ရုရှားတိုက်လေယာဉ်သစ်ကို အမည်ပြောင် ပေးလိုက်တဲ့ အမေရိကန်ထောက်လှမ်းရေး

News

အမေရိကန် ထောက်လှမ်းရေးမှ MAKS 2021 လေကြောင်း ပြပွဲတွင် ပြသမည့် ရုရှားတို့၏ မျိုးဆက်သစ် အင်ဂျင် တလုံးတပ် တိုက်လေ ယာဉ် သစ်ကို အမည်ပြောင် ပေးထားကြောင်း ပြောပါတယ်။

ရုရှား မီဒီယာများမှ ဒီ လေယာဉ်သစ်ကို Sukhoi လေယာဉ်ထုတ်လုပ်ရေးမှ ထုတ်လုပ်ထားတာဖြစ်ပြီး အပေါ့စား နည်းဗျူဟာမြောက်တိုက် ခိုက် ရေး လေယာဉ် ဖြစ်တယ်လို့ သိရပါတယ်။

ဒီလေယာဉ်၏ အမည်၊ စွမ်းဆောင်ရည် နှင့် ဘယ်လို နေရာတွေမှာ ဖြန့်ကျက်အသုံးပြုမယ်ဆိုတာ မသိရသေးပေမယ့် အမေရိကန် ထောက် လှမ်းရေးဌာနကတော့ “Screamer” လို့ နာမည်ပေးထားပြီး ဖြစ်ပါတယ်။

တိုက်လေယာဉ်သစ်၏ ပုံစံသစ်ဟာ အမေရိကန်လုပ် X-32 နှင့် ပုံစံ ဆင်တူသည့် လေဝင်ပေါက် air intake တပ်ဆင်ထားတာကို တွေ့မြင်ရပြီးဖြစ် ပါတယ်။

ဒါ့ကြောင့် အဲဒီ့ လေဝင်ပေါက် air intake ၏ ပုံစံ အသွင်အပြင် ကြောင့် “Screamer” လို့ အမည်ပေးခဲ့တာ ဖြစ်ပါတယ်။

အင်ဂျင် တလုံးတပ် တိုက်လေယာဉ်သစ်ဟာ အမေရိကန်တို့၏ F-35 တိုက်လေယာဉ်နှင့် ပုံစံ ဆင်တူပြီး ရုရှား၏ လက်တွဲဖော်ဖြစ်သည့် တရုတ်လုပ် အင်ဂျင် ၂ လုံးတပ် အလယ်အလတ်အရွယ်အစားရှိ FC-31 ပဥ္စမမျိုးဆက် တိုက်လေယာဉ်၏ ဒီဇိုင်းကိုလည်း ယူသုံးထားပါတယ်။

ရုရှား လေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီ Sukhoi မှ “Checkmate” လို့နာမည်ပေးထားတဲ့ ဒီတိုက်လေယာဉ်ကို လာမယ့် အင်္ဂါနေ့တွင် ကျင်းပမည့် MAKS 2021 လေကြောင်းပြပွဲတွင် ပြသမည့်အကြောင်းကို ဖော်ပြခဲ့ဖူးပြီး ဖြစ်ပါတယ်။

ဒီတိုက်လေယာဉ်နှင့် ပတ်သက်လို့ ၂၀၂၀ အစောပိုင်းကာလများမှာလည်း အွန်လိုင်းပေါ်တွင် ဓာတ်ပုံအချို့ ပေါက်ကြား လာခဲ့ဖူးပါတယ်။

ဒီဓာတ်ပုံနှင့် ပတ်သက်ပြီး ရုရှား ဂျာနယ်တစ်ခုဖြစ်တဲ့ BMPD ကတော့ ရုရှား ဒုဝန်ကြီးချုပ် ယူရီ ဘော်ရီဆော့ ရဲ့ စားပွဲပေါ်မှာ တွေ့မြင်ခဲ့ရတဲ့ တိုက်လေယာဉ်အသစ်ရဲ့ ပုံကို ကိုးကားပြီး သုံးသပ်ပြထားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဓာတ်ပုံတွင် အမေရိကန် ဘိုးအင်း ကုမ္ပဏီမှ ထုတ်လုပ်ခဲ့သည့် X-32 နှင့် ဆင်တူသည့် air intake ကို တပ်ဆင်ထားတဲ့ လေယာဉ်ပုံစံငယ်အကြောင်းကို အရင်လတုန်းက ကျွန်တော်တို့ Knowledgeworms မှာ ဖော်ပြခဲ့ပါတယ်။

ရုရှား စစ်ရေးကျွမ်းကျင်သူ ရော့ဘ်လီ ကလည်း ဒီလေယာဉ်သစ်ဟာ Su-57 မှာ အသုံးပြုထားတဲ့ Izdeliye 30 အင်ဂျင်ကိုသာ အသုံးပြုထားတဲ့အတွက် ၁၈ တန်လေးတဲ့ တိုက်လေယာဉ်အတွက် အသံထက် ၂ ဆ လောက်သာ ပျံသန်းနိုင်မယ်လို့ ဆိုဖူးပါတယ်။

ရုရှားတို့၏ တိုက်လေယာဉ်ကို မကြာခင်မှာ မြင်တွေ့ရမှာ ဖြစ်ပြီး ဒီ စီမံကိန်းဟာ ၂၀၁၁ ခုနှစ်လောက်ကတည်းက လုပ်ဆောင်နေခဲ့တာ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတဦးက ရုရှားမီဒီယာ တခုဖြစ်တဲ့ TASS ကို ပြောပြခဲ့ဖူးပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *