ဘီလျံနာ သူဌေးကြီး ရစ်ချတ် ဘရန်ဆန်၏ အာကာသယာဉ် Virgin Galactic ဟာ လူတို့အား အာကာသသို့ပျံသန်းရန် အမေရိကန် လေ ကြောင်း ညွှန်ကြားမှု ဦးစီးဌာန (FAA)၏ ခွင့်ပြုချက် လိုင်စင်ရရှိခဲ့ကြောင်း Knowledgeworms မှ ဇွန်လထဲမှာ ဖော်ပြပြီး ဖြစ်ပါတယ်။
အခုတော့ သူဌေးကြီး ရစ်ချက်ဘရန်ဆန်ဟာ တရားဝင် အာကာသအတွင်း ကိုယ်တိုင် ရောက်ရှိ ပျံသန်းပြီးသွားပြီ ဖြစ်ပါတယ်။
အသက် ၇၀ ရှိပြီဖြစ်တဲ့ သူဌေးကြီး ဘရန်ဆန်ဟာ V.S.S Unity ရော့ကတ် လေယာဉ်ဖြင့် တနင်္ဂနွေနေ့ မနက်ခင်းက အာကာထဲသို့ ပျံသန်းခဲ့တာ ဖြစ်ပါတယ်။
V.S.S ရော့ကတ်လေယာဉ်ဟာ နယူးမက္ကဆီကိုရှိ အာကာသသွားယာဉ် စခန်းမှ မိခင်လေယာဉ် Eve မှ တင်ဆောင်ကာ ထွက်ခွာသွားတာဖြစ်ပြီး ပေ ၅ သောင်းအကွာတွင် မိခင် လေယာဉ်မှ ခွာကာ အာကာသအတွင်း ရောက်ရှိခဲ့တာဖြစ်ပါတယ်။

မိခင်လေယာဉ်မှ ထွက်ခွာအပြီးမှာ ဒီ အာကာသသွားလေယာဉ်ဟာ အမေရိကန် အစိုးရက အာသသ ဟင်းလင်းပြင် အစလို့ သတ်မှတ်ထားတဲ့ အမြင့် မိုင် ၅၀ လောက်အထိ ၎င်း၏ ရော့ကတ်အင်ဂျင်ကိုဖွင့်ကာ မောင်းနှင်ခဲ့တာပါ။
ဒီပျံသန်းမှုဟာ တနာရီခန့် ကြာမြင့်ခဲ့ပြီး ဘရန်ဆန်အနေဖြင့် အလွန် ပျော်ရွှင်နေသည်ကို တွေ့မြင်ရပါတယ်။ အဲဒီ့လို ပျံသန်းမှုကို အင်တာနက်ပေါ်မှာလဲ တိုက်ရိုက် live stream ထုတ်လွှင့်ခဲ့ပါတယ်။
နယူးရော့ခ်တိုင်းမ် သတင်းစာအရ ပျံသန်းမှုတွင် ဘရန်ဆန်အပါအဝင် လူ ၆ ယောက် လိုက်ပါခဲ့တယ်လို့ သိရပါတယ်။
၎င်းတို့မှာ လေယာဉ်မှူး ဒေးဗစ်မက်ခေး နှင့် မိုက်ကယ် မက်ဆူစီ၊ အာကာသ နည်းပြချုပ် ဘက်သ် မော့စ်၊ အင်ဂျင်နီယာခေါင်းဆောင် ကိုလင် ဘန်းနတ်တ် နှင့် အစိုးရရေးရာနှင့် သုတေသနလုပ်ငန်း ဒုဥက္ကဌ ဆီရီရှာ ဘန်တ်လာ တို့ ဖြစ်ပါတယ်။
ဒီလို ပျံသန်းနိုင်မှုဟာ ရစ်ချက်ဘရန်ဆန်အတွက် ၂၀၀၄ ခုနှစ်ကတည်းက ကြိုးစားလာခဲ့တဲ့ ခရီးရှည်ကြီးပဲ ဖြစ်ပါတယ်။

သူဟာ ၂၀၀၄ ခုနှစ်မှာ အာကာသ ခရီးသွားနိုင်တဲ့ လေယာဉ်တွေ ထုတ်လုပ်မယ်လို့ ကြေငြာခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ ဝန်ဆောင်မှုတွေ ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့် ခဲ့တာပါ။
နည်းပညာ အခက်အခဲများစွာရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင်းမှာ ပျက်ကျမှု တခုဖြစ်ခဲ့ကာ ဘရန်ဆန်အတွက် စိန်ခေါ်မှုတွေ ကြီးမားတဲ့ လုပ်ငန်းတခု ဖြစ်ခဲ့ပါတယ်။
ဘီဘီစီနှင့် အင်တာဗျူးတခုမှာ “ကျွန်တော်ဟာ ကလေးဘဝထဲက အာကာသထဲကို သွားချင်တာပါ၊ ကျွန်တော့်အနေနဲ့ လာမယ့် နှစ် ၁၀၀ ကျော်မှာ သိန်းနဲ့ချီတဲ့ လူတွေကို အာကာသထဲ ပို့ပေးနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောကြားဖူးပါတယ်။
ဒီလိုအောင်မြင်မှုကြောင့် အနာဂါတ်မှာ အာကာသ ခရီးသွားလုပ်ငန်းဟာ အထူး ရေပန်းစားလာဦးမှာ ဖြစ်ပါတယ်။
Knowledgeworms Copyright © 2021