တောင်တရုတ်ပင်လယ်ထဲ ဝင်ရောက်လာပြန်တဲ့ အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စု

News

Nimitz အတန်းအစား USS Ronald Reagan CVN-76 ဦးဆောင်တဲ့ လေယာဉ်တင်သင်္ဘောအုပ်စုဟာ ပင်လယ်ပြင် လုံခြုံရေးတာဝန်တွေ ထမ်းဆောင်ဖို့ တောင်တရုတ်ပင်လယ် ထဲကို မနေ့က ဝင်ရောက်လာတာ ဖြစ်ပါတယ်။

အမေရိကန်ကတော့ ဒါဟာ ပုံမှန် လုပ်ရိုးလုပ်စဉ် စစ်ဆင်ရေးများရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ်အတွက် အငြင်းပွား ရေပိုင်နက်အတွင်း တာဝန်ထမ်းဆောင်မှုဟာ Ronald Reagan လေယာဉ်တင်သင်္ဘောအုပ်တွက် ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

၎င်း သင်္ဘောအုပ်စုဟာ တောင်တရုတ်ပင်လယ် ထဲမှာ လေယာဉ် ပျံသန်းလေ့ကျင့်မှုတွေ၊ ပင်လယ်ပြင် တိုက်ခိုက်ရေး လေ့ကျင့် မှုတွေ၊ လေယာဉ်များနှင့် လေယာဉ်တင်သင်္ဘောများ ဗျူဟာမြောက်ပူပေါင်း စစ်ဆင်မှု လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ရာ ရှိနေပါတယ်။

အမေရိကန်၏ ထုတ်ပြန်ကြေငြာချက်ထဲမှာတော့ ဒီလေယာဉ်တင်သင်္ဘော အုပ်စုဟာ အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ် ဒေသအတွင် ပုံမှန်တာဝန်ချထားမှုရဲ့ တစိတ်တပိုင်းဖြစ်တယ်ဆိုတာကို ဖော်ပြထားပါတယ်။

Ronald Reagan လေယာဉ်တင်သင်္ဘောအုပ်စုနှင့်အတူ Ticonderoga-class guided-missile cruiser USS Shiloh (CG 67) နှင့် the Arleigh Burke-class guided-missile destroyer USS Halsey (DDG 97) တို့ ပါဝင်ပါတယ်။

ရိုက်တာ သတင်းဌာနအဆိုအရ တရုတ်က ၎င်းပိုင်အဖြစ် ကြေငြာထားသော နယ်မြေများအား အသိအမှတ်မပြုသည့် သဘောဖြင့် တောင်တရုတ်ပင်လယ် အတွင်းတွင် ယခုနှစ်ပိုင်းအတွင်း အမေရိကန် စစ်သင်္ဘောများ ပိုမို သွားလာ လှုပ်ရှားလျှက်ရှိတယ်လို့ သိရပါတယ်။

ဧပြီလတုန်းကလဲ Theodore Roosevelt လေယာဉ်တင်သင်္ဘောအုပ်စုဟာ ဒီနှစ်ရဲ့ ဒုတိယ အကြိမ်အဖြစ် တောင်တရုတ်ပင်လယ်ထဲကို ရောက်ရှိလာခဲ့ပါသေးတယ်။

ဒါ့အပြင် Arleigh Burke အတန်းအစား ဖျက်သင်္ဘော US RUssell (DDG 59) ဟာလည်း ဖေဖော်ဝါရီလအတွင်း ရေကြောင်းလမ်းပြ လွတ်လပ်မှု စစ်ဆင်ရေးအတွက် တောင်တရုတ်ပင်လယ် ထဲမှာ ရှိနေခဲ့ပါတယ်။

တောင်တရုတ်ပင်လယ် ဟာ စီးပွားရေးအရ အရေးပါတဲ့ အချက်အချာ နေရာတခုဖြစ်ကာ ကမ္ဘာ့ ရေကြောင်းကုန်သွယ်မှုရဲ့ ၃ ပုံ ၁ ပုံဟာ အဆိုပါ ရေပြင် ထဲမှာ သွားလာနေတာ ဖြစ်ပါတယ်။

အကြမ်းဖျင်းအားဖြင့် တစ်နှစ်လျှင် ကုန်စည် စီးဆင်းမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၃.၃၇ တြီလီယံ အထိ ရှိသည့်အပြင် မတူးဖော်ရသေးသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက် အများအပြား ရှိမည်ဟု ယုံကြည်ရပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *