အလွန်အမင်း စွမ်းအင်မြင့် လေဆာစနစ် အလိုရှိနေတဲ့ အမေရိကန် ကြည်းတပ်

Knowledge

အမေရိကန် ကြည်းတပ်ဟာ လက်ရှိအသုံးပြုနေတဲ့ လေဆာ လက်နက် တွေထက် စွမ်းအား သုံးဆနီးပါးလောက် ပိုကောင်းမယ့် လေဆာ လက်နက် အသစ်ကို အလိုရှိနေတယ်လို့ သိရပါတယ်။

ဒီလက်နက်သစ်အကြောင်းကို ပင်တဂွန်စစ်ဌာနချုပ်၏ အသေးစား ရင်းနှီးမြှုပ်နှံမှု သုတေသန website မှာ နည်းဗျူဟာမြောက် အလွန်အမင်းလှိုင်းတို လေဆာလက်နက် စနစ် အသစ်အတွက် အသိပေးစာ တစ်ခု တင်ခဲ့ပါတယ်။

ကြည်းတပ်ဟာ ဒီလေဆာ လက်နက်ကို ဒရုန်းများကို ကာကွယ်ဖို့ အသုံးပြုနိုင်မယ်လို့ ယုံကြည်ထားပြီး ဒီလက်နက်အစွမ်းဖြင့် ဒရုန်းမှာ တပ်ဆင်ထားတဲ့ အီလက်ထရောနစ် စနစ်များကို ပျက်စီးစေမှာပဲ ဖြစ်ပါတယ်။

လက်ရှိ စစ်ဘက်ဆိုင်ရာသုံး လေဆာ စနစ်များဟာ အဆက်မပြတ်လှိုင်းသုံး လေဆာ စနစ်များဖြစ်ကာ အဆက်မပြတ်သော စွမ်းအင်ရောင်ခြည်ဖြင့် ပစ်မှတ်ကို ပေါက်ကွဲပျက်စီးစေတာပါ။

ဒီအဆက်မပြတ်လှိုင်းသုံး လေဆာစနစ်များဟာ ပန်းထိမ်တွေမှာ သုံးတဲ့ မီးမှုတ်ကိရိယာလိုပဲ ပစ်မှတ်ရဲ့ မျက်နှာပြင်ကို ပူပြင်းစေကာ ပျံသန်းနေတဲ့ ဒရုန်းရဲ့ အစိတ်အပိုင်းကို အရည်ပျော်စေခြင်းဖြင့် ပျံသန်းနိုင်တဲ့ စနစ်ကို ပျက်စီးစေပြီး ပြုတ်ကျစေခြင်း သို့မဟုတ် လောင်စာ သို့ပေါက် ကွဲစေမည့် ပစ္စည်းကို ထိခိုက်စေကာ ပျက်စီးစေခြင်းဖြင့် အလုပ်လုပ် လုပ်တာ ဖြစ်ပါတယ်။

ဒီစနစ်တွေရဲ့ ပြသနာကတော့ ဒီလို ပစ်မှတ်ကို လိုအပ်တဲ့ ထိခိုက်မှု ဖြစ်စေဖို့ ကီလိုဝပ် ပါဝါသုံး အမျိုးအစားတွေမှာတောင် စက္ကန့်အနည်း ငယ်လောက် ပစ်မှတ်ကို လေဆာဖြင့် ထောက်ထားဖို့ လိုပါတယ်။

ယခု စနစ်သစ်မှာတော့ မတူညီတဲ့ နည်းလမ်း ၃ ခုနှင့် ပစ်မှတ်ကို ပျက်ဆီးစေနိုင်တယ်လို့ အမေရိကန် ကြည်းတပ်က ပြောပါတယ်။

အဲဒါတွေကတော့

၁။ လေဆာ လှိုင်းကို အသုံးပြုပြီး ပစ်မှတ်၏ အရာဝတ္ထုများကို ဖယ်ရှားခြင်း နည်းလမ်း (လက်ရှိဆေးပညာတွင် အသေးစားအနေဖြင့် အသုံးပြု)၊

၂။ အဆက်မပြတ်ဖြာထွက်နေသည့် ရောင်စဉ်တန်းကို လေထုမှ တဆင့် စွမ်းအင်ပမာဏကို ပြန့်ပွားစေခြင်းဖြင့် ပစ်မှတ် ၏ အာရုံခံကိရိယာများကို ပျက်စီးစေသောနည်း နှင့်

၃။ ပစ်မှတ်၏ အတွင်းပိုင်း အီလက်ထရောနစ် ပစ္စည်းများကို စွမ်းအင် မတန်တဆ ပို့လွှတ်ခြင်းဖြင့် ပျက်စီးစေခြင်း

စတဲ့ နည်းများ ဖြစ်ပါတယ်။

နောက်ဆုံးနည်းလမ်းကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ Electromagnetic Pulse (EMP) လို့ခေါ်တဲ့ လှိုင်းဟာ ယေဘုယျအားဖြင့် နျူကလီးယား ပေါက်ကွဲဖြစ်စဉ်မှု ဘေးထွက်ဆိုးကျိုးပုံစံမျိုးကဲ့သို့ ယူဆလို့ ရပါတယ်။

ဒီစွမ်းအင်ဟာ အီလက်ထရောနစ် ပစ္စည်းတွေကို ကွဲထွက်သွားခါနီးဖြစ်အောင်၊ ပတ်လမ်းတွေ ပျက်စီးအောင် နှင့် အလုပ်ဆက်မလုပ်နိုင်အောင် ပြုလုပ်နိုင်ပါတယ်။

ဒီလို ဖြစ်စဉ်မျိုးကို သဘာဝအလျှောက် ဖြစ်ခဲ့ဖူးပါတယ်။ အဲဒါကတော့ ၁၈၅၉ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ Carrington Event ပါ။

အဲဒီ့ဖြစ်စဉ်မှာ ပုံမှန်မဟုတ်တဲ့ နေမှ အစုလိုက်အပြုံလိုက် လွင့်ထွက်လာတဲ့ ဆိုလာ အမှုန်များ ထုတ်လွှတ်မှုကြောင့် လျှပ်စစ် သံလိုက် စွမ်းအင်တွေ အများအပြား ထုတ်လွှင့် ခဲ့ရာမှ ကမ္ဘာတလွှားရှိ ကြေးနန်းဝါယာများ အရည်ပျော်ကျ ဖူးပါတယ်။

Russia EMP စနစ် တစ်ခု

ဒါ့ကြောင့် ကန်ကြည်းတပ်ရဲ့ လေဆာစနစ်ကို EMP ရှုထောင့်မှ ကြည့်တဲ့အခါမှာ ဒီစနစ်ဟာ ဒရုန်းတွေကို တားဆီးနိုင်မယ်လို့ အာမခံချက် ပေးနိုင်မည့် ပုံစံ ဖြစ်နေပါတယ်။

လေဆာစနစ်ဟာ ဒရုန်းတွေကို ပြုတ်ကျလာနိုင်အောင် အလုံအလောက် မလောင်ကျွမ်းစေနိုင်ရင်သော်လည်းကောင်း၊ ဒရုန်းရဲ့ အာရုံခံကိရိယာ (GPS ကဲ့သို့) ဟာ လေဆာဖြင့် ပျက်စီးအောင် မလုပ်နိုင်လျှင်သော်လည်းကောင်း EMP စနစ်ကတော့ သေချာပေါက် လုပ်နိုင်ပါလိမ့်မယ်။

တစ်စက္ကန့်၏ အပုံပေါင်း ၁,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ အတွင်းမှာ စွမ်းအင် ၁ ထောင် ဘီလီယံ ဝပ် လောက်အထိ တောင် ရှိသွား နိုင်ပါတယ်တဲ့။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *