အေျခခံအေဆာက္အအုံမ်ားလည္း အေျပာင္းအလဲ လုပ္စရာမလိုေသာေၾကာင့္ စစ္ဆင္ေရးလုပ္ေဆာင္မႈမ်ားကို အေျပာင္းအလဲမရွိ လုပ္ေဆာင္ႏိုင္မွာျဖစ္ပါတယ္။
F-15EX ၏ ေျပာင္းလြယ္ျပင္လြယ္ျဖစ္ေစသည့္ Open Mission Systems (OMS) ဟာ အီလက္ထေရာနစ္စစ္ပြဲစနစ္သစ္မ်ား၊ အဆင့္ျမႇင့္တင္ထားသည့္ ေလယာဥ္မႉးခန္း စနစ္မ်ား၊ ေနာက္ဆုံးေပၚစစ္ဆင္ေရးစနစ္မ်ားႏွင့္ ေဆာ့ဖ္ဝဲစြမ္းေဆာင္ရည္သစ္မ်ား စသည့္ ေလယာဥ္မ်ား၏ ေနာက္ဆုံးနည္းပညာမ်ားကို အလွ်င္အျမန္ ထည့္သြင္းျခင္းကို ျပဳလုပ္ႏိုင္မွာပါ။
Ankur Kanaglekar က သတင္းေထာက္မ်ားကို ေျပာၾကားရာတြင္ F-15EX ႏွင့္ ပတ္သက္၍ ေဆြးေႏြးမႈမ်ားဟာ အေစာပိုင္းႏွစ္ႏိုင္ငံ အစိုးရမ်ားအၾကား ျပဳလုပ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
လြန္ခဲ့ေသာ ၁၅ ႏွစ္တာ ကာလအတြင္း အိႏၵိယႏွင့္အေမရိကန္တို႔ဟာ မဟာဗ်ဴဟာေျမာက္ မိတ္ဖက္ႏိုင္ငံမ်ား ျဖစ္ခဲ့ၿပီး အိႏၵိယစစ္တပ္မွ ေဒၚလာ ၂၀ ဘီလီယံေက်ာ္ တန္ေၾကးရွိသည့္ လက္နက္မ်ား ဝယ္ယူခဲ့ဖူးပါတယ္။
Knowledgeworms Copyright © 2021