နေရောင်အောက်ရှိ နွေရာသီ ကာလ အစိမ်းရောင် စားကျက်မြေကြီးကို VR ခေါင်းစွပ်များအသုံးပြုကာ မြင်တွေ့စေခြင်းအားဖြင့် နွားများကို စိတ်အပန်းဖြေမှု ဖြစ်စေတယ်လို့ တချို့က ဆိုပါတယ်။
မော်စကိုမြို့ အနီးရှိ Rusmoloko နို့ထွက်မွေးမြူရေးခြံကို သင်ရောက်ခဲ့မယ်ဆိုရင် အနာဂါတ် ရုပ်ရှင် ဇာတ်ကားတကားထဲသို့ ရောက်နေမယ်လို့ သင်ထင်ကောင်း ထင်ပါလိမ့်မယ်။
ဘာလို့လဲဆိုတော့ အဲဒီမှာရှိတဲ့ နွားတွေကို VR ခေါင်းစွပ်တွေနဲ့ အများအပြား မွေးမြူ ထားလို့ပဲ ဖြစ်ပါတယ်။

ဒီ VR တွေဟာ ရုပ်ရှင်ပြဖို့ အတွက် မဟုတ်ဘဲ နွားများအတွက် စိတ်အပန်းပြေမှု ရစေရန် နှင့် နွားနို့များ ပိုမို ထွက်ရှိစေရန် အထူးထုတ်လုပ်ထားတဲ့ VR တွေဖြစ်ကြောင်းကို မော်စကိုရှိ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
နွားနို့အထွက်နှုန်း ကျဆင်းတဲ့ ပြသနာများအတွက် အိုင်တီ လောကမှ ကျွမ်းကျင်သူများနှင့် နို့ထုတ်လုပ်မှု လုပ်ငန်းများမှ ခေါင်ဆောင်များဟာ အဆင့်မြင့် နည်းပညာဆိုင်ရာ အဖြေတခု ရှာဖွေရန် ပူးပေါင်း လုပ်ဆောင်နေခဲ့တာကို မီဒီယာ တော်တော်များများမှာ ဖော်ပြပြီး ဖြစ်ပါတယ်။
ဒီဖြေရှင်းနည်းကတော့ နွားများ နွေရာသီ စားကျက်မြေတွေကို မြင်နိုင်မယ့် မြင်ကွင်းတု ပြုလုပ်သည့် အစီအစဉ်ပဲ ဖြစ်ပါတယ်။

စိုက်ပျိုးရေးဆိုင်ရာ လုံခြုံမှု နှင့် ကျန်းမာရေးအရ နွားများဟာ နက်ရှိုင်းတဲ့ အမြင်ကို မရရှိ ကြရပါဘူး။
VR ရှုခင်းတုကို ဖန်တီးရာမှာ သုတေ သီများဟာ နွားများရဲ့ အနီရောင်နှင့် ပတ်သက်ပြီး ပိုမို မြင့်မားတဲ့ အမြင် အပြင် နည်းပါးတဲ့ အပြာနှင့် အစိမ်းရောင် အမြင်ကိုပါ ထည့်သွင်း စဉ်း စားရမှာ ဖြစ်ပါတယ်။
ဒီလိုပုံရိပ်တွေ ဖန်တီးရာမှာ သုတေသီများဟာ နွားများကို ဘယ်အရာက အပြုသဘောဆောင်တဲ့ စိတ်ခံစားမှု အခြေအနေကို အထောက် အကူပြုသလဲ ဆိုတာကိုလည်း ထည့်သွင်း စဉ်းစားရပါတယ်။

၎င်းတို့ဟာ ကမ္ဘာအနှံ့မှာရှိတဲ့ နို့ထွက်မွေးမြူရေးခြံတွေရဲ့ ဥပမာကို ကြည့်ပြီး အေးဆေးတည်ငြိမ်တဲ့ ပတ်ဝန်းကျင်ဟာ နွားနို့ထုတ်လုပ်မှုကို ပိုမိုစေတယ်လို့ ကောက်ချက် ချခဲ့ပါတယ်။
တကယ်တော့ ပျော်ရွှင်နေသော နွားများဟာ VR များမလိုအပ်ပဲ အရည်အသွေး ပြည့်မှီတဲ့ နွားနို့များကို ထုတ်လုပ်ပေးနိုင်ပါတယ်။
ဥပမာအားဖြင့် အမေရိကန်ရှိ နွားခြံများတွင် နွားချည်တိုင်များ၌ လည်နေသော ဘရက်ရှ်များ တပ်ဆင်ထားကာ နွားများကို နှိပ်နယ်ပေးသည့် စနစ်များကို အသုံးပြုပါတယ်။
ဥရောပ နိုင်ငံများမှာတော့ နွားများကို လွတ်လပ်စွာနှင့် ကျယ်ပြန့်စွာ သွားလာနိုင်ရန် စက်ရုပ် စနစ်များ အသုံးပြုကြပါတယ်။

ရုရှားနိုင်ငံမှာတော့ အချို့ ခြံများမှာ ဂန္တဝင်တေးများကို အသံချဲ့စက်များဖြင့် ဖွင့်ကာ နွားများကို ဖျော်ဖြေပေးထားပါတယ်။
အထက်ပါ နည်းလမ်းများ အားလုံးဟာ နွားများကို စိတ်အပန်းဖြေစေရန် နှင့် နို့ထွက်တိုးလာစေရန် နိုင်ငံတော်တော်များများမှာ အသုံးပြုကြတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။
ကျွန်တော်တို့အနေဖြင့် အနာဂါတ်မှာ အနှေးနှင့် အမြန် ဆိုသလို VR တွေ တပ်ဆင်ထားတဲ့ သိုးအုပ်တွေ၊ နွားတွေ၊ ဝက်တွေကို မြင်တွေ့ရနိုင်ဖွယ် ရှိနေပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။