အမေရိကန် ရဟတ်ယာဉ်တင် သင်္ဘောမီးသင့်မှု ရေတပ်သားကို စွဲချက်တင်

Military News

ကြာသပတေးနေ့က အမေရိကန်ရေတပ်ဟာ ၎င်း၏ ရေတပ်သားတဦးကို ဆန်ဒီယာဂိုတွင် ကျောက်ချထားတဲ့ ကုန်းရေနှစ်သွယ် စစ်ဆင် ရေး သင်္ဘောတစီးအား မနှစ်က မီးလောင်စေမှုနှင့် စွဲချက် တင်လိုက်ပါတယ်။

ရဟတ်ယာဉ်တင် ကုန်းရေနှစ်သွယ် စစ်ဆင်ရေး သင်္ဘော USS Bonhomme Richard ဟာ ၄ ရက်လောက် မီးသင့်ခဲ့ပြီး ဒါဟာ အမေရိကန် ရေတပ်သမိုင်းမှာ အဆိုးဆုံး ဖြစ်ရပ်တခု ဖြစ်လာပါတယ်။

မီးလောင်ပြီးနောက် ဒီသင်္ဘော၏ ကိုယ်ထည်ပိုင်း၊ လျှပ်စစ်စနစ်များ နှင့် အင်ဂျင်ပိုင်းဆိုင်ရာများ ထိခိုက်ခဲ့ပြီး နောက်ဆုံး ဖျက်သိမ်းတဲ့ အဆင့်အထိပါ ရောက်ခဲ့ရတဲ့အတွက် အမေရိကန်ရေတပ်ကို ဘီလီယံများစွာ ဆုံးရှုံး စေခဲ့ပါတယ်။

ဖြစ်ပွားစေခဲ့တဲ့ ရေတပ်သားဟာ ၎င်းသင်္ဘောပေါ်မှ အမှုထမ်းတဦးဖြစ်ပြီး အမည်တော့ ဖော်ပြခဲ့ခြင်း မရှိပါဘူး။ ဒါ့အပြင် သက်သေနှင့် သက်ဆိုင်သည့် အချက်အလက်များကိုလည်း မသိရှိရပါဘူး။

ရဟတ်ယာဉ်တင် ကုန်းရေနှစ်သွယ် စစ်ဆင်ရေး သင်္ဘောများဟာ အမေရိကန်ရေတပ်အတွက် အသေးစား လေယာဉ်တင် သင်္ဘောများ သ ဖွယ် တာဝန်ထမ်းဆောင်နိုင်ကာ F-35B များပါ တင်ဆောင် စစ်ဆင်နိုင်ကြပါတယ်။

Bonhomme Richard သင်္ဘောဟာ ဒေါ်လာ သန်း ၂၅၀ လောက် ကုန်ကျတဲ့ ၂ နှစ်တာ အဆင့်မြှင့်တင်မှု ပြုလုပ်နေချိန် ဇူလိုင် ၁၂ ရက်နေ့ ၂၀၂၀ ခုနှစ်မှာ မီးသင့် ခဲ့တာ ဖြစ်ပါတယ်။

ပေ ၈၄၀ ရှိတဲ့ ဒီ သင်္ဘောပေါ်မှ မီးခိုးမဲ များထိုးတက်လာချိန်တွင် ရေတပ်သားနှင့် အရာရှိ ပေါင်း ၁၆၀ လောက် သင်္ဘောပေါ်မှာ ရှိနေပါတယ်။

မီးဟာ သင်္ဘော၏ အောက်ဘက် ကတ်ဘုတ်သေတ္တာများ၊ အဝတ်စုတ်များနှင့် တခြား ပြုပြင်ထိန်းသိမ်းရေး ပစ္စည်းများ ထားရှိရာ အခန်းမှ စတင်ခဲ့ဖွယ်ရှိပြီး ဆန်ဒီယာဂိုပင်လယ်အော်မှ လေများကြောင့် ပိုမိုကြီးထွားလာပြီး ဓာတ်လှေကားနှင့် အိပ်ဇောခေါင်းတိုင်များအထိ ကူးစက် သွားခဲ့ တာပါ။

ပေါက်ကွဲမှု ၂ ခု ဖြစ်ပွားခဲ့ပြီး အဲဒီ့ အထဲက တခုဟာ ၁၃ မိုင် အကွာအဝေးကပင် ကြားရတယ်လို့ သိရပါတယ်။ ဆိုးဝါးတဲ့ ညှော်နံ့များ ဆန်ဒီယာဂိုတဝိုက် ပျံ့နှံ့ခဲ့ပြီး နယ်မြေ အာဏာပိုင်များက လူအများကို အပြင်ထွက် လေ့ကျင့်ခန်းမလုပ်ဖို့ တားမြစ်ခဲ့ရပါတယ်။

မီးသတ်သမားများဟာ သင်္ဘောအတွင်း ဝင်ရောက်ပြီး မီးတောက်များကို ညှိမ်းသတ် ခဲ့ပြီး မီးသတ်ပိုက်များဖြင့် မီးသတ် သင်္ဘောများက ပင် လယ်ထဲမှ တိုက်ရိုက် ထိုးထားကာ ရဟတ်ယာဉ်များကလည်း ကူညီ ညှိမ်းသတ်ခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်မှာ အပူဟပ်ခြင်းနှင့် မီးခိုးမွှန်ခြင်းကြောင့် ရေတပ်သားနှင့် အရပ်သား ၆၀ ထက်မနည်း အသေးစား ကုသမှုများ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *