လမ်းလျှောက်ခြင်း
မိမိတို့ရဲ့ ခန္ဓာကိုယ်မှာ အဆီပိုတွေမရှိတော့ဘူးဆိုရင် ကြွက်သားတွေကလည်း ပိုမိုပေါ်လွင် သန်မာလာမှာဖြစ်ပါတယ်။ ဒီလိုဖြစ်ချင်တယ်ဆိုရင်တော့ တစ်ရက်ကိုခြေလမ်းရေ (၁၀,၀၀၀) လောက်လမ်းလျှောက်ပေးရုံတင်ရရှိနိုင်ပါတယ်။
ဒီထက်ပိုပြီး ပြင်းထန်တဲ့လေကျင့်ခန်းမျိုးလိုချင်တယ်ဆိုရင်တော့ တောင်တက်လမ်းလျှာက်ခြင်းကို ပြုလုပ်နိုင်ပါတယ်။ဒါ့အပြင် စက္ကန့် (၃၀)မှ ၁ မိနစ် ၊ ၂ မိနစ်အထိ ခပ်မြန်မြန်လမ်းလျှောက်ပြီး ပုံမှန်လမ်းပြန်လျှောက်ခြင်း၊ အဲဒီနောက်ခပ်မြန်မြန်ပြန်ပြီး လမ်းလျှောက်ခြင်းလိုမျိုး လေ့ကျင့်ခန်းတွေကလည်း ထိရောက်မှုရှိလှပါတယ်။

လမ်းလျှောက်ခြင်းကြောင့် သင့်ခန္ဓာကိုယ်တစ်လျှောက်မှာရှိတဲ့ ကြွက်သားတွေရဲ့ တင်းအားကို တိုးမြင့်စေတာဖြစ်ပါတယ်။ လမ်းလျှောက်ခြင်းသည် ပြင်းထန်တဲ့ လေ့ကျင့်ခန်းမဟုတ်သည့်အတွက် ကြွက်သားတွေနာကျင်စေခြင်းမရှိစေပါဘူး။ ဒါကြောင့် အနာတရဖြစ်တာမျိုး၊ နောက်တစ်ခေါက်လမ်းလျှောက်ဖို့အတွက် ကြွက်သားနာတာမျိုးလည်း မဖြစ်စေပါဘူး။
လမ်းလျှောက်ခြင်းကြောင့်လည်း ပန်းကရိယလို့ခေါ်တဲ့ မုန့်ချိုအိတ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။

ပန်းကရိယလို့ခေါ်တဲ့ မုန့်ချိုအိတ်က မိမိတို့စားသောက်သမျှအစာတွေ အားလုံးကို ခန္ဓကိုယ်ရဲ့ ကလာပ်စည်းတွေကို လိုအပ်တဲ့လောင်စာအဖြစ် ပြောင်းလဲပေးတဲ့ တာဝန်ကို ထမ်းဆောင်ရတာပါ။ သူ့မှာ လုပ်ငန်းကြီးနှစ်ရပ်ရှိပါတယ် အဲဒါကတော့ အစာခြေရည်ထုတ်ပေးခြင်း နှင့် သွေးတွင်း သကြားဓါတ်ကို ထိန်းညှိပေးခြင်းတို့ပါပဲ။
ပုံမှန် လမ်းလျှောက်ပေးခြင်းက သွေးတွင်းသကြားဓါတ်ပမာဏကို ကောင်းမွန်တဲ့အခြေအနေ တစ်ခုမှာပဲ ရှိနေစေဖို့ ကူညီပေးပါတယ်။လမ်းလျှောက်တဲ့သူနဲ့ ပြေးတဲ့သူနှိုင်းယှဉ်လိုက်ရင် လမ်းလျှောက်တဲ့သူက သွေးတွင်းသကြားဓါတ်ပမာဏကို ပိုင်ဆိုင်ထားပါတယ်။
ဒါကြောင့် ဆီးချိုရောဂါကာကွယ်ရာမှာ လမ်းလျှောက်ခြင်းဟာ ပြေးခြင်းထက် ပိုပြီးထိရောက်မှုရှိတယ်လို့ဆိုပါတယ်။ အားလုံးကျန်းမာ၊ ချမ်းသာကြပါစေ။