Sandia အမျိုးသား ဓာတ်ခွဲခန်းနှင့် ၎င်း၏ နျူကလီးယား လုံခြုံရေး လုပ်ငန်း မိတ်ဖက်များမှ မကြာသေးမီက အဆင့်မြှင့်တင်ထားတဲ့ လက် နက် များ တပ်ဆင်မှုအတွက် ပထမဆုံး ထုတ်လုပ်မှုကို ပြီးစီးခဲ့ပါတယ်။
အဆိုပါ အဆင့်မြှင့်ထားတဲ့ လက်နက်ကတော့ W88 Alteration 370 သို့မဟုတ် W88 Alt 370 လို့ခေါ်တဲ့ နျူကလီးယား ထိပ်ဖူးများ ဖြစ်ပါတယ်။
အဆင့်မြှင့်တင်ပြီးနောက်မှာ အဲဒီ့ နျူကလီးယား ထိပ်ဖူးများ၏ စက်ကိရိယာများ သို့မဟုတ် ဥာဏ်ရည် စနစ်ဟာ တိုးတက်လာပြီး ၎င်း၏ အသုံးပြုနိုင်တဲ့ သက်တမ်းကို တိုးမြှင့်နိုင်ခဲ့ပါတယ်။
W88 နျူကလီးယား ထိပ်ဖူးများကို ၁၉၈၈ ခုနှစ်မှာ စတင် ထားရှိခဲ့ပြီး အမေရိကန်ရေတပ်၏ Trident II ရေငုပ်သင်္ဘောသုံး ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်စနစ်တွင် တပ်ဆင်ပြီး Ohio အတန်းအစား ပဲ့ထိန်းဒုံးတင် ရေငုပ်သင်္ဘောများမှာ အသုံးပြုနေတာ ဖြစ်ပါတယ်။
ဒီလက်နက်ဟာ နှစ်ပေါင်း ၃၀ လောက် သက်တမ်းရှိနေပြီဖြစ်ကာ လက်ရှိ အဆင့်သင့်ဖြစ်နေမှု အခြေအနေကို ထိန်းသိမ်းဖို့ရာအတွက် အဆင့်မြှင့်တင်မှု အများအပြား လိုအပ်နေတာ ဖြစ်ပါတယ်။

W88 Alt 370 ထိပ်ဖူးကို အဆင့်မြှင့်တင်ရာတွင် အဓိကအားဖြင့် လက်နက်တပ်ဆင် စနစ်များ၊ စနစ်တံ စနစ်များ၊ ပစ်ခတ် စနစ်များ ပါဝင်တဲ့ AF&F တပ်ဆင်မှုနှင့် သမားရိုးကျ ပေါက်ကွဲအားမြင့်စနစ်ကို ပြန်လည် ဆန်းသစ်စေခြင်းတို့ ပါဝင်ပါတယ်။
ဒါ့အပြင် နည်းပညာ ပြောင်းလဲလာမှုများကြောင့် အဓိက အစိတ်အပိုင်း ဒါဇင်ပေါင်းများစွာကိုလည်း အရည်အချင်း ပြည့်မှီရန်နှင့် ပြန်လည် ဆန်းသစ်ရန် လိုအပ်ခဲ့ပါတယ်။
AF&F တပ်ဆင်မှုဟာ ထိပ်ဖူးရဲ့ ဦးနှောက်များပဲ ဖြစ်တယ်လို့ Sandia ဓာတ်ခွဲခန်းမှ W88 Alteration 370 အတွက် အကြီးတန်း မန်နေဂျာ Dolores Sanchez မှ ပြောပါတယ်။
အဆိုပါ တပ်ဆင်မှုနှင့်အတူ ရေဒါ၊ ဆက်သွယ်ရေး၊ လမ်းညွှန်စနစ်၊ လျှပ်စီးဖမ်းစက်နှင့် အခြား အရေးပါတဲ့ လုံခြုံရေးဆိုင်ရာ အစိတ်အပိုင်းများကိုလည်း အဆင့်မြှင့်တင်ခဲ့ပါတယ်။

တပ်ဆင်မှုတွင် အသုံးပြုခွင့် ရှိသည့်သူသာ လက်နက်ကို အသုံးပြုနိုင်ပြီး မဟုတ်ပါက လုံးဝ အသုံးမချနိုင်စေရန် စမ်းသပ်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ပါတယ်။
စနစ်အပြည့် W88 Alt 370 ဟာ ၎င်း၏ ယုံကြည်စိတ်ချရမှုနှင့် လုံခြုံမှုကို သေချာစေရန် တင်းကျပ်သည့် စမ်းသပ်မှုများကိုလည်း ဖြတ်ကျော်ခဲ့ရပါတယ်။
တုန်ခါစေခြင်း၊ ထိရိုက်မိစေခြင်း၊ လွှတ်ချခြင်း၊ အလွန်အမင်း အပူချိန် နှင့် ကြီးမားတဲ့ လျှပ်စစ်ဓာတ်အား လှုံ့ဆော်မှုများဟာ ရည်ရွယ်ချက်အတိုင်း ထိပ်ဖူးကို လုပ်ဆောင်စေရန် AF&F တပ်ဆင်မှု၏ စမ်းသပ်မှုများထဲမှ အချို့ဖြစ်ပါတယ်။
အဆင့်မြှင့်တင်နေတဲ့ W88 Alt 370 ၏ ပထမဆုံး ထုတ်လုပ်မှု ယူနစ်ကိုတော့ ကန်းဆတ်မြို့ အမျိုးသား လုံခြုံရေး နယ်မြေမှာ တပ်ဆင်ခဲ့ပြီး ပထမဆုံး အပြည့်အဝ လုပ်ဆောင်နိုင်တဲ့ ယူနစ်ကိုတော့ Texas ပြည်နယ် အမာရီလိုမြို့အနီးရှိ Pantex စက်ရုံမှာ လက်ခံရရှိခဲ့ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။