စစ်ရေး အကြီးအကျယ် လေ့ကျင့်ဖို့ B-52 များကို အင်ဒို-ပစိဖိတ်ဒေသသို့ စေလွှတ်

News

အမေရိကန်လေတပ်ဟာ B-52 Stratofortresses ဗျူဟာမြောက် ဗုံးကြဲလေယာဉ်ကြီးများကို အင်ဒို ပစိဖိတ် ဒေသသို့ စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

ဒီကြေငြာချက်ကို ဇူလိုင်လ ၁၄ ရက်နေ့က ကြေငြာခဲ့တာဖြစ်ပြီး ပစိဖိတ်ဒေသ ဗုံးကြဲလေယာဉ်တပ်ဖွဲ့အတွက် ပံ့ပိုးရန် လေတပ်သားများနှင့် အထောက်အကူပြု ပစ္စည်များကိုပါ ဒါကိုတာပြည်နယ် မြောက်ပိုင်း Minot လေတပ်အခြေစိုက်စခန်းမှ အင်ဒိုပစိဖိတ် ဒေသသို့ ပေးပို့ ပေးခဲ့တာလို့ သိရပါတယ်။

ဒီ ဗုံးကြဲလေယာဉ် တပ်ဖွဲ့ဟာ အင်ဒို-ပစိဖိတ်ဒေသရှိ အမေရိကန်တို့ ကတိကဝတ်ရှိသည့်အတိုင်း ၎င်း၏ မဟာမိတ်များ၊ လက်တွဲဖော်များ အပြင် တကမ္ဘာလုံး လေကြောင်း တိုက်ခိုက်ရေး စွမ်းရည်ဖြင့် ဗျူဟာမြောက် အဟန့်အတားများကို အချိန်မရွေး နေရာမရွေး ထောက်ပံ့ပေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတာကို ပြသတာပဲ ဖြစ်ပါတယ်။

ဒီ တပ်ဖြန့်မှုမှာ မဟာမိတ်များနှင့် လက်တွဲဖော်နိုင်ငံများနှင့် TALISMAN SABER 2021 စစ်ရေးလေ့ကျင့်မှု အတွက် အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။

TALISMAN SABER 2021 ဟာ အမေရိကန်နှင့် ဩစတေးလျနိုင်ငံတို့ ပူးပေါင်း ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး မည်သည့် နိုင်ငံခြားတပ်သားမဆို ဆိုက်ရောက်ပါက ၁၄ ရက် ကွာရန်တင်း ဝင်ရမှာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုဟာ မဟာမိတ်များ၊ လက်တွဲဖော်များ နှင့် အပြန်အလှန် ဆက်သွယ်နိုင်မှုကို တိုးမြင့်စေပြီး လွတ်လပ်ပြီး ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ် ဒေသကို အထောက်ကူပြုဖို့ စုပေါင်းစွမ်းရည်ကို ပိုမို ခိုင်မာ စေမှာဖြစ်ပါတယ်။

နိုင်ငံ ကာကွယ်ရေး မဟာဗျူဟာအရ ဗျူဟာမြောက် ကြိုတင်ခန့်မှန်းနိုင်ပြီး စစ်ဆင်ရေးအရ ကြိုတင်ခန့်မှန်းလို့ မရသည့် အရာများအတွက် အချိန်မရွေး နေရာမရွေး ဗျူဟာမြောက် ဗုံးကြဲလေယာဉ်တပ်ဖွဲ့ဟာ လုပ်ဆောင်နိုင်ခွင့် ရှိမှာ ဖြစ်ပါတယ်။

ဗုံးကြဲလေယာဉ်တပ်ဖွဲ့၏ စစ်ဆင်ရေးများဟာ အမေရိကန် မဟာဗျူဟာမြောက် စစ်ဌာနချုပ်အတွက် အင်ဒို-ပစိဖိတ် ဒေသ၏ မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုများ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ရာ အတွက်အဆင်သင့် ဖြစ်မှုကို ပုံမှန် အကဲဖြတ်ရန် နှင့် သုံးသပ်နေရန် နည်းလမ်းတစ်ခုဖြစ်ပါတယ်။

ဒီစစ်ရေး လေ့ကျင့်မှုမှာ နိုင်ငံအများအပြား ပါဝင်မှာဖြစ်ပြီး အမေရိကန် နှင့် ဩစတေးလျအပြင် ကနေဒါ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယားနှင့် ဗြိတိန်တို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဩစတေးလျမှာ ရှိနေတဲ့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ပြင်သစ်နှင့် ဂျာမနီ စစ်ဘက်ဆိုင်ရာ အရာရှိများမှလည်း လာရောက် ကြည့်ရှုကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

Talisman Saber 2021 ဟာ ကိုးကြိမ်မြောက် လေ့ကျင့်မှုဖြစ်ပြီး စစ်တပ် အင်အားပြင်ဆင်မှုများ၊ ကုန်းရေ နှစ်သွယ် ကမ်းတပ်စစ်ဆင်ရေးများ၊ မြေပြင်တပ်ဖွဲ့ စစ်ကစားမှုများ၊ မြို့ပြ စစ်ဆင်ရေးများ၊ လေကြောင်းတိုက်ခိုက်ရေးများနှင့် ရေကြောင်း စစ်ဆင်ရေးများ ပါဝင်ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *