ရူပ နက္ခတ္တဗေဒ ပညာရှင်၏ ကမ္ဘာ ပျက်ကိန်း သတိပေးမှု အကြောင်း

News Science

ရူပနက္ခတ္တဗေဒ ပညာရှင်က လူသားမျိုးနွယ် ကပ်ဆိုက်လိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ သားစဉ်မြေးဆက်တွေကို ပျက်သုဉ်းသွားတဲ့ ဂြိုဟ်တစ်လုံးကို ထားခဲ့ပါက ရှက်စရာကောင်းလိမ့်မှာ ဖြစ်ပါတယ်။

ရာသီဥတုပြောင်းလဲမှုဟာ လူသားတွေအတွက် ဘေးဥပဒ်ဖြစ်စေမယ့်ပုံကို ပြသထားတဲ့ များပြားလှတဲ့ အချက်အလက်များစွာ ရှိပါတယ်။

သို့သော် ၎င်းကို တိုက်ဖျက်ရန် ချက်ချင်းလုပ်ဆောင်ဖို့ လိုအပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ အစပြုမှုကို ကျွန်တော်တို့ မတွေ့ရသေးပါဘူး။

ရာသီဥတုပြောင်းလဲခြင်းဟာ ကမ္ဘာကြီးကို ပျက်စီးစေမယ့် သိသာထင်ရှားတဲ့ နိမိတ်လက္ခဏာတွေကို လျစ်လျူရှုခြင်းအားဖြင့် မျိုးစိတ်တစ်ခုအနေနဲ့ ကျွန်တော်တို့ဟာ ရေနွေးအိုး၌ ထိုင်နေသောဖား စကားပုံကဲ့သို့ လုပ်ဆောင်နေတယ်လို့ ရူပနက္ခတ္တဗေဒပညာရှင် Martin Rees က The Scotsman တွင် အယ်ဒီတာ့အာဘော်စာမျက်နှာအသစ်၌ ရေးသားခဲ့ပါတယ်။

သူက ကျွန်တော်တို့လမ်းစဉ်ကို ပြောင်းလဲနိုင်ပုံအတွက် အကြံဥာဏ်အချို့ရှိသော်လည်း ဒါဟာ ကြောက်မက်ဖွယ် သတိပေးချက်တစ်ခုဖြစ်ပါတယ်။

မနက်ဖြန်လည်း ဖြစ်နိုင်ပါတယ်

ပြဿနာမှာ အရေးပေါ် လုပ်ဆောင်မှုတွေ မရှိဘဲ မျိုးသုဉ်း သွားနိုင်တဲ့ အဆင့်ဖြစ်လာနိုင်တဲ့ ရာသီဥတု​ ဖောက်ပြန်မှုရဲ့ အကြီးမားဆုံး ခြိမ်း ခြောက် မှုတွေဟာ အနာဂတ်တွင် ကျန်ရှိနေဆဲဖြစ်ပြီး အခြားနိုင်ငံတွေကို ဦးစွာရိုက်ခတ်သွားလိမ့်မှာဖြစ်ကြောင်း Rees က ပြောဆိုထားပါတယ်။

၎င်းသည် လက်ရှိနိုင်ငံရေးသမားအများစုရဲ့ လုပ်ပိုင်ခွင့်တွေထက် အနာဂတ်ကို ပိုမို ဝေးကွာစေတဲ့ အချိန် အတိုင်းအတာ တစ်ခုတွင် ထည့် သွင်း ထားပြီး ၎င်းတို့အား လိုအပ်တဲ့ အပြောင်းအလဲတွေမှာ မြှုပ်နှံဖို့ ဆန္ဒနည်းစေပါတယ်။

ကျွန်တော်တို့ရဲ့ ဘိုးဘွားများထံကနေ ပြန်လည်ပေးဆောင်ရမယ့် အမွေအနှစ်တွေကို သတိချပ်သင့်ပြီး သားစဉ်မြေးဆက်တွေအတွက် ပျက်သုဉ်း နေတဲ့ ကမ္ဘာတစ်ခုကို ထားခဲ့ရင် ရှက်စရာကောင်းလိမ့်မှာဖြစ်တယ်လို့ သူက ရေးသားခဲ့ပါတယ်။

မကြာမီ ကမ္ဘာပျက်ကိန်း

Rees ဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှုကို ဂြိုဟ်သိမ်သစ်တစ်ခုနှင့် နှိုင်းယှဉ်ခဲ့ပါတယ်။

နက္ခတ္တဗေဒပညာရှင်တွေဟာ ဂြိုဟ်သိမ်တစ်ခုကို ခြေရာခံပြီး အခုကနေ အနှစ် ၆၀ အတွင်း ၂၀၈၀ မှာ ကမ္ဘာမြေကို ဝင်တိုက်မယ်လို့ တွက် ချက် ခဲ့တယ်ဆိုပါစို့လို့ Rees က ရေးသားခဲ့ပါတယ်။

သေချာတာတော့ မဟုတ်ပေမယ့် ဖြစ်နိုင်ခြေ ၁၀ ရာခိုင်နှုန်း ရှိပါတယ်။

လူတွေ ပိုချမ်းသာလာတဲ့အခါ အဲ့ဒါဟာ အနှစ် ၄၀ ကြာ ပြဿနာတစ်ခုဖြစ်ပြီး ဘာပဲဖြစ်ဖြစ် ကမ္ဘာမြေကို လက်လွှတ် ရတော့မယ်လို့ ပြောရင် ကျွန်တော်တို့ အေးဆေးနိုင်ပါဦးမလား။

ကျွန်တော်တို့ အေးဆေးဖြစ်နေဦးမယ်လို့ မထင်ပါဘူး။

ကျွန်တော်တို့ ချက်ချင်းစတင်ပြီးတော့ အဲဒါကို ရှောင်လွှဲဖို့ ဒါမှမဟုတ် သူ့ရဲ့အကျိုး သက်ရောက်မှုတွေကို လျှော့ချဖို့ နည်းလမ်းတွေကိုရှာပြီး ကျွန်တော်တို့ အကောင်းဆုံးလုပ်ရမယ်ဆိုတဲ့ လူတိုင်းရဲ့ဆန္ဒတစ်ခုရှိမှာ သေချာပါတယ်။

ဒါဆို ရာသီဥတု ဖောက်ပြန်မှုအတွက် ကျွန်တော်တို့က ဒီလိုပဲ လုပ်နေတာ မဟုတ်ဘူးလို့ သူက စောဒကတက်တာ ဘာလို့လဲ။

သိပ္ပံနည်းကျအရ အများရဲ့ဆန္ဒမှာ ပုံမှန် စီးပွားရေး ချဉ်းကပ်မှုတစ်ခုဟာ ကျွန်တော်တို့ရဲ့ ပျက်စီးခြင်းသို့ ဦးတည်လိမ့်မယ်ဆိုတာ ရှင်းပါတယ်။

သို့သော် ခြိမ်းခြောက်မှုအား ကမ္ဘာလုံးဆိုင်ရာ တုန့်ပြန်မှုဟာ ဒီလို လိုအပ်တဲ့ အရေးပေါ် လုပ်ဆောင်ချက်တွေ မရှိသေးပါဘူး။

Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *