ဩဂုတ်လ ၃ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အမေရိကန် ရေတပ်၏ ထုတ်ပြန်ချက်အရ Carrier Strike Group (CGS) 1 ဦးဆောင်တဲ့ Carl Vinson လေယာဉ်တင်သင်္ဘော အုပ်စု တွင် ပထမဆုံး အနေဖြင့် အဆင့်မြင့် စွမ်းဆောင်ရည်များရှိသည့်
F-35C Lightning II တိုက်လေယာဉ် မျိုးကွဲ များနှင့် ဒေါင်လိုက် အတက်အဆင်း လုပ်နိုင်တဲ့ CMV-22B Osprey ချေးမှုန်းရေးသုံး လေ ယာဉ်များကို စတင် အသုံးပြုနေပြီလို့ သိရပါတယ်။
CVCSG (Carl Vinson Carrier Strike Group) ဟာ ၂၀၂၁ ခုနှစ် အကြီးစား စစ်ရေး လေ့ကျင့်မှုတွင် ပါဝင်ခြင်းဖြင့် ၎င်းတို့၏ တပ်ဖြန့်မှုကို စတင်မှာ ဖြစ်ပါတယ်။
ထိုလေ့ကျင့်မှုဟာ ပူးပေါင်းအင်အားကို ထောက်ပံ့ပေးတဲ့ ခေတ်သစ်စစ်ပွဲ အယူအဆများ၏ တိုးတက်မှုကို အကဲဖြတ်မည့် အခြေအနေများအပေါ် အခြေခံပြီး

တပြိုင်နက်တည်း၊ အစစ်နီးနီး၊ အပြုသဘောဆောင်သည့် လေ့ကျင့်မှုဖြစ်ကာ စစ်သင်္ဘောအုပ်စုများစွာ ပါဝင်ပြီး ပင်လယ်ပြင် စစ်ဆင်ရေးများကို ပိုမိုကောင်းမွန်စေရန် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ တနှစ်မပြည့်ခင်လောက်ကပဲ ၎င်း လေယာဉ်တင်သင်္ဘောအုပ်စု၏ Nimitz အတန်းအစား လေယာဉ်တင်သင်္ဘော USS Carl Vinson (CVN 70) ဟာ ၁၇ လ ကြာတဲ့ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်းများ ပြီးဆုံး ခဲ့ပါတယ်။
ထိုကဲ့သို့ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေစဉ် F-35C မျိုးကွဲများ၏ စစ်ဆင်ရေးစွမ်းရည်များကိုပါ ဖြည့်ဆည်းပေးနိုင်ဖို့ ထည့်သွင်း ပြင်ဆင်နိုင်ခဲ့ပါတယ်။
USS Carl Vinson ဟာ စတုတ္ထမျိုးဆက်နှင့် ပဥ္စမမျိုးဆက် တိုက်လေယာဉ်များ ပေါင်းစပ်ထားသည့် ပထမဆုံး လေယာဉ်တင် သင်္ဘော ဖြစ်လာကာ ယခင်ထက်ပိုမို စွမ်းဆောင်လာနိုင်ကာ လွတ်မြောက်နိုင်စွမ်းလည်း ပိုမိုမြင့်မားလာ ပါတယ်။
ဒါ့ကြောင့် ဒီ ရေတပ်တပ်ဖွဲ့ဟာ ယခုနှင့် အနာဂါတ် ပြိုင်ဘက်များ၏ စစ်မြေပြင်တွင် အောင်မြင်စွာ စစ်ဆင်ရေးများလုပ်ဆောင်နိုင်ဖို့ အာမခံနိုင်ပြီပဲ ဖြစ်ပါတယ်။

လေယာဉ်တင် သင်္ဘော အုပ်စုတွင် စစ်ဆင်ရေးမျိုးစုံ ဆောင်ရွက်နိုင်သည့် သင်္ဘောများ၊ လေယာဉ်များ အပါအဝင် စစ်သည် ၇ ထောင်ကျော်လောက် ပါဝင်ပါတယ်။
ပါဝင်သည့် သင်္ဘောနှင့် လေယာဉ်များမှာ
Ticonderoga အတန်းအစား ပဲထိန်းဒုံးတင် ခရူဇာ သင်္ဘော – USS Lake Champlain (CG 57)
Arleigh Burke အတန်းအစား ပဲ့ထိန်းဒုံးတင် ဖျက်သင်္ဘောများအုပ် DESRON – USS Chafee (DDG 90)၊ USS Dewey (DDG 105)၊ USS Higgins (DDG 76)၊ USS Michael Murphy (DDG 112)၊ USS O’Kane (DDG 77) နှင့် USS Stockdale (DDG 106)
လေယာဉ်များအနေဖြင့်
USS Carl Vison (CVN 70) – CVW-2 လေယာဉ်အုပ် ၉ အုပ် ပါဝင်ပါတယ်။ (အသေးစိတ် မဖော်ပြတော့ပါ)
USS Carl Vinson ဟာ အမေရိကန် ရေတပ်၏ တတိယမြောက် Nimitz အတန်းအစား လေယာဉ်တင် သင်္ဘောဖြစ်ပြီး ၁၉၈၂ ခုနှစ် မတ်လ ၁၃ ရက်နေ့ ဗာဂျီးနီးယား ပြည်နယ်တွင် စတင် တပ်တော်ဝင်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့မှာတော့ သင်္ဘောအတွက် အဆင့်မြှင့်တင်မှု အစီအစဉ် PIA ကို စတင်ခဲ့ပြီး ၆ လအတွင်း ပထမဆုံး မောင်းသူမဲ့လေယာဉ် ထိန်းချုပ်ရေးစင်တာ ပါဝင်တဲ့ အမေရိကန်ဒေါ်လာ သန်း ၃၀၀ လောက် ကုန်ကျတဲ့ အဆင့်မြှင့်တင်မှုများကို ပြုလုပ်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ လလယ်မှာတော့ တောင်တရုတ်ပင်လယ်အတွင်း Carl Vinson ဟာ ပုံမှန် လုပ်ငန်းစဉ်တာဝန်များ ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။
၂၀၁၇ ခုနှစ် ဧပြီလလယ် မှာတော့ တောင်ကိုရီးယား ရေတပ်နှင့် အနောက်ပစိဖိတ် ဒေသမှာ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါတယ်။
USS Carl Vinson ဟာ လေယာဉ်နှင့် ရဟတ်ယာဉ်ပေါင်း ၆၅ စင်းလောက် တင်ဆောင် စစ်ဆင်နိုင်ပြီး ရေမိုင် ၅ ထောင်လောက်ကို ၇ ရက်ထက် နည်းတဲ့အချိန်အတွင်း ရောက်ရှိနိုင်ပါတယ်။
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။