အမေရိကန်မှ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အတွင်း အင်အားသုံးမှုအပေါ် တရုတ်အား သတိပေးလိုက်ပြီး တောင်တရုတ်ပင်လယ်ပြင်ရှိ ပိုင်နက်များကို ပိုင်ဆိုင်ကြောင်း စည်းရုံးလှုံ့ဆော်နေမှုများဟာ တရားမဝင်ကြောင်း ထပ်လောင်း အတည်ပြုလိုက်ပါတယ်။
ဒီကိစ္စဟာ တရုတ်နိုင်ငံ၏ ၎င်းရေပိုင်နက်အတွင်းသို့ ဝင်ရောက်လာသည့် ပြင်ပ တိုင်းပြည်မှ ရေယာဉ်များကို ကမ်းရိုးတန်းစောင့်တပ်မှ လက်နက်အသုံးပြုပြီး တိုက်ခိုက်နိုင်တယ်ဆိုတဲ့ ဥပဒေသစ်ကြောင့် ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ ပြောရေးဆိုခွင့်ရှိသူ နတ်ဒ်ပရိုက်စ် က ဒီဥပဒေဟာ ထိုင်ဝမ်နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများ ကိုပါ ခြိမ်းခြောက်ဖို့ အသုံးပြုနိုင်ကြောင်း၊ ထိုင်ဝမ်အပါအဝင် တောင်တရုတ်ပင်လယ်အတွင်း လှုပ်ရှားနေကြသော ရေကြောင်းတပ်ဖွဲ့များအနေဖြင့် ပရော်ဖက်ရှင်နယ် ဆန်စွာဖြင့် ထိန်းထိန်းသိမ်းသိမ်း ပြုမူလုပ်ဆောင်ဖို့ အမှတ်ရပေးဖို့နှင့် နှင့် တရုတ်ဟာ ဥပဒေသစ်ကို တရားမဝင် ကြေငြာထားသည့် တောင်တရုတ်ပင်လယ်အတွင်းမှာ အသုံးပြုလာမှာကို စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဘိုင်ဒန်အစိုးအရဟာလည်း ၂၀၂၀ ဇူလိုင်လက ထုတ်ပြန်ခဲ့တဲ့ တောင်တရုတ်ပင်လယ်နှင့် ပတ်သက်သည့် ကြေငြာချက်ကို မပြောင်းလဲဘဲ ထပ်မံအတည်ပြုကြောင်းကို ပေကျင်းနှင့်ပတ်သက်သည့် ဆက်ဆံရေးတွင် တင်းမာသည့် သဘောထားရှိသောကြောင့် လူသိများတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယို က ပြောကြားထားတာကိုလည်း ပရိုက်စ်က ထပ်မံပြောခဲ့ပါတယ်။
အဆိုပါကြေငြာချက်ထဲမှာ ပွန်ပီယိုက တောင်တရုတ်ပင်လယ်ပြင်အနှံ့ ကမ်းလွန်သယံဇာတများကို ပေကျင်း၏ တောင်းဆိုမှုများဟာ “လုံးဝ ဥပဒေမဲ့” ဖြစ်ကြောင့် ကြေငြာခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ကာလကြာရှည်စွာ တရုတ်ရဲ့ တောင်းဆိုမှုကို ပယ်ချခဲ့သည့်တိုင် ပွန်ပီယိုဟာ အငြင်းပွားမှု ကိစ္စများမှ ထွက်ခွာမသွားဘဲ ဖိလစ်ပိုင်နှင့် ဗီယက်နမ်ကဲ့သို့ အရှေ့ တောင် အာရှနိုင်ငံများကို အပြည့်အဝ ထောက်ခံ နေခဲ့တာပါ။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးသစ် အန်တိုနီ ဘလင်ကန်က အစောပိုင်းမှာ တရုတ်ပင်လယ်ပြင် ဥပဒေသစ်နှင့်ပတ်သက်ပြီး စိုးရိမ်ကြောင်းကို ဂျပန်နိုင်ငံမှ ၎င်းနှင့် အဆင့်တူ နိုင်ငံခြားရေး ဝန်ကြီး တိုရှီမစ်ဆု မိုတယ်ဂျီကို ဖုန်းနှင့် ဆက်သွယ်ပြောကြားခဲ့ပါတယ်။
အဲဒီ့တုန်းက ဘလင်ကန်ဟာ အရှေ့တရုတ်ပင်လယ်ပြင်ရှိ ဆန်ကာကူကျွန်းများ (တရုတ်မှ တျောင်းယွီ ကျွန်းများဟုခေါ်) နှင့်ထိုင်ဝမ်တို့ဟာ အမေရိကန်နှင့် ဂျပန်တို့ တနိုင်ငံနှင့် တနိုင်ငံ ကာကွယ် ဖို့ ကတိကဝတ်ပြုထားသည့် သဘောတူစာချုပ်အောက်မှာ ရှိနေကြောင်းကို ထပ်မံအတည် ပြု ပြောကြားခဲ့ပါတယ်။
ဆန်ကာကူကျွန်းများဟာ လက်ရှိမှာ ဂျပန်နှင့် တရုတ်တို့ အငြင်းပွားနေတဲ့ ကျွန်းများဖြစ်ပါတယ်။ ဂျပန်ကတော့ ဒီ ဆန်ကာကူကျွန်းများဟာ အိုကီနာဝါ စီရင်စုအောက်မှာရှိတဲ့ ကျွန်းတွေဖြစ်တယ်လို့ ကြေငြာထားပါတယ်။
တရုတ်နိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်၏ အမြဲတမ်းကော်မတီဟာ တရုတ်နိုင်ငံ ကမ်းခြေစောင့်ဥပဒေ ကို ဇန်နဝါရီ ၂၂ ရက်နေ့မှာ ပြဌာန်းခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကျင့်သုံးဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
Knowledgeworms Copyright © 2021