စစ်ကျန် လေယာဉ်ဆီတိုင်ကီများကို အသုံးပြုထားတဲ့လှေငယ်များ

Knowledge Lifestyle

လေယာဉ်များတွင် အသုံးပြုသည့် အလူမီနီယမ် သတ္တုဟာ အလွန်ကို ကြာရှည်ခံပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၄ ခုလောက်က ဗီယက်နမ်စစ်ပွဲအတွင်း အသုံးပြုခဲ့တဲ့ လေကြောင်းစစ် ပွဲ၏ အကြွင်းအကျန်များကို အရှေ့တောင် အာရှနိုင်ငံမှာ မြင်နိုင်ပါသေးတယ်။

ဗီယက်နမ် စစ်ပွဲအပြီးမှာ ဗီယက်နမ်ရှိ လယ်သမားများဟာ အမေရိကန် လေယာဉ်များမှ ဖြုတ်ချခဲ့တဲ့ လောင်စာဆီတိုင်ကီ ထောင်ပေါင်းများစွာကို ယာယီ မြစ်တွင်းသွား လှေနှင့် ကနူးလှေများ ဖြစ် ဖန်တီးခဲ့ပါတယ်။

ဒီ အပို ဆီတိုင်ကီများဟာ လေယာဉ်များ၏ လောင်စာဆီ သယ်ဆောင်နိုင်စွမ်းကို သိသိသာသာ များပြားလာပေမယ့် drag ကို ပိုတိုးစေပြီး လေယာဉ်ကို စစ်ကစား လှုပ်ရှားနိုင်စွမ်း နည်းပါး စေပါတယ်။

ဒါ့ကြောင်း ၎င်း အပို ဆီတိုင်ကီများကို ကုန်သွားသည့်အခါ၊ သို့မဟုတ် ရန်သူ့လေယာဉ်နှင့် ဝေဟင်မှ ဝေဟင် တိုက်ခိုက်သည့်အခါ၊

သို့မဟုတ် ရန်သူ့ ဒုံးကျည်များကို ရှောင်ကွင်းသည့်အခါ စသည့် အခြေအနေ အမျိုးမျိုးကြောင့် မြေပြင်ပေါ်သို့ ဖြုတ်ချလေ့ ရှိပါတယ်။

F-4 တွင် တပ်ဆင်ထားသော အပိုဆီတိုင်ကီ

ဗီယက်နမ် စစ်ပွဲအတွင်းမှာ အဆိုပါ အပို ဆီတိုင်ကီပေါင်း ထောင်ပေါင်းများစွာကို အရှေ့တောင် အာရှ ဒေသတခွင်မှာ အများပြား ဖြုတ်ချ စွန့်ပစ်ခဲ့ပါတယ်။

အဲဒီ့ သတ္တု တိုင်ကီကြီးများဟာ လူနေနည်းပါးပြီး အသွားအလာနည်းတဲ့ နေရာမှာ နေထိုင်တဲ့ လယ်သမားတွေ၊ ငါးဖမ်းသမားတွေ အတွက်ကတော့ ကောင်းကင်က ကျလာတဲ့ လက်ဆောင်ပါပဲ။

ဒီတိုင်ကီတွေကို ကယ်လီဖိုးနီးယားပြည်နယ်ရှိ Royal Jet Inc ကုမ္ပဏီမှ ထုတ်လုပ်တာဖြစ်ပြီး ကုန်ကျစရိတ်သက်သာစေရန် ပုံးများဖြင့် အခြမ်းခြမ်းကာ စစ်မြေပြင်ရှိရာသို့ တင်ပို့ပေးပါတယ်။

လေတပ် အခြေစိုက်စခန်းသို့ ရောက်ရှိသည်နှင့် ၎င်းအခြမ်းများကို တွဲကာ၊ ကြိုးများဖြင့် သိုင်းကာ သိမ်းဆည်း ထားလေ့ရှိပါတယ်။

စစ်ဆင်ရေးတွင် အဆိုပါ လေယာဉ်မှူးများဟာ မလိုအပ်သည့် ဆီတိုင်ကီများကို မြေပြင်ပေါ်သို့ ဖြုတ်ချကြပါတယ်။

မြေပြင်ရှိ ဗီယက်နမ် လူမျိုးများဟာ အဆိုပါ ဆီတိုင်ကီများကို လေ့လာရင်း အလွယ်တကူ ခွဲခြမ်းလို့ ရတယ်ဆိုတာ သိလာကြပါတယ်။

Skycycle လေယာဉ်ငယ်

ဒါ့အပြင် အချို့ အပိုဆီတိုင်ကီများကို အမေရိကန်တို့ ၁၉၇၅ ခုနှစ်မှာ လေတပ် အခြေစိုက် စခန်းများကို စွန့်ပစ်သွားရာမှ ရရှိ ခဲ့တာတွေလည်း ရှိပါတယ်။

လက်ရှိ လာအိုနှင့် ဗီယက်နမ် မြောက်ပိုင်းဒေသများမှာ အဆိုပါ စွန့်ပစ် အပို ဆီတိုင်ကီများဖြင့် ပြုလုပ်ထားသည့် လှေငယ်များကို အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။

လေယာဉ်ဆီတိုင်ကီများဟာ ဘယ်လောက်တောင် ကြီးမားကြလဲဆိုရင် ဒုတိယကမ္ဘာစစ်အပြီး Lockheed Martin ကုမ္ပဏီမှ ထုတ်လုပ်ထားသည့် P-38 Lightning တိုက်လေယာဉ်မှ ဖြုတ်ချသည့် ဆီတိုင်ကီကို အသုံးပြုပြီး Piper ဆိုသူက Skycycle လို့ခေါ်တဲ့ တယောက်မောင်း လေယာဉ်ငယ်လေးကို ဖန်တီးဖူးပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First published on 08/03/2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *