အမေရိကန်လေတပ်၏ နောက်ဆုံး စမ်းသပ်နေတဲ့ ဟိုက်ပါဆိုးနစ် ဒုံးကျည် AGM-183A စမ်းသပ်မှုဟာ ဒုတိယအကြိမ်မြောက် မအောင်မမြင် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒီ AGM-183A ဟိုက်ပါဆိုးနစ် ဒုံးကျည်ဟာ ဝေဟင်မှ ပစ်ခတ်နိုင်တဲ့ Air-Launched Rapid Response Weapon (ARRW) အမျိုးအစား ဒုံးကျည် ဖြစ်ပါတယ်။
ဒီ သတင်းကို ဇူလိုင်လ ၂၉ ရက်နေ့ကတည်းက ထုတ်ပြန်ခဲ့တာဖြစ်ပြီး အမေရိကန်လေတပ်မှ ဒီ ဒုံးကျည်ကို B-52 ဗုံးကြဲလေယာဉ်ကြီးမှ လွှတ်ချသည့်အချိန်တွင် အလုပ်မလုပ်ခဲ့ဖူးလို့ ဆိုပါတယ်။
ကြေငြာချက်တွင် “၎င်းဟာ ပျံသန်းရန် ရည်ရွယ်ချက်များ အားလုံးကို မပြည့်မှီခဲ့သော်လည်း စမ်းသပ်မှုဟာ ၂၀၂၀ ခုနှစ်များအစောပိုင်း ဟိုက်ပါဆိုးနစ် စွမ်းဆောင်ရည်ကို စစ်မြေပြင်ရောက်ရှိလာရန် ဦးတည်နေသောကြောင့် စမ်းသပ်မှုများစွာကို သရုပ်ပြခဲ့ပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။

ဒုံးကျည်ဟာ လေယာဉ်မှ အဆင်ပြေစွာ ခွဲထွက်နိုင်ခဲ့ပြီး GPS အချက်အလက်များ ရယူခြင်း၊ ချည်နှောင်ထားသောကြိုးများ ဖြတ်တောက်ခြင်း၊ လေယာဉ်မှ ဒုံးကျည်သို့ စွမ်းအင်လွှဲပြောင်းခြင်းများ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် လေယာဉ်ကို ထိခိုက်မှု မရှိစေဘဲ အောင်မြင်စွာ ခွာ ထွက်နိုင်ခြင်းကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီလို လုံခြုံစိတ်ချရသည့် ခွဲထွက်မှုများ ပြုလုပ်ပြီးနောက် ဒုံးကျည်၏ အင်ဂျင်ဟာ အလုပ်မလုပ်ခဲ့တာ ဖြစ်ပါတယ်။
ARRW ထုတ်လုပ်ရေး အဖွဲ့ဟာ သတိကြီးသည့် စွန့်စားမှုနှင့် အစီအစဉ်၏ လျှင်မြန်တဲ့ တိုးတက်မှုတို့ကြားမှာ ဟန်ချက်ညီအောင် ကြိုးစားနေပြီး ရှေ့ပြေးပုံစံ ထုတ်လုပ်မှုမှာ ဆက်လက် တိုးတက်နေဆဲ ဖြစ်ပါတယ်။
အမေရိကန်လေတပ်၏ လက်နက်များဆိုင်ရာ စီမံကိန်း အမှုဆောင်အရာရှိ ဗိုလ်မှူးချုပ် Heath Collins က ဒီလို ပထမဆုံး ဒုံးကျည်အမျိုးအစား များကို ထုတ်လုပ်ဖို့ရာ ခက်ခဲ့တဲ့အတွက် စမ်းသပ်နေရတာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ၎င်းတို့ လေတပ်တွင် ဘာပဲဖြစ်ဖြစ် ချက်ချင်း ပြင်နိုင် တုန့်ပြန်နိုင်တဲ့ အဖွဲ့ရှိပြီးတော့ ဒီဒုံးကျည်ကို တိုက်လေယာဉ်တွေမှာ အသုံးပြုနိုင်ဖို့ မြန်နိုင်သမျှ မြန်အောင် ကြိုးစားနေပါတယ်လို့ ပြောပါတယ်။

အက်ဝါ့ဒ် အခြေစိုက် အမှတ် ၄၁၉ စမ်းသပ်ပျံသန်းရေး အုပ်နှင့် ကမ္ဘာလုံးဆိုင်ရာ ဗုံးကြဲလေယာဉ်ပူးပေါင်း စမ်းသပ်မှု အဖွဲ့တို့ဟာ ဒီစမ်းသပ်မှုကို လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
ARRW ဟာ ၂၀၂၀ ခုနှစ်များ အစောပိုင်းကစပြီး တိုက်လေယာဉ်များတွင် သမားရိုးကျ ထိပ်ဖူးဖြင့် တပ်ဆင်အသုံးပြုနိုင်ဖို့ စမ်းသပ်နေတဲ့ ဟိုက်ပါဆိုးနစ် ဒုံးကျည်လည်း ဖြစ်ပါတယ်။
ဒီ ဒုံးကျည်ထုတ်လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ တန်ဖိုးမြင့် ပစ်မှတ်များကို ချေမှုန်းဖို့ နှင့် အချိန်အထိခိုက် မခံတဲ့ ပစ်မှတ်များကို အလျှင်အမြန် သုတ်သင်ဖို့ ဖြစ်ပါတယ်။
ဒါ့အပြင် တိကျစွာ ထိရောက်ဖို့အတွက် ဒီဇိုင်းဆွဲထားပြီး လေကာများ ထူထဲစွာ ချထားသည့် နယ်မြေထဲသို့ ထိုးဖောက် ဝင်ရောက်နိုင်ပါတယ်။
ARRW ဟာ အမေရိကန်လေတပ်၏ ရှေ့ပြေး ပုံစံ ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ ဒုံးကျည် ၂ မျိုးထဲက တမျိုး ဖြစ်ပါတယ်။
Knowledgeworms Copyright © 2021