Volvo မှ ကမ္ဘာ့ ပထမဆုံး ရုပ်ကြွင်းလောင်စာ ကင်းစင် သံမဏိဖြင့် ထုတ်လုပ်ထားတဲ့ ယာဉ် ကို ပြသခဲ့တဲ့ အကြောင်း

Innovation Tech

Volvo ကားထုတ်လုပ်ရေး ကုမ္ပဏီဟာ ရုပ်ကြွင်းလောင်စာ အသုံးမပြုဘဲ ထုတ်လုပ်ထားတဲ့ သံမဏိဖြင့် ပြုလုပ်ထားတဲ့ ကမ္ဘာ့ ပထမဆုံးယာဥ်ကို စတင်ထုတ်လုပ် လိုက်ပါပြီ။

သြဂုတ်လတုန်းက ဆွီဒင်သံမဏိထုတ်လုပ်တဲ့ SSAB ဟာ ကမ္ဘာ့ပထမဆုံး ရုပ်ကြွင်းလောင်စာ အသုံးမပြုဘဲ ထုတ်လုပ်ထားတဲ့ သံမဏိကို ဆွီဒင်နိုင်ငံက Volvo Group သို့ ပို့ဆောင်ခဲ့ကြပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် သို့ ဦးတည်နေတဲ့ ပြောင်းလဲမှုတွင် အရေးပါတဲ့ မှတ်တိုင်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

ဒီအကြောင်းကို “ရုပ်ကြွင်းလောင်စာ အသုံးမပြုဘဲ သံမဏိ ထုတ်လုပ်တော့မယ့် ဆွီဒင်” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ကားထုတ်လုပ်သူတွေက ဒါဟာ ရုပ်ကြွင်းလောင်စာ အသုံးမပြုဘဲ ထုတ်လုပ်ထားတဲ့ သံမဏိဖြင့် ပြုလုပ်ထားတဲ့ ကမ္ဘာ့ပထမဆုံး ယာဥ် ဖြစ်တယ် ဟု ပြောပါတယ်။

၎င်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့ တုန်းက Gothenburg မှာ ပြုလုပ်ခဲ့တဲ့ စိမ်းလန်းသော သံမဏိ ပူးပေါင်းပွဲစဥ်တွင် သတ္တု တွင်း နှင့် ကျောက်တူးဖော်ရေး လုပ်ငန်းတွေမှာ အသုံးပြုတဲ့ လေးဘီးတပ် လျှပ်စစ်အပြည့်အဝသုံး ဝန်တင် ယာဥ်ကို ထုတ်ဖော်ပြသခဲ့ကြပါတယ်။

ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု မရှိသည့်အပြင် ၈.၂ တန်ရှိတဲ့ အဆိုပါယာဉ်ဟာ အလုပ်ဆိုက်ကို ပစ္စည်းများသယ်ယူဖို့ ကြိုတင်အစီအစဉ်ချထားတဲ့ လမ်းကြောင်းအတိုင်း လိုက်ပါပြီး အလိုအလျောက် မောင်းနှင်နိုင်ပါတယ်။

SSAB က ဒါဟာ ရုပ်ကြွင်းကင်းစင်တဲ့ အနာဂတ်အတွက် ပဏာမခြေလှမ်းဖြစ်တယ်ဟု ဆိုပါတယ်။

” ကမ္ဘာ့နိုင်ငံ​တွေဟာ ရာသီဥတုပြောင်းလဲမှုကိုဖြေရှင်းရန် COP26 တွင် အတူတကွစုဝေးကြသကဲ့သို့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ကင်းမဲ့တဲ့ အနာဂတ်အတွက် ဆန်းသစ်သော ဖြေရှင်းနည်းသစ်များ တီထွင်ဖို့ အဖွဲ့အစည်းများ နှင့် စက်မှု လုပ်ငန်းများသည်လည်း ပူးပေါင်း လုပ် ဆောင်​ကြရမည် ” ဟု Volvo Group ရဲ့ ဥက္ကဋ္ဌ Martin Lundstedt က ပြောကြားခဲ့ပါတယ်။

စိမ်းလန်းသော သံမဏိ ပူးပေါင်းပွဲစဥ်တွင် ၂၀၂၂ ခုနှစ်မှာ ရုပ်ကြွင်းလောင်စာ အသုံးမပြုဘဲ ​ထုတ်လုပ်ထားတဲ့ သံမဏိဖြင့် တည်ဆောက်ထားတဲ့ မော်တော်ယာဥ်များ ပိုမိုထုတ်လုပ်နိုင်လိမ့်မည် ဟု ကြော်ငြာခဲ့ပါတယ်။

SSAB မှ အသေးစားအတွဲလိုက်ထုတ်လုပ်မှုကို ၂၀၂၂ ခုနှစ် အတွက်စီစဉ်ထားပြီး သံမဏိရရှိမှုပေါ် မူတည်၍ အမြောက်အများ ထုတ်လုပ်မှုကို ဆက်လက်လုပ်ဆောင်လိမ့်မည် ဟုလည်း ဆိုပါတယ်။

ဆွီဒင်သံမဏိထုတ်လုပ်သူ​တွေက အဆိုပါ သံမဏိကို ၂၀၂၆ မှာ အမြောက်အများ ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းနေကြပါတယ်။

” ရုပ်ကြွင်းလောင်စာကို အသုံးမပြုဘဲ ပြုလုပ်ထားတဲ့ သံမဏိကို အသုံးပြု၍ တည်ဆောက်ထားတဲ့ ကမ္ဘာပေါ်တွင် ပထမဆုံးသော စစ်မှန်တဲ့ယာဉ်ကို ပိုင်ဆိုင်ရခြင်းဟာ စစ်မှန်တဲ့ မှတ်တိုင်တစ်ခုဘဲ ဖြစ်ပါတယ်။

Volvo Group နှင့် ပူးပေါင်း လုပ်ဆောင်မှုတွေဟာ စိမ်းလန်းတဲ့ အသွင် ကူးပြောင်းမှု ဖြစ်နိုင်ပြီး ကောင်းမွန်တဲ့ ရလဒ်များ ရစေပါတယ်”ဟု SSAB ရဲ့ ဥက္ကဌ နဲ့ CEO ဖြစ်သူ Martin Lindqvist ကပြောကြားခဲ့ပါတယ်။

အရည်အသွေးမြှင့်မားတဲ့ အဆိုပါ သံမဏိကို ထုတ်လုပ်နိုင်ဖို့ သေချာနေတာဟာ ရာသီဥတုဖောက်ပြန်မှုကို တစ်လျှောက်လုံး လျော့ချသွားနိုင်မည် ဟု ဆိုပါတယ်။

ယခုအခါ ရုပ်ကြွင်းလောင်စာကို အသုံးမပြုဘဲ ပြုလုပ်ထားတဲ့ သံမဏိတွေကို ပိုမိုထုတ်လုပ်နိုင်ဖို့ နဲ့ Volvo Group နှင့် သုတေသနလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *