ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီထဲကတစ်ခုဖြစ်တဲ့ Xiaomi ရှောင်မီ ကုမ္ပဏီကို အမေရိကန်က Blacklist သွင်း

News

ထရမ့်အစိုးရက ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီထဲကတစ်ခုဖြစ်တဲ့ Xiaomi ရှောင်မီ ကုမ္ပဏီအပါအဝင် ကုမ္ပဏီ ၈ ခုကို တရုတ်အစိုးရစစ်တပ်နှင့်ပတ်သက်နေတယ်လို့ သတ်မှတ်ပြီး Blacklist စာရင်းအဖြစ် ကြာသပတေးနေ့က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ Xiaomi ဟာ ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူလဲဖြစ်ပါတယ်။

ဒါကြောင့် အမေရိကန်ရင်းနှီးမြှပ်နှံသူများအနေနဲ့ Xiaomi မှာ ရင်းနှီးမြှပ်နှံခွင့်ရှိမှာမဟုတ်တော့ပါဘူး။ သူတို့ရဲ့လက်ရှိ ရင်းနှီးမြှပ်နှံမှုတွေကိုလည်း နိုဝင်ဘာ ၁၁ ရက် ၂၀၂၁ မတိုင်ခင် ဖျက်သိမ်းရမယ်လို့ညွှန်ကြားထားကြောင်း Reuter သတင်းဌာနကပြောပါတယ်။

ထရမ့်အစိုးရဟာ Huawei၊ Semiconductor ထုတ်လုပ်သူ SMIC၊ Drone ထုတ်လုပ်သူ DJI အပါအဝင် ကုမ္ပဏီပေါင်း ၆၀ လောက်ကို အမည်ပျက်စာရင်းသွင်းထားတာပါ။ အထက်ပါကုမ္ပဏီတွေနဲ့မတူတာကတော့ Xiaomi ကို လိုင်စင်မလိုဘဲ အမေရိကန်နည်းပညာတွေကို တင်သွင်းခွင့်ပြုထားပါသေးတယ်။

ဘိုင်ဒန်တက်လာမယ့် ဇန်နဝါရီ ၂၀ မှာ ဒီဆုံးဖြတ်ချက်ကို ပြင်ဆင်ကောင်းပြင်ဆင်နိုင်ပေမယ့် Xiaomi အနေနဲ့တော့ ထရမ့်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ ထင်မှတ်မထားတဲ့ ထိုးနှက်မှုတစ်ခုဖြစ်လာမှာပါ။အမည်ပျက် အသွင်းခံလိုက်ရတဲ့ ကုမ္ပဏီစာရင်းကို ဖော်ပြပေးထားပါတယ်။

ZawGyi

ကမာၻ႔အႀကီးဆုံး စမတ္ဖုန္း ထုတ္လုပ္တဲ့ ကုမၸဏီထဲကတစ္ခုျဖစ္တဲ့ Xiaomi ေရွာင္မီ ကုမၸဏီကို အေမရိကန္က Blacklist သြင္း ထရမ့္အစိုးရက ကမာၻ႔အႀကီးဆုံး စမတ္ဖုန္း ထုတ္လုပ္တဲ့ ကုမၸဏီထဲကတစ္ခုျဖစ္တဲ့ Xiaomi ေရွာင္မီ ကုမၸဏီအပါအဝင္ ကုမၸဏီ ၈ ခုကို တ႐ုတ္အစိုးရစစ္တပ္ႏွင့္ပတ္သက္ေနတယ္လို႔ သတ္မွတ္ၿပီး Blacklist စာရင္းအျဖစ္ ၾကာသပေတးေန႔က ထုတ္ျပန္ေၾကျငာလိုက္ပါတယ္။ Xiaomi ဟာ ကမာၻေပၚမွာ တတိယအႀကီးဆုံး စမတ္ဖုန္းထုတ္လုပ္သူလဲျဖစ္ပါတယ္။

ဒါေၾကာင့္ အေမရိကန္ရင္းႏွီးျမႇပ္ႏွံသူမ်ားအေနနဲ႔ Xiaomi မွာ ရင္းႏွီးျမႇပ္ႏွံခြင့္ရွိမွာမဟုတ္ေတာ့ပါဘူး။ သူတို႔ရဲ႕လက္ရွိ ရင္းႏွီးျမႇပ္ႏွံမႈေတြကိုလည္း ႏိုဝင္ဘာ ၁၁ ရက္ ၂၀၂၁ မတိုင္ခင္ ဖ်က္သိမ္းရမယ္လို႔ၫႊန္ၾကားထားေၾကာင္း Reuter သတင္းဌာနကေျပာပါတယ္။ ထရမ့္အစိုးရဟာ Huawei၊ Semiconductor ထုတ္လုပ္သူ SMIC၊ Drone ထုတ္လုပ္သူ DJI အပါအဝင္ ကုမၸဏီေပါင္း ၆၀ ေလာက္ကို အမည္ပ်က္စာရင္းသြင္းထားတာပါ။ အထက္ပါကုမၸဏီေတြနဲ႔မတူတာကေတာ့ Xiaomi ကို လိုင္စင္မလိုဘဲ အေမရိကန္နည္းပညာေတြကို တင္သြင္းခြင့္ျပဳထားပါေသးတယ္။

ဘိုင္ဒန္တက္လာမယ့္ ဇန္နဝါရီ ၂၀ မွာ ဒီဆုံးျဖတ္ခ်က္ကို ျပင္ဆင္ေကာင္းျပင္ဆင္ႏိုင္ေပမယ့္ Xiaomi အေနနဲ႔ေတာ့ ထရမ့္ရဲ႕ ဒီဆုံးျဖတ္ခ်က္ဟာ ထင္မွတ္မထားတဲ့ ထိုးႏွက္မႈတစ္ခုျဖစ္လာမွာပါ။ အမည္ပ်က္ အသြင္းခံလိုက္ရတဲ့ ကုမၸဏီစာရင္းကို ေဖာ္ျပေပးထားပါတယ္။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *