ကြံကြံဖန်ဖန် အနိုင်ရခဲ့တဲ့ တိုက်ပွဲလေးတွေ ရှိပါတယ်။ အဲဒါကတော့ သွေးစုပ်ဖုတ်ကောင် နည်းလမ်းကို အသုံးပြုပြီး တိုက်ပွဲတခု အောင်မြင်ခဲ့ဖူးတာပါ။
၁၉၅၀ ခုနှစ်လောက်မှာ အမေရိကန် စိတ်ဓာတ်စစ်ဆင်ရေး စစ်သည်တွေကို ကွန်မြူနစ် သူပုန်တွေကို နှိမ်နင်းဖို့ ဖိလစ်ပိုင် နိုင်ငံကို စေလွှတ်ခဲ့ပါတယ်။
သူပုန်များကို မတိုက်ခိုက်ခင် စုံစမ်းမှုများပြုလုပ်ရာ သူပုန်ခေါင်းဆောင်ဟာ ဒေသတွင်း ပုံပြင်တွေမှာ ပါလေ့ရှိတဲ့ သွေးစုပ်ဖုတ်ကောင် တကယ်ရှိနေတယ်လို့ ယုံကြည်သူတယောက် ဖြစ်နေတာ တွေ့ရပါတယ်။
ဒါ့ကြောင့် ဒီစစ်ဆင်ရေးမှာ သွေးစုပ်ဖုတ်ကောင် ဇာတ်လမ်းကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီစစ်ဆင်ရေးကို အမေရိကန် ဒုတိယဗိုလ်မှူးကြီး Edward G. Lansdale က ဦးဆောင်ခဲ့တာပါ။
ပထမဆုံး စစ်ဆင်ရေး ခေါင်းဆောင်နှင့် တပ်ဖွဲ့သားများဟာ ရွာထဲသို့ လှည့်လည်ကာ အနီးအနားရှိ တောင်ကုန်းတဝိုက်မှာ သွေးစုပ်ဖုတ်ကောင် (ဖိလစ်ပိုင်အခေါ် အက်ဆွမ်) တကောင် ရောက်နေတယ်လို့ သတင်းဖြန့်ကြပါတယ်။
ထို့နောက် ကောလဟာလတွေ ပျံ့နှံ့ ပြီးနောက်မှာ တောင်ကုန်းဘက်ကို ဖြတ်သွားမယ့် ရန်သူ့ ကင်းလှည့် စစ်ကြောင်းကို ပုန်းကွယ်ကာ စောင့်ဆိုင်းကြပါတယ်။
ထို စစ်ကြောင်းမှနောက်ဆုံး တယောက်ကို သုတ်သင်လိုက်ပြီး လည်ပင်းတွင် အပေါက် ၂ ပေါက် ဖောက်ကာ သွေးစုပ်ဖုတ်ကောင် ကိုက်ထားလေဟန် ပြုလုပ်ပြီးနောက် ကင်းလှည့်ရာ လမ်းကြောင်းမှာ ချထားခဲ့ပါတယ်။
ဒါကို သူပုန်ခေါင်းဆောင် တွေ့သွားတဲ့အခါ သွေးစုပ်ဖုတ်ကောင် တကယ်ရှိတယ်ထင်ပြီး ထိုနေရာတဝိုက်မှ ဆုတ်ခွာသွားတဲ့အတွက် ဖိလစ်ပိုင် အစိုးရဟာ အဆိုပါ နယ်မြေကို အလွယ်တကူ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ တကယ်ဖြစ်ခဲ့တာဖြစ်ပြီး အလားတူ ကိစ္စမျိုးကို ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်တွေဟာ “သွားလာနေတဲ့ ဝိဥာဉ်တွေ” လို့ အမည်ပေးထားတဲ့ တစ္ဆေ သူရဲ အသံတွေ သွင်းထားတဲ့ တိပ်ခွေတွေကို အသုံးပြုပြီး စိတ်ဓာတ် စစ်ဆင်ရေးတွေ လုပ်ခဲ့ရာမှာ အောင်မြင်မှုတွေ ရခဲ့ဖူးပါတယ်။
Knowledgeworms Copyright © 2021