လစ်ဗျားစစ်မြေပြင်မှာ ဖမ်းဆီးရမိထားတဲ့ ရုရှားလုပ် လေကြောင်းရန်ကာကွယ်ရေးစနစ် Pantsir-S1 ကို အမေရိကန်စစ်တပ်ပိုင် C-17 Globemaster III စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် သယ်ဆောင်ကာ ဇွန်လ ၂၀၂၀ က ဂျာမနီရှိ ရမ်စတိန်း လေတပ်အခြေစိုက်စခန်းသို့ ပျံသန်းခဲ့ကြောင်း ဗြိတိန် The Times သတင်းစာမှ ဖော်ပြထားပါတယ်။
Pantsir S-1 တွေဟာ စစ်ဒဏ်ခံနေရတဲ့မြောက်အာဖရိကနိုင်ငံရှိ ပြည်သူ့စစ်များ သို့မဟုတ် လက်နက်မှောင်ခိုရောင်းဝယ်သူများ၏ လက်သို့ကျရောက်သွားပါက အရပ်သားလေယာဉ်များကို အလွယ်တကူပစ်ချနိုင်ခြေ ရှိသောကြောင့် ထိုစစ်ဆင်ရေးကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ လစ်ဗျားဟာ ၂ ခြမ်းကွဲကာ ပြည်တွင်းစစ်ဖြစ်နေကာ အရှေ့ပိုင်းရှိ ကာလီဖာဟက်ဖ်တာခေါင်းဆောင်တဲ့ အစိုးရ LNA ကို ရုရှား၊ အီဂျစ်နှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့က ကျောထောက်နောက်ခံပေးထားတာဖြစ်ပြီး မြို့တော်ထရီပိုလီ အခြေစိုက် နိုင်ငံတကာအသိအမှတ်ပြု GNA အစိုးရကိုတော့ တူရကီက ကျောထောက်နောက်ခံပြုပေးနေတာပါ။
UAE မှထောက်ပံပေးတဲ့ Pantsir-S1 (Sa-22) များဟာ ဂျာမနီလုပ် 8×8 MAN SX ထရပ်ကားကိုယ်ထည်နှင့် အသုံးပြုထားတာဖြစ်ပေမယ့် Forbes မဂ္ဂဇင်းမှ မေလတုန်းက ဖော်ပြထားသောပုံများအရ ရုရှားလုပ်ကိုယ်ထည် 8x8KAMAZ-6560 ကိုအသုံးပြုထားတာ တွေ့ရှိရပါတယ်။ ကိုယ်ထည်တွေကွဲပြားပေမယ့် အဓိက စနစ်ကတော့ အတူတူပဲဖြစ်ပါတယ်။

Pansir-S1 မှာ 57E-series လမ်းညွှန်မစ်ဇိုင်း ၆ လုံးတပ်ဆင်ထားသည့်အပြင် ၃၀ မီလီမီတာ ရှိတဲ့ ဝေဟင်ရော မြေပြင်အတွက်ရောပါ အသုံးပြုနိုင်တဲ့ စက်အမြောက် ၂ လက်လဲ ပါရှိပါတယ်။ ယာဉ်ပေါ်တွင် ရေဒါစနစ်ပါရှိပြီး တာဝေးအနီအောက်ရောင်ခြည်ဖြင့် ပစ်မှတ်ရှာစနစ်ပါရှိပါတယ်။
တပ်ဆင်ထားတဲ့ မစ်ဇိုင်းဟာ မိုင် ၂၀ အကွာရှိပစ်မှတ် နှင့် ပေ ၅ သောင်းကျော်အမြင့်မှာရှိတဲ့ ပစ်မှတ်တွေကို ပစ်ခတ်နိုင်ပါတယ်။ ဒီစနစ်ဟာ အနိမ့်ပျံသန်းလာတဲ့ ရန်သူ့လေကြောင်းအန္တရာယ်ကို အနီးကပ်ချေမှုန်းနိုင်ဖို့ ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။ အဓိကအားဖြင့် ခရုဇ်မစ်ဇိုင်းတွေ၊ မောင်းသူမဲ့လေယာဉ်တွေ၊ ဗျူဟာမြောက်လေယာဉ်တွေအပြင် ဝေဟင်မှမြေပြင်ပစ် လက်နက်တွေကိုတောင် ပစ်ချကာကွယ်နိုင်ပါတယ်။
အမေရိကန်လုပ် MQ-9 လို့ယူဆရတဲ့ မောင်းသူမဲ့လေယာဉ် တစ်စီးဟာ ၂၀၁၉ ခုနှစ်လောက်က လစ်ဗျားနိုင်ငံ ထရီပိုလီမြို့အနီးမှာ ပစ်ချခံရဖူးပါတယ်။ ဒီဖြစ်ရပ်ဟာ ရုရှားလုပ် Pantsir-S1 တွေလက်ချက်ဖြစ်မယ်လို့ The Times သတင်းစာက ပြောပါတယ်။ ဒါ့အပြင် Pantsir-S1 တွေကို မောင်းသူမဲ့လေယာဉ်တွေနှင့် ဖျက်ဆီးခံခဲ့ရတဲ့ ဗီဒီယိုတွေလည်း ရှိပါတယ်။

Pantsir-S1 ဟာ လစ်ဗျားနှင့် ဆီးရီးယားမှာ အကြီးအကျယ် ဆုံးရှုံးမှုတွေကြုံခဲ့ရပြီး စွမ်းဆောင်ရည်ပိုင်းမှာ နာမည်ကောင်းရော နာမည်ဆိုးရော ဒွန်တွဲနေတာပါ။ အမေရိကန်တို့ ရရှိသွားတဲ့ဟာကတော့ export version ဖြစ်ပြီး ရုရှားလေတပ်ဂျက်လေယာဉ်တွေမှာသုံးတဲ့ ရန်သူ၊ မိတ်ဆွေခွဲခြားတဲ့ ကုဒ်တွေကိုတော့ ဖယ်ရှားပြီးသားဖြစ်တယ်လို့ ရုရှားအရာရှိတစ်ယောက်က ပြောပါတယ်။
အမေရိကန်အနေနဲ့ကတော့ ၂၀၁၂ ကတည်းက ထုတ်လုပ်ခဲ့တဲ့ ဒီ Pantsir-S1 တွေကို တခြားရင်းမြစ်က ဝယ်ယူမှု ရှိခဲ့ဖူးလား မသေချာပေမယ့် UAE အနေဖြင့်တော့ လေ့လာခွင့် မပေးခဲ့ပါဘူး။ ရုရှားပစ္စည်းများကိုလေ့လာခြင်းဖြင့် အမေရိကန်တို့အနေဖြင့် တန်ဖိုးရှိတဲ့ အချက် အလက်များစွာရရှိနိုင်ပါတယ်။
တချို့အစိတ်အပိုင်းများ ပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ထုတ်လုပ်မှုအရည်အသွေးကို လေ့လာနိုင်ရုံသာမက လက်ရှိရုရှားတို့၏ စက်မှုလုပ်ငန်းစွမ်းရည်များကို သိမြင်နိုင်မှာဖြစ်ပါတယ်။ အမေရိကန်ဟာ ယခင်ကတည်းက ဒီလိုမျိုး ရန်သူ့နိုင်ငံများမှ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေကို ရယူကာ လျှို့ဝှက်အဖွဲ့များဖွဲ့စည်းပြီး စစ်ဘက်ဆိုင်ရာလေ့ကျင့်ခန်းများတွင် အသုံးပြုလေ့ရှိပါတယ်။
The Drive, The Times နှင့် Forbes သတင်းများမှ ဆီလျှော်အောင် အတိုခြုံး ဖော်ပြပါသည်။

ZawGyi
လစ္ဗ်ားစစ္ေျမျပင္မွာ ဖမ္းဆီးရမိထားတဲ့ ႐ုရွားလုပ္ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ Pantsir-S1 ကို အေမရိကန္စစ္တပ္ပိုင္ C-17 Globemaster III စစ္ဘက္ဆိုင္ရာ သယ္ယူပို႔ေဆာင္ေရးေလယာဥ္ျဖင့္ သယ္ေဆာင္ကာ ဇြန္လ ၂၀၂၀ က ဂ်ာမနီရွိ ရမ္စတိန္း ေလတပ္အေျခစိုက္စခန္းသို႔ ပ်ံသန္းခဲ့ေၾကာင္း ၿဗိတိန္ The Times သတင္းစာမွ ေဖာ္ျပထားပါတယ္။
Pantsir S-1 ေတြဟာ စစ္ဒဏ္ခံေနရတဲ့ေျမာက္အာဖရိကႏိုင္ငံရွိ ျပည္သူ႔စစ္မ်ား သို႔မဟုတ္ လက္နက္ေမွာင္ခိုေရာင္းဝယ္သူမ်ား၏ လက္သို႔က်ေရာက္သြားပါက အရပ္သားေလယာဥ္မ်ားကို အလြယ္တကူပစ္ခ်ႏိုင္ေျခ ရွိေသာေၾကာင့္ ထိုစစ္ဆင္ေရးကို ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။
လက္ရွိမွာ လစ္ဗ်ားဟာ ၂ ျခမ္းကြဲကာ ျပည္တြင္းစစ္ျဖစ္ေနကာ အေရွ႕ပိုင္းရွိ ကာလီဖာဟက္ဖ္တာေခါင္းေဆာင္တဲ့ အစိုးရ LNA ကို ႐ုရွား၊ အီဂ်စ္ႏွင့္ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စုတို႔က ေက်ာေထာက္ေနာက္ခံေပးထားတာျဖစ္ၿပီး ၿမိဳ႕ေတာ္ထရီပိုလီ အေျခစိုက္ ႏိုင္ငံတကာအသိအမွတ္ျပဳ GNA အစိုးရကိုေတာ့ တူရကီက ေက်ာေထာက္ေနာက္ခံျပဳေပးေနတာပါ။
UAE မွေထာက္ပံေပးတဲ့ Pantsir-S1 (Sa-22) မ်ားဟာ ဂ်ာမနီလုပ္ 8×8 MAN SX ထရပ္ကားကိုယ္ထည္ႏွင့္ အသုံးျပဳထားတာျဖစ္ေပမယ့္ Forbes မဂၢဇင္းမွ ေမလတုန္းက ေဖာ္ျပထားေသာပုံမ်ားအရ ႐ုရွားလုပ္ကိုယ္ထည္ 8x8KAMAZ-6560 ကိုအသုံးျပဳထားတာ ေတြ႕ရွိရပါတယ္။ ကိုယ္ထည္ေတြကြဲျပားေပမယ့္ အဓိက စနစ္ကေတာ့ အတူတူပဲျဖစ္ပါတယ္။
Pansir-S1 မွာ 57E-series လမ္းၫႊန္မစ္ဇိုင္း ၆ လုံးတပ္ဆင္ထားသည့္အျပင္ ၃၀ မီလီမီတာ ရွိတဲ့ ေဝဟင္ေရာ ေျမျပင္အတြက္ေရာပါ အသုံးျပဳႏိုင္တဲ့ စက္အေျမာက္ ၂ လက္လဲ ပါရွိပါတယ္။ ယာဥ္ေပၚတြင္ ေရဒါစနစ္ပါရွိၿပီး တာေဝးအနီေအာက္ေရာင္ျခည္ျဖင့္ ပစ္မွတ္ရွာစနစ္ပါရွိပါတယ္။
တပ္ဆင္ထားတဲ့ မစ္ဇိုင္းဟာ မိုင္ ၂၀ အကြာရွိပစ္မွတ္ ႏွင့္ ေပ ၅ ေသာင္းေက်ာ္အျမင့္မွာရွိတဲ့ ပစ္မွတ္ေတြကို ပစ္ခတ္ႏိုင္ပါတယ္။ ဒီစနစ္ဟာ အနိမ့္ပ်ံသန္းလာတဲ့ ရန္သူ႔ေလေၾကာင္းအႏၲရာယ္ကို အနီးကပ္ေခ်မႈန္းႏိုင္ဖို႔ ဒီဇိုင္းဆြဲထားတာျဖစ္ပါတယ္။ အဓိကအားျဖင့္ ခ႐ုဇ္မစ္ဇိုင္းေတြ၊ ေမာင္းသူမဲ့ေလယာဥ္ေတြ၊ ဗ်ဴဟာေျမာက္ေလယာဥ္ေတြအျပင္ ေဝဟင္မွေျမျပင္ပစ္ လက္နက္ေတြကိုေတာင္ ပစ္ခ်ကာကြယ္ႏိုင္ပါတယ္။
အေမရိကန္လုပ္ MQ-9 လို႔ယူဆရတဲ့ ေမာင္းသူမဲ့ေလယာဥ္ တစ္စီးဟာ ၂၀၁၉ ခုႏွစ္ေလာက္က လစ္ဗ်ားႏိုင္ငံ ထရီပိုလီၿမိဳ႕အနီးမွာ ပစ္ခ်ခံရဖူးပါတယ္။ ဒီျဖစ္ရပ္ဟာ ႐ုရွားလုပ္ Pantsir-S1 ေတြလက္ခ်က္ျဖစ္မယ္လို႔ The Times သတင္းစာက ေျပာပါတယ္။ ဒါ့အျပင္ Pantsir-S1 ေတြကို ေမာင္းသူမဲ့ေလယာဥ္ေတြႏွင့္ ဖ်က္ဆီးခံခဲ့ရတဲ့ ဗီဒီယိုေတြလည္း ရွိပါတယ္။
Pantsir-S1 ဟာ လစ္ဗ်ားႏွင့္ ဆီးရီးယားမွာ အႀကီးအက်ယ္ ဆုံးရႈံးမႈေတြႀကဳံခဲ့ရၿပီး စြမ္းေဆာင္ရည္ပိုင္းမွာ နာမည္ေကာင္းေရာ နာမည္ဆိုးေရာ ဒြန္တြဲေနတာပါ။ အေမရိကန္တို႔ ရရွိသြားတဲ့ဟာကေတာ့ export version ျဖစ္ၿပီး ႐ုရွားေလတပ္ဂ်က္ေလယာဥ္ေတြမွာသုံးတဲ့ ရန္သူ၊ မိတ္ေဆြခြဲျခားတဲ့ ကုဒ္ေတြကိုေတာ့ ဖယ္ရွားၿပီးသားျဖစ္တယ္လို႔ ႐ုရွားအရာရွိတစ္ေယာက္က ေျပာပါတယ္။
အေမရိကန္အေနနဲ႔ကေတာ့ ၂၀၁၂ ကတည္းက ထုတ္လုပ္ခဲ့တဲ့ ဒီ Pantsir-S1 ေတြကို တျခားရင္းျမစ္က ဝယ္ယူမႈ ရွိခဲ့ဖူးလား မေသခ်ာေပမယ့္ UAE အေနျဖင့္ေတာ့ ေလ့လာခြင့္ မေပးခဲ့ပါဘူး။ ႐ုရွားပစၥည္းမ်ားကိုေလ့လာျခင္းျဖင့္ အေမရိကန္တို႔အေနျဖင့္ တန္ဖိုးရွိတဲ့ အခ်က္ အလက္မ်ားစြာရရွိႏိုင္ပါတယ္။
တခ်ိဳ႕အစိတ္အပိုင္းမ်ား ျပဳလုပ္ရာတြင္ အသုံးျပဳသည့္ ပစၥည္းမ်ားႏွင့္ ထုတ္လုပ္မႈအရည္အေသြးကို ေလ့လာႏိုင္႐ုံသာမက လက္ရွိ႐ုရွားတို႔၏ စက္မႈလုပ္ငန္းစြမ္းရည္မ်ားကို သိျမင္ႏိုင္မွာျဖစ္ပါတယ္။ အေမရိကန္ဟာ ယခင္ကတည္းက ဒီလိုမ်ိဳး ရန္သူ႔ႏိုင္ငံမ်ားမွ စစ္ဘက္ဆိုင္ရာ ပစၥည္းေတြကို ရယူကာ လွ်ိဳ႕ဝွက္အဖြဲ႕မ်ားဖြဲ႕စည္းၿပီး စစ္ဘက္ဆိုင္ရာေလ့က်င့္ခန္းမ်ားတြင္ အသုံးျပဳေလ့ရွိပါတယ္။
The Drive, The Times ႏွင့္ Forbes သတင္းမ်ားမွ ဆီေလွ်ာ္ေအာင္ အတိုၿခဳံး ေဖာ္ျပပါသည္။
Knowledgeworms Copyright © 2021