အာကာသနှင့်ပတ်သက်ပြီး ပြိုက်ဖက်များစွာရှိပေမယ့် အဓိကအားဖြင့် အမေရိကန်၏ အာကာသဆိုင်ရာ ဦးဆောင်မှုကို ဆက်လက် ထိန်း သိမ်းထားနိုင်ရန် အတွက် တရုတ်နိုင်ငံထက် ရှေ့သို့ ရောက်ရှိနေရမှာ ဖြစ်ပါတယ်။
နျူကလီးယား စွမ်းအင်သုံး အာကာသယာဉ်များကို ဖန်တီးနိုင်ခြင်းအားဖြင့် အမေရိကန်ဟာ တရုတ်နိုင်ငံထက် အာကာသဆိုင်ရာတွင် အားသာမှု ရရှိနိုင်ပြီး အင်္ဂါဂြိုဟ်သို့ ရောက်ရှိဖို့ရာ ၃ လ သို့မဟုတ် ၄ လလောက်သာ အချိန်ယူရမှာ ဖြစ်တယ်လို့ အမေရိကန် အာကာသ အေဂျင် စီက ယူဆထားပါတယ်။
ဒါဟာ သမားရိုးကျ လောင်စာအရည်သုံး ရော့ကတ်များထက် အချိန်အားဖြင့် ထက်ဝက်ခန့် လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
“တရုတ်အပါအဝင် မဟာဗျူဟာမြောက် ပြိုက်ဘက်နိုင်ငံများဟာ နျူကလီးယားစွမ်းအင်နှင့် တွန်းကန်စနစ်အပါအဝင် အာကာသ နည်းပညာများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြလုပ်နေကြပါတယ်။ “

“အမေရိကန်အနေဖြင့် ဦးဆောင်မှုကို ဆက်လက် ထိန်းသိမ်းထားဖို့နှင့် ကမ္ဘာလုံးဆိုင်ရာ အာကာသ အဖွဲ့အစည်းမှာ ခေါင်းဆောင်ဖြစ်နေစေဖို့ အလျှင်အမြန် လမ်းကြောင်းခင်းဖို့ လိုအပ်နေပြီ” လို့ NASA ရှိ ဘတ်ဂျက်နှင့် ဘဏ္ဍာရေး အကြီးတန်း အကြံပေး Bhavya Lal က လွှတ် တော် ကော်မတီကြားနာပွဲတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်နေ့က ပြောကြားခဲ့ပါတယ်။
ဒီလို လှုပ်လှုပ်ရှားရှား ဖြစ်လာမှုဟာ ဟိုက်ပါဆိုးနစ် အလျှင်ဖြင့် နျူကလီးယား လက်နက်တင်ဆောင်နိုင်သည့် တရုတ်၏ ပတ်လမ်းကြောင်းဆိုင်ရာ ဒုံးပျံသစ်တစင်း အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့အပြီးမှာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
တနှစ်မပြည့်မီ အချိန်အတွင်းမှာ တရုတ်နိုင်ငံဟာ ၎င်း၏ အာကာသ အစီအစဉ်ကို အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ၏ နည်းပညာများအကြား ကွာဟာချက်ကို လျှော့ချနိုင်ဖို့ အရှိန်အဟုန် ပြင်းစွာ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။
တရုတ်ဟာ အင်္ဂါဂြိုဟ်ပေါ်တွင် ဂြိုဟ်သွားယာဉ် ဆင်းသက်နိုင်ခဲ့ခြင်း၊ ကမ္ဘာ့ပတ်လမ်း အနိမ့်အတွင်း လူနေနိုင်သည့် အာကာသ စခန်းတည်ဆောက်ခြင်း နှင့် ရုရှားနှင့် လပေါ်တွင် အတူတကွ အခြေစိုက်စခန်းတခု တည်ဆောက်ဖို့တောင်မှ သဘောတူညီချက် ရေးထိုးခဲ့ပါတယ်။
NASA ဟာ အင်္ဂါဂြိုဟ်ပေါ်သို့ လူသားများ မသွားရောက်နိုင်ခင် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရကာ “တကယ်လို့ မားစ်ဂြိုဟ်၏ လူသားတွေသွားရောက်မယ့် မစ်ရှင်ကို အမေရိကန်အနေဖြင့် ဦးဆောင်နိုင်ဖို့ အလေးအနက် ထားတယ်ဆိုရင် ကျွန်တော်တို့ ရှုံးနိမ့်စရာ မရှိပါဘူး” လို့ ကော်မတီ၏ ဥက္ကဌဖြစ်တဲ့ Don Beyer က ပြောပါတယ်။

NASA ၏ စွမ်းအင်ဌာနဟာ ဇူလိုင်လ အတွင်းက နျူကလီးယားစွမ်းအင်သုံး အာကာသယာဉ်အတွက် ဓာတ်ပေါင်းဖို ဒီဇိုင်းကို ကုမ္ပဏီ ၃ ခု ကို ဒေါ်လာ ၅ မီလီယံ ဖြင့် ကမ်းလှမ်းထားပါတယ်။
တာဝန်ရှိသူများက ရန်ပုံငွေ ပိုမို လိုအပ်ကြောင်း စောဒက တက်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကြားနာမှုအတွင်းမှာ ခိုင်မာတဲ့ ပမာဏကို မသတ်မှတ်ခဲ့နိုင်ပါဘူး။
နျူကလီးယား အင်ဂျင်ကို ထုတ်လုပ်ဖို့အတွက် အဓိက စိန်ခေါ်မှုမှာ အပူဒဏ်ခံနိုင်ဖို့ နှင့် အာကာသအတွင်းတွင် အကြမ်းခံနိုင်ဖို့ အတွက် သတ္တုအမျိုးအစားကို ရှာဖွေရတာ ဖြစ်ပါတယ် လို့
အမျိုးသား သိပ္ပံ၊ အင်ဂျင်နီယာနှင့် ဆေးဘက်ဆိုင်ရာ အကယ်ဒမီမှ အာကာသဆိုင်ရာ နျူကလီးယားအင်ဂျင် ကော်မတီ၏ ဥက္ကဌ Roger M. Myers က ဆိုပါတယ်။
“နျူကလီးယား တွန်းကန်စနစ်နှင့် ဆက်စပ်နေသည့် အန္တရာယ်များကတော့ ကျွန်တော်တို့ ဖြေရှင်းနိုင်လောက်မယ့် သတ္တုပစ္စည်း စိန်ခေါ်မှု တခုပဲ ဖြစ်တယ်” လို့ ၎င်းက ပြောကြားခဲ့တာပါ။
ဒါဟာ မျှော်လင့်ချက် ရောင်ခြည်ကို ပေးစွမ်းပေမယ့် လူသားများကို အင်္ဂါဂြိုဟ်ပေါ် ဆင်းသက်နိုင်ရန် အခြားသော စိန်ခေါ်မှု များစွာဟာ စောင့်ဆိုင်းနေပါသေးတယ်။

“ကျွန်တော်တို့ သေးငယ်တဲ့ ဂြိုဟ်သွားယာဉ်လေးတွေကိုတော့ ဆင်းသက်ပြီးပေမယ့် လူတွေကို သယ်ဆောင်ဖို့ ဆိုရင်တော့ အများကြီး ပိုကြီးဖို့ လိုပါတယ်”
“ကျွန်တော်တို့ဟာ လူတွေ (အာကာသ ယာဉ်မှူးများ) အတွက် ၂ နှစ်မှ ၃ နှစ်စာ ပတ်ဝန်းကျင်လောက်အထိ နေနိုင်မယ့် ထိန်းချုပ်မှု နှင့် ထောက်ပံ့မှု စနစ်များကို သေချာအောင် ပြလုပ်ရမှာ ဖြစ်ပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
နျူကလီးယား အင်ဂျင် ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ Ad Astra Rocket ကုမ္ပဏီ၏ နျူကလီးယား စွမ်းအင်သုံး အင်ဂျင် အကြောင်းကိုတော့ “တနာရီ ၁၂၃,၀၀၀ မိုင်နှုန်းဖြင့် အာကာသထဲတွင် မောင်းနှင်နိုင်မည့် နျူကလီးယား ဒုံးပျံ အင်ဂျင်သစ်” ဆိုသည့် ခေါင်းစဉ်ဖြင့် ဖော်ပြပြီး ဖြစ်ပါတယ်။
အနာဂါတ်မှာ အမေရိကန်ဟာ အာကာသ ဆိုင်ရာ နည်းပညာနှင့် အောင်မြင်မှုမှာ ဆက်လက်ဦးဆောင်နိုင်မှာလား ဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။