အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်တွင် နွေရာသီ ကျောင်းမပိတ်ခင် နှင့် စာသင်နှစ် မစတင်မီ လိုအပ်နေသည့် ဆရာ/ဆရာမ လစ်လပ်နေရာ ၉ ထောင်လောက် ရှိပါတယ်။
ဒီလို လစ်လပ်နေရာများအတွက် စစ်မှုထမ်းဟောင်းများ အနေဖြင့် ဝင်ရောက် လျှောက်ထားနိုင်တယ်လို့ ပြည်နယ်၏ ပညာ ရေး ဌာနကလည်း ကြေညာခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ အစိုးရကျောင်းများမှာ များပြားလှတဲ့ လစ်လပ်နေရာတွေကို တွေ့နေရပါတယ်” လို့ ဖလော်ရီဒါ ပညာရေး အသင်းဥက္ကဌ Andrew Spar က ABC Action News သို့ ပြောပြခဲ့ပါတယ်။
၂၀၁၀ ခုနှစ်တွင် ဖလော်ရီဒါပြည်နယ် ကောလိပ်နှင့် တက္ကသိုလ်တွေက ဘွဲ့ရ ၈ ထောင်လောက်က ဆရာတွေ ဖြစ်လာကြပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်မှာတော့ အရေအတွက်ဟာ ၂ ထောင်မှ ၃ ထောင်ကြားသာ ရှိတဲ့အတွက် ဒါဟာ ကြီးမားတဲ့ အရေအတွက် ကျဆင်းလာမှု ဖြစ်တယ်လို့ ၎င်းက ရှင်းပြပါတယ်။
စစ်မှုထမ်းဟောင်းများဟာ ပုံမှန် အသိအမှတ်ပြု လက်မှတ် သို့မဟုတ် အခြား လက်မှတ်ရ ဆရာများ ရှိထားရမယ့် ပညာ ရေး လိုအပ်ချက်များ မပါဘဲ စာသင်ခန်းတွင် သင်ကြားခွင့်ပြုသည့် ၅ နှစ်ကာလ ဘောက်ချာကို ရရှိမှာ ဖြစ်ပါတယ်။

ဒါဟာ နိုင်ငံ တဝှမ်းရှိ စစ်မှုထမ်းဟောင်းများနှင့် ၎င်းတို့အပေါ် မှီခို နေရသူများအတွက် အသက်မွေးဝမ်းကြောင်း နှင့် လုပ် သားအင်အား လေ့ကျင့်ပေးဖို့ အမေရိကန် ဒေါ်လာ ၈.၆ သန်း လျာထားမှု၏ တစိတ်တပိုင်း ဖြစ်ပါတယ်။
“ဖလော်ရီဒါ ပြည်နယ်တွင် စီးပွားရေးဟာ ထွန်းကားလာပြီး လုပ်ငန်းရှင်များဟာ ခေါင်းဆောင်နိုင်မှု၊ လေ့ကျင့်မှု နှင့် အဖွဲ့လိုက် လုပ်ဆောင်မှု စွမ်းရည်များရှိသည့် စစ်မှုထမ်းဟောင်းများကို အလိုရှိနေပါတယ်” လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး Ron DeSantis က ဆိုပါတယ်။
လက်ရှိတွင် ပြည်နယ် ပညာရေး ဌာနဟာ သင်ကြားရေးရာထူးအတွက် လျှောက်ထားမည့် စစ်မှုထမ်းဟောင်းများမှာ အနည်း ဆုံး ကောလိပ် သက်တမ်း ၂ နှစ်လောက်နှင့် ညီမျှသည့် credits 60 နှင့် အနည်းဆုံး 2.5 GPA ရရှိဖို့ မျှော်လင့်ထားပါတယ်။
၎င်းတို့ဟာ ဘွဲ့ဒီဂရီ အဆင့်ရှိသည့် ဘာသာရပ်များ သင်ကြားဖို့အတွက်တော့ ထိုဘာသာရပ်ဆိုင်ရာ စာမေးပွဲများကို အောင် မြင်ဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် ၎င်းတို့ဟာ ဂုဏ်ထူးဆောင်အဖြစ် ဖြစ်စေ သို့မဟုတ် ဆေးကျဖြင့် ဖြစ်စေ အနားယူခဲ့ပေမယ့် အနည်းဆုံး စစ်တပ်တွင် ၂ နှစ်ခန့် တာဝန် ထမ်းဆောင်ထားဖို့တော့ လိုအပ်ပါတယ်။
တကယ်လို့ ကျောင်းမှ အလုပ်ခန့်အပ် လိုက်ပါက သင်ကြားရေး ဆရာမှ ကြီးကြပ်ပေးမှာ ဖြစ်ပါတယ်။
လူထုနှင့် ဆရာအသိုင်းအဝိုင်းမှ တုန့်ပြန်မှု
ဆရာများနှင့် ဒေသခံ သမဂ္ဂများဟာ ယခုလို လှုပ်ရှားမှုကြောင့် ဖလော်ရီဒါ ပြည်နယ် ကျောင်းများ၏ ပညာရေး အဆင့် အ တန်း နိမ့်ကျမှာကို စိုးရိမ်နေကြပါတယ်။

“ဆရာမလုံလောက်တာနဲ့ ဒီလို တာဝန်ယူမှု ရှိစရာမလိုတဲ့ လူတွေကို စာသင်ခန်းထဲကို မောင်းထည့်လိုက်လို့ မရပါဘူး။”
“ဒါဟာ အဖြေမဟုတ်ပါဘူး” လို့ Sarasota မှ ဆရာများ အသင်းဥက္ကဌ Barry Dubin က Herald Tribune သတင်းသို့ ပြောပြခဲ့ပါတယ်။
ဝန်ထမ်း မလုံလောက်မှု ပြဿနာ ဆိုးရွားနေချိန်တွင် စစ်မှုထမ်းဟောင်းများကို အသုံးပြုရန် ဆုံးဖြတ်ချက် ချခြင်းကြောင့် ဆရာ ဆရာမများ အတွက် နိုင်ငံ၏ စံသတ်မှတ်ချက်များကို ပညာပေးနေသူများက မေးခွန်းထုတ်လျှက် ရှိနေပါတယ်။
“သင့်လျော်တဲ့ သင်ကြားရေး လက်မှတ် ရရှိဖို့အတွက် အတားအဆီးများစွာနဲ့ အခက်အခဲ့များစွာကို ဖြတ်သန်းခဲ့ရသူ အများကြီး ရှိပါတယ်” လို့ Alachua မှ ဆရာများ သမဂ္ဂ ဥက္ကဌ Carmen Ward က ပြောပါတယ်။
“အထက်တန်း ပညာရေးနှင့် စာမေးပွဲအောင်မြင်ပြီး ၅ နှစ်စာ ယာယီ လက်မှတ်ကို အလွယ်တကူ ရရှိနိုင်မှာ ဖြစ်တဲ့ အ တွက် ပညာရေး ဆရာများဟာ အလွန် တုန်လှုပ်နေကြပါတယ်” လို့ ၎င်းက ပြောပါတယ်။
ဒီလို တုန့်ပြန်မှုတွေကြောင့် ဖလော်ရီဒါ ပြည်နယ်ရှိ အဆိုပါ အစီအစဉ်ဟာ မည်သို့ ဖြစ်လာမယ် ဆိုတာတော့ မသိရသေးပါဘူး။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။