သိပ္ပံပညာရှင်တွေဟာ ၂၀၁၅ ခုနှစ်တုန်းက တိဗက်ရေခဲပြင်ကနေ စုဆောင်းထားတဲ့ ရေခဲနမူနာကို လေ့လာခဲ့ကြပါတယ်။
အဆိုပါ နှစ် ၁၅၀၀၀ သက်တမ်းရှိ ရေခဲတုံး အတွင်းမှာ ပိတ်မိနေတဲ့ ဗိုင်းရပ်စ် မျိုးစိတ် ၃၃ မျိုးကို တွေ့ရှိခဲ့ပြီး အများစုဟာ ယခင်တွေ့ဖူးတဲ့ ဗိုင်းရပ်စ်ပိုးတွေ မဟုတ်ကြပါဘူး။
ကမ္ဘာကြီးပူလာတာနှင့်အမျှ ရေခဲပြင်ဒေသတွေဟာ အရည်ပျော်ပြီး တစ်ခါတစ်ရံမှာဆိုရင် ကျွန်ုပ်တို့ အမှန်တကယ် နှစ်သက်တဲ့ အရာတွေကို စွန့်လွှတ်ကြရပါတယ်။
သိပ္ပံပညာရှင်တွေဟာ နှစ်ပေါင်း ၁၅,၀၀၀ နီးပါး သက်တမ်းရှိ တိဗက်ရေခဲမြစ်မှ ရေခဲများကို လေ့လာမှုတစ်ခုအရ ကျွန်ုပ်တို့ ယခင်က မမြင်ဖူးတဲ့ ဗိုင်းရပ်စ်များစွာ ပါဝင်နိုင်ကြောင်း ညွှန်ပြနေတယ် ဟု ဆိုပါတယ်။
ယခုအချိန်အထိ တိဗက် ရေခဲပြင်ဒေသမှာ အခြားမည်သည့် ထူးဆန်းတဲ့ အရာများ ထပ်ရှိနေသေးသလား ဆိုတာကိုတော့ ကျွန်ုပ်တို့ သေချာမသိသေးပါဘူး။

“ရေခဲမြစ်တွေ တဖြည်းဖြည်းနဲ့ ဖြစ်ပေါ်လာတာတုန်းက ဖုန်မှုန့်တွေ၊ဓာတ်ငွေ့တွေနှင့်အတူ ဗိုင်းရပ်စ်ပိုးအများအပြားဟာလည်း အဆိုပါ ရေခဲတွေထဲမှာ နှစ်မြုပ်ကုန်တယ်” ဟု Ohio ပြည်နယ် တက္ကသိုလ်မှ ဒေါက်တာ Zhi-Ping Zhong က ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
Zhong က “တရုတ်နိုင်ငံအနောက်ပိုင်းမှာရှိတဲ့ ရေခဲမြစ်တွေကို ကောင်းကောင်းမလေ့လာရသေးပါဘူး။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ဒီအချက်အလက်တွေကို အတိတ်က ပတ်ဝန်းကျင်ကို ထင်ဟပ်စေဖို့ဖြစ်ပြီး အဆိုပါ ဗိုင်းရပ်စ်တွေဟာ အဲဒီတုန်းကပတ်ဝန်းကျင်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ် “ဟု ဆိုပါတယ်။
Zhong နှင့် တွဲဖက်သုတေသီတွေဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၆၇၀၀ မီတာ (၂၂၀၀၀ ပေ) ကွာဝေးတဲ့ Guliya အနီးမှာ စုဆောင်းထားတဲ့ ရေခဲနမူနာများကို ခွဲခြမ်းစိတ်ဖြာခဲ့ကြပါတယ်။
သုတေသီတွေဟာ ဗိုင်းရပ်စ် ၃၃ မျိုးရဲ့ မျိုးရိုးဗီဇကုဒ်များကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ယခင် သိထားတာဟာ လေးမျိုးသာရှိတယ် ဟုဆိုပါတယ်။
ယခင်သိထားတဲ့ ဗိုင်းရပ်စ်လေးမျိုးဟာ လူသားတွေကို ခြိမ်းခြောက်တာထက် ၎င်းတို့ကို အသုံးပြုနိုင်တဲ့ အလားအလာပိုများပါတယ် ဟု ဆိုပါတယ်။

သဘာဝအတိုင်း ကျွန်ုပ်တို့ဟာ ကျန်ရှိနေတဲ့ အခြားသော ဗိုင်းရပ်စ် ၂၉ မျိုးအကြောင်းကို နည်းပါးစွာ သိကြသော်လည်း ၎င်းတို့ဟာ တိရစ္ဆာန်တွေမှာ မဟုတ်ပဲ မြေဆီလွှာတွေ သို့မဟုတ် အပင်တွေမှာ အသက်ရှင်နေနိုင်ကြတဲ့ ဗိုင်းရပ်စ်ပိုးများဖြစ်တယ် ဟု သုတေသီတွေက ယူဆကြပါတယ်။
အထူးသဖြင့် Methylobacterium တွေကိုလည်း ရေခဲထဲမှာ ပိတ်မိနေကြောင်း တွေ့ရှိခဲ့ရပါတယ်။
“ဒီဗိုင်းရပ်စ်တွေဟာ လွန်ကဲတဲ့ ပတ်ဝန်းကျင်မှာ ပေါက်ဖွားကြတာဖြစ်တယ်” ဟု တွဲဖက်ပါမောက္ခ Matthew Sullivan က ပြောပါတယ်။
“ဒီဗိုင်းရပ်စ်တွေဟာ အလွန်အေးတဲ့ပတ်ဝန်းကျင်မှာ ဆဲလ်များကို ကူးစက်စေဖို့ ကူညီပေးတဲ့ ဗီဇလက္ခဏာများ ရှိကြပြီး ဒါဟာ ပြင်းထန်တဲ့အခြေအနေတွေမှာတောင် ရှင်သန်နိုင်ဖို့အတွက် လွန်ကဲတဲ့မျိုးရိုးဗီဇလက္ခဏာများသာ ဖြစ်တယ်ဟု ဆိုပါတယ်။
Zhong ရဲ့နည်းလမ်းဟာ ရေခဲထဲရှိ အဏုဇီဝပိုးများနှင့် ဗိုင်းရပ်စ်များကို လေ့လာဖို့ ကူညီပေးနိုင်ပြီး အခြားအလွန်အေးခဲလွန်းတဲ့ ပတ်ဝန်းကျင်တွေ ဖြစ်တဲ့ လ နှင့် အင်္ဂါဂြိုဟ်တွေမှာရှိတဲ့ ဗိုင်းရပ်စ်တွေရဲ့ မျိုးရိုးဗီဇ ဆိုင်ရာ တွေကို ရှာဖွေတဲ့နေရာမှာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
လပေါ်ရှိ ဗိုင်းရပ်စ်များကို ရှာဖွေခြင်းဟာအံ့အားသင့်စရာကောင်းပေမည့်လည်း သိပ္ပံပညာရှင်တွေဟာ အဆိုပါနည်းပညာများကို တစ်ချို့သော ပြင်ပစကြာဝဋ္ဌာရှိ နေရာအချို့မှာ အသုံးချဖို့ လိုလားနေကြပါတယ်။

ဗိုင်းရပ်စ်ပိုးမွှားများကို ရေခဲထဲမှာ ပထမဆုံးတွေ့ရှိခဲ့တာဟာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်ထဲကဖြစ်ကြောင်း စာတမ်းတွေမှာ ဖော်ပြထားပါတယ်။
ရေခဲများအရည်ပျော်မှု အရှိန်မြှင့်နေတဲ့ ကမ္ဘာကြီးအတွက် သိပ္ပံပညာရှင်တွေဟာ အဆိုပါအကြောင်းအရာနဲ့ပတ်သတ်ပြီး ဗိုင်းရပ်စ်ပိုးမွှားတွေအပါအဝင် ခေါင်းစဥ်အမျိုးမျိုးနဲ့ လေ့လာခဲ့ပြီး ဖြစ်ပါတယ်။
မကြာသေးမီက တွေ့ရှိခဲ့တဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေဟာ အန္တရာယ်မရှိနိုင်ဘူး ဟု သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
Zhong နှင့် Sullivan တို့လို တွေ့ရှိသူအများစုကတော့ တစ်ချို့ပိုးမွှားတွေဟာ အမှန်တကယ်အကျိုးရှိတာဖြစ်နိုင်ချေရှိတယ် ဟု ယူဆနေကြပါတယ်။
အဆိုပါ ဗိုင်းရပ်စ်တွေဟာ ဘက်တီးရီးယားများကို အာဟာရများရရှိဖို့ ကူညီပေးတဲ့ မျိုးဗီဇများကို လွှဲပြောင်းပေးပြီး ရေခဲမြစ်နှင့်နီးတဲ့ ပြင်းထန်တဲ့ ပတ်ဝန်းကျင်တွေမှာ ရှင်သန်နိုင်ဖို့ ကူညီပေးနိုင်တယ်ဟု သိရပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။