ပြီခဲ့တဲ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်းကပဲ ရုရှားအစိုးရပိုင် သတင်းမီဒီယာ တစ်ခုဖြစ်တဲ့ TASSက ရုရှား၏ ပဉ္စမမျိုးဆက် ကိုယ်ပျောက်လေယာဉ် (Sukhoi) Su-57ကို ပထမဆုံး ထုတ်လုပ်မှုပုံစံနဲ့ နောက်ဆုံးတွင် တာဝန်စတင် ထမ်းဆောင်နေပြီဟု ကြေငြာခဲ့ပါတယ်။
စမ်းသပ်မောင်းနှင်တဲ့ လေယာဉ်မှူးရဲ့ မှတ်ချက်များ အရတော့ ရုရှားရဲ့ ပထမဦးဆုံး ပဉ္စမမျိုးဆက်ကိုယ်ပျောက်တိုက်လေယာဉ်ဟာ အမေရိကန်ရဲ့ ကိုယ်ပျောက် တိုက်ခိုက်ရေးလေယာဉ် F-35 Lightning ကို “အလွယ်တကူ သုတ်သင်” နိုင်တယ်လို့ ပြောဆိုထားပါတယ်။
ရုရှား၏ ပထမဆုံး ပဉ္စမမျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ် (Sukhoi) Su-57 ဟာ ရုရှားကာကွယ်ရေး ၀န်ကြီးဌာနအတွက်တော့ ရှည် လျား တဲ့လမ်းစ တစ်ခုပဲဖြစ်ပါတယ်။
ရုရှားဟာ ၁၉၇၉ ခုနှစ် ယခင် ဆိုဗီယက်ယူနီယံ ကတည်းက မျိုးဆက်သစ် တိုက်ခိုက်ရေး လေယာဉ်များ လိုအပ်ကြောင်း ဖော်ပြခဲ့ပြီး ၁၉၉၀ ပြည့် လွန်နှစ်များတွင်လည်း လုပ်ငန်းလည်ပတ်သည့် လေယာဉ်များရှိရန်မျှော်လင့်ခဲ့ပါတယ်။
၁၉၈၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ ကမ္ဘာ့ပထမဦးဆုံး ကိုယ်ပျောက်လေယာဉ်ဖြစ်သည့် F-117 Nighthawk ဟာ လေတပ် အင် အားစုနှင့် ပူးပေါင်း ပျံသန်းလာတဲ့ အခါမှာတော့ ရုရှားတို့အတွက် အဆင့်မြင့် ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ်လိုအပ်ကြောင်း အလေး ပေး ပြောကြားခဲ့ပါတယ်။
သို့သော်ရန်ပုံငွေမလုံလောက်ခြင်း နှင့် ၁၉၈၈ ဆိုဗီယက်ယူနီယံပြိုကွဲမှုရဲ့ အကျိုးဆက်တွေကြောင့် ဆယ်စုနှစ်တစ်ခုကျော်အကြာပြီးမှ ကိုယ်ပျောက်တိုက်လေယာဉ်ကို တီထွင်ရန်အစီအစဉ်များကိုဖြစ်ပေါ်စေခဲ့တာပဲ ဖြစ်ပါတယ်။
၂၀၀၀ ပြည့်နှစ်လွန် အစောပိုင်းတွင်လည်း အမေရိကန်လေတပ်က တီထွင်တဲ့ ကမ္ဘာ့ပထမဦးဆုံး ပဉ္စမမျိုးဆက် အဆင့်မြင့် ကိုယ်ပျောက်လေယာဉ် F-22 Raptor ကိုပထမဆုံးစမ်းသပ်ပျံသန်းပြီးနောက်မှာတော့ မျိုးဆက်သစ် ဘက်စုံသုံးတိုက်လေယာဉ်များ ထုတ်လုပ်ရန် အစီ အစဉ်ကို ရုရှားက မဖြစ်မနေ ပြန်လည်အသက်သွင်းခဲ့ပါတယ်။

2004 ခုနှစ်တွင် ကိုယ်ပျောက်လေယာဉ်အတွက် ပထမဦးဆုံး အယူအဆရေးရာဒီဇိုင်းများနှင့်ရန်ပုံငွေအတည်ပြုခဲ့ပြီး နောက်နှစ်မှာပဲ ရုရှားရဲ့ Su-57 ဖြစ်လာမယ့်အရာများစတင်ခဲ့ပါတယ်။
ရုရှား သတင်းများအရ ရုရှား၏ Su-57 ရှေ့ပြေးပုံစံ ၁၀ ခုလောက်ဟာ ၂၀၁၀ နှင့် ၂၀၁၄ ခုနှစ်အကြား ပထမဆုံး ပျံသန်းမှုများပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ ရုရှားကတော့ Su-57 ကို ၂၀၁၆ ခုနှစ်တွင်စတင်အသုံးပြုနိုင်မည်ဟု အစကတည်းက ပြောကြားခဲ့တာပါ။
၂၀၁၈ ခုနှစ် အစောပိုင်းတွင် ရုရှား၏ Su-57 (၄) စီးကို ဆီးရီးယားရှိ ရုရှား Khmeimim လေဆိပ်အခြေစိုက် စခန်းမှာ တွေ့ရှိခဲ့တယ်လို့ သတင်းများထွက်ပေါ်ခဲ့ပါသေးတယ်။
ရုရှားအစိုးရသတင်းမီဒီယာများအရလည်း Su-57 သည် ဆီးရီးယား၌ အထူးကောင်းမွန်သောစစ်ဆင်ရေး (၁၀) ခုကို အနည်းဆုံး (၁၀) ကြိမ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တယ်လို့ဆိုပါတတယ်။
အနောက်နှင့်ရုရှား ကာကွယ်ရေး လေ့လာသုံးသပ်သူများက Su-57 ၏ ရှေ့ပြေးပုံစံအား စစ်ဇုန်တွင် တပ်ဆင်ရန် ရုရှား၏ဆုံးဖြတ်ချက်မှာ အလွန်အမင်းစွန့်စားမှုအဖြစ် မှတ်ချက်ပြုခဲ့ကြပါတယ်။
2019 ခုနှစ် ဒီဇင်ဘာလ 25 ရက်မှာ ရုရှားရဲ့ Su-57 ကိုယ်ပျောက်လေယာဉ်ဟာ ရုရှားရဲ့ Khabarovsk နယ်မြေအတွင်းမှာ ပထမဦးဆုံး ပျက်ကျခဲ့တဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
လေယာဉ်ဟာ ထိန်းချုပ်မှုစနစ် ပျက်ယွင်းမှုကြောင့် အလိုအလျောက်အောက်သို့ လျင်မြန်စွာ ဆင်းသွားပြီး ပျက်ကျခဲ့တာပါ။၂၀၂၀ သြဂုတ်လမှာတော့ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က ရုရှား၏ Su-57 ထုတ်လုပ်မှုသည် ၂၀၂၈ အထိ ပျံသန်းလိမ့်မည်မဟုတ်ဟု အံ့သြစရာကောင်းလောက်အောင် ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ရုရှား ပြည်တွင်းမှာတော့ Su-57 ကို T-50 လို့ခေါ်ပါတယ်။ ထပ်မံ၍ အတည်မပြုရသေးသော်လည်း အစီရင်ခံစာများအရ မြောက်အတ္တလန္တိတ်ကုန်သွယ်ရေးအဖွဲ့ (NATO)မှတော့ Su-57 အတွက် အမည်ကို သတင်းပို့ရာတွင် “ Felon” လို့ဆိုပါတယ်။
ရုရှား၏ Su-57 ဟာ ကမ္ဘာ့စတုတ္ထမြောက် ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်ခိုက်ရေးလေယာဉ် အဖြစ် အဆင်သင့်ဖြစ်လာပါပြီ။ အခြားမှာ ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်ခိုက်ရေးလေယာဉ်များမှာ အမေရိကန်၏ F-22 Raptor ၊ F-35 Lightning နှင့် တရုတ်နိုင်ငံက Chengdu J-20 တို့ပဲဖြစ်ကြပါတယ်။
လေယာဉ် ၁၈၇ စီး ၀န်ဆောင်မှုပေးပြီးနောက် ၂၀၁၁ ခုနှစ်မှာတော့ အမေရိကန်သည် F-22 Raptor ထုတ်လုပ်မှုကိုရပ်ဆိုင်းခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ကလည်း အမေရိကန်လေတပ်အတွင်းရေးမှူး ဟဲလ်ဝီလ်ဆင်က လေတပ်တွင် F-22 ထုတ်လုပ်မှုလမ်းကြောင်း ပြန်လည် စတင်ရန် အစီအစဉ် မရှိကြောင်း ထပ်မံပြောကြားခဲ့ပါသေးတယ်။

“ ပဉ္စမမျိုးဆက်” ဟူသောဝေါဟာရမှာ ကိုယ်ပျောက်နည်းပညာကိုအသုံးပြုထားသောလေယာဉ်ပျံကိုရည်ညွှန်းပါတယ်။ စွမ်းဆောင်ရည်မြင့်မားသော လေယာဉ်ပျံများနှင့်ဆက်သွယ်မှုစွမ်းရည်များတိုးမြှင့်နိုင်ရန်အတွက် ပေါင်းစပ်ထားသောကွန်ယက်စနစ်များကိုရည်ညွှန်းတာပဲဖြစ်ပါတယ်။
အချို့သောကာကွယ်ရေးလေ့လာသုံးသပ်သူများကတော့ ရုရှား၏ Su-57 ကို ပဉ္စမမျိုးဆက်တိုက်လေယာဉ်အဖြစ် တရားဝင်သတ်မှတ်သင့်သလားဆိုသည်ကိုတော့ သံသယဖြစ်နေဆဲပါ။ ရုရှားနိုင်ငံ၏ Su-57 အတွက် အဓိက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတစ်ခုကတော့ ဂျက်အင်ဂျင် ၏ ဒုတိယမျိုးဆက် Izdeliye 30 အင်ဂျင်ကို ထုတ်လုပ်ခြင်းပဲ ဖြစ်ပါတယ်။
2019 ခုနှစ် ရုရှား JSC Sukhoi အတွက်လေယာဉ်အင်ဂျင်နီယာဟောင်းနှင့် လွတ်လပ်သောလေကြောင်းကျွမ်းကျင်သူ Vadim Lukash -evich ဆိုသူ က Su-57 ၏ မော်ဒယ်လ်များတွက် ရည်ရွယ်ထားသည့် ဒုတိယမျိုးဆက် ဂျက်အင်ဂျင် မရှိသေးဘူးလို့ဆိုပါတယ်။
လက်ရှိတွင်ရုရှားနိုင်ငံ၏ Izdeliye 30 ဂျက်အင်ဂျင်ကို မည်သည့်အချိန်တွင် အပြီးတည် ဆောက်မလဲဆိုတာ မသိသေးပါဘူး။
Ryan Bauer ဆိုသူ၊ RAND ကော်ပိုရေးရှင်းအတွက် ကာကွယ်ရေးလေ့လာသုံးသပ်သူက ရုရှားနိုင်ငံ၏ Su-57 သည် ပဥ္စမ မျိုးဆက်ထက် နိမ့်ကျသည် ဟုဆိုပါတယ်။
ကြည့်ရှုနိုင်သော စွမ်းဆောင်ရည်များ azimuth (၃၆၀ ဒီဂရီ) အာရုံခံ စွမ်းရည်ရှိကြောင်းရုရှား၏ပြောဆိုချက်များအပေါ်သံသယများဖြင့် ထုတ်ဖော်ပြောဆိုခဲ့တာပါ။ F-35 လေယာဉ်များအားလုံးမှာတော့ အဆင့်မြင့း azimuth (၃၆၀ ဒီဂရီ) အာရုံခံ ကိရိယာနှင့် ကြည့်ရှုနိုင်သောစွမ်းရည်များပါရှိပါတယ်။
ဘဏ္ဘာရေးအခြေအနေများဟာ ရုရှား၏ အာကာသ နှင့် ကာကွယ်ရေး ကဏ္ဏ အတွက်နောက်ထပ်အရေးပါသော ပြာဿနာများလဲဖြစ်ပါတယ်။
ရုရှားကာကွယ်ရေးလုပ်ငန်းစုဟာ အနောက်နိုင်ငံများမှ ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ရှုပ်ထွေးပြီး ရုရှားဘဏ်လုပ်ငန်းကဏ္ဏမှ Su-57 ကဲ့သို့သော မျိုးဆက်သစ်နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန် အဓိကအားဖြင့် မှီခိုနေရတာလဲဖြစ်ပါတယ်။
ထို့အပြင်ရုရှားနိုင်ငံအနေဖြင့် Su-57 ကို ပူးတွဲဖွံ့ဖြိုးတိုးတက်မှု နှင့် နိုင်ငံတကာမိတ်ဖက်များသို့ရောင်းချခြင်းတွင်လည်း အခက်အခဲများစွာကြုံတွေ့ခဲ့ရပါတယ်။
အိန္ဒိယဟာ၂၀၀၇ ခုနှစ်အတွင်းက Su-57 နှင့် ပတ်သက်ပြီး ရုရှားနှင့်ပူးတွဲဖွံ့ဖြိုးတိုးတက်ရေးသဘောတူညီချက်ကိုချုပ်ဆိုခဲ့သော်လည်း၊ အိန္ဒိယက ဖွံ့ဖြိုးမှုနှောင့်နှေးမှု၊ နည်းပညာလွှဲပြောင်းမှု နှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများနှင့် ဂျက်အင်ဂျင် ဒုတိယမျိုးဆက်ကို ရုရှားတို့ စွမ်းဆောင်နိုင်စွမ်းမရှိခြင်းတို့ကြောင့် အိန္ဒိယဟာ၂၀၁၈ ခုနှစ်တွင် သဘောတူညီချက်ကို ဖျက်သိမ်းခဲ့ပါတယ်။
2019 ခုနှစ်မှာတော့ အိန္ဒိယနိုင်ငံက သူတို့ကိုယ်ပိုင် ပဉ္စမမျိုးဆက်တိုက်လေယာဉ်များတီထွင်မည်ဟုကြေငြာခဲ့ပြီး အိန္ဒိယလေတပ်ဦးစီးချုပ်က Su-57 ကို ဝယ်ဖို့အစီအစဉ်မရှိတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။
၂၀၁၉ ခုနှစ်ဒီဇင်ဘာလတော့ အယ်လ်ဂျီးရီးယားနိုင်ငံဟာ တစ်ခုတည်းသောပို့ကုန် ၀ယ်သူဖြစ်လာပြီး Su-57 တိုက်လေယာဉ် ၁၂ စီး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ရုရှားက လေယာဉ်တွေကိုရောင်းဖို့ကြိုးစားနေပေမယ့် ၂၀၂၀ ပြည့်လွန်နှစ်တွေမတိုင်ခင်ထိ အပြည့်အ၀ တီထွင်ထားပြီး ထုတ်လုပ်နိုင်တဲ့ Su-57 ကိုရောင်းချနိုင်လိမ့်မယ်လို့မထင်ပါဘူး” ဟု Bauer ကပြောကြားခဲ့ပါတယ်။
Knowledgeworms Copyright © 2021