US က ဖိလစ်ပိုင်ကို F-16 တိုက်လေယာဉ်များ၊ ဒုံးကျည်များရောင်းချမည်

Military News

အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက F-16 တိုက်လေယာဉ်များကို ဖိလစ်ပိုင်သို့ ရောင်းချရန်အတည်ပြုလိုက်ပါတယ်။

ပင်တဂွန်ရဲ့ အဆိုအရ ဖိလစ်ပိုင်နိုင်ငံဟာ Sidewinder နှင့် Harpoon ဒုံးကျည်များကိုလည်း လက်ခံရရှိလိမ့်မည် ဖြစ်ပါတယ်။ အဆိုပါသဘောတူညီချက်မှာဒေါ်လာ ၂.၉ ဘီလီယံတန်ကြေးရှိပြီး ၎င်းတွင် F-16 လေယာဉ် တစ်ဒါဇင်ပါဝင်မှာပါ။

ပင်တဂွန်က ပြောကြားရာမှာတော့ ဖိလစ်ပိုင်နိုင်ငံဟာ Lockheed Martin ရဲ့ F-16C Block 70/72 လေယာဉ် ၁၀ စီးနှင့် F-16D Block 70/72 လေယာဉ် ၂ စီးအား တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။

သဘောတူညီချက်ရဲ့ အချိန်ဇယားကို မသတ်မှတ်ရသေးသော်လည်း ပင်တဂွန်က ပြောကြားရာမှာ‌‌ ၎င်းသည်ဖိလစ်ပိုင်သို့ ဒုံးကျည်နှစ်စင်းရောင်းချရန်ဖြစ်နိုင်ကြောင်း ကွန်ဂရက်ကိုအကြောင်းကြားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

Harpoon Air-Launched Block II ဒုံးကျည်များကို Boeing မှထုတ်လုပ်ထားတာပါ။

ကာကွယ်ရေးဌာနက ရောင်းချမှုဟာ မဟာဗျူဟာမြောက်မိတ်ဖက်များ၏ လုံခြုံရေးကို တိုးတက်စေရန်ကူညီခြင်းဖြစ်ပြီး ဖိလစ်ပိုင်၏လက်ရှိနှင့်အနာဂတ်ခြိမ်းခြောက်မှုများကို ဖြေရှင်းခြင်းဖြင့် နိုင်ငံခြားရေးပေါ်လစီနှင့်အမျိုးသားလုံခြုံရေးကို အထောက်အကူပြုလိမ့်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဤအဆိုပြုထားသော ရောင်းချမှု၏ ရလဒ်အနေဖြင့် အမေရိကန်ရဲ့ကာကွယ်ရေးအဆင်သင့်ဖြစ်မှုအပေါ် ဆိုးကျိုးသက်ရောက်လိမ့်မည်မဟုတတ်‌ကြောင်းလဲ ကာကွယ်ရေးဌာနက ဆိုပါတယ်။

ဖိလစ်ပိုင်ဟာ သြဂုတ်လတွင် သက်တမ်းကုန်ဆုံးမည့် Visiting Forces Agreement (VFA) ကို အစောပိုင်းကရပ်ဆိုင်းခဲ့ပါတယ်။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *