ကမ္ဘာမြေပေါ်ရှိ ရေတွေဟာ နေမှ ဆင်းသက်လာဖွယ် ရှိကြောင်း လေ့လာမှုသစ်တစ်ခုအရ သိရပါတယ်။
ကမ္ဘာ့မြေမျက်နှာပြင်၏ ၇၀ ရာခိုင်နှုန်းကျော်ကို သမုဒ္ဒရာများဖြင့် ဖွဲ့စည်းထားသောကြောင့် ကျွန်တော်တို့ရဲ့ ကမ္ဘာဂြိုဟ်ဟာ နေအဖွဲ့အစည်းရှိ အခြားဂြိုဟ်တွေထက် ရေပိုမိုကြွယ်ဝပါတယ်။
သို့သော် သိပ္ပံပညာရှင်တွေက သူတို့အားလုံး ဘယ်ကလာကြောင်းကို သိရှိရန် အချိန် အတော်ကြာ ရုန်းကန်နေရပါတယ်။
ယခုအခါ လေ့လာမှုအသစ်တစ်ခုက ရေတွေဟာ နေမှ ကမ္ဘာသို့ ရောက်ရှိလာတယ်ဆိုတဲ့ အံ့အားသင့်ဖွယ် ဖြစ်နိုင်ခြေကို အကြံပြုထားပါတယ်။
“တည်ရှိနေဆဲ သီအိုရီတစ်ခုကတော့ C-type ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေ ဖြစ်ပေါ်လာမှုရဲ့ နောက်ဆုံးအဆင့်မှာ ရေတွေကို ကမ္ဘာမြေဆီ သယ် ဆောင်သွားခဲ့ပေမယ့် ဒီဂြိုဟ်သိမ်ဂြိုဟ်မွှားတွေရဲ့ isotopic လက္ခဏာရပ်တွေကို အရင် စမ်းသပ်ခဲ့ရာတွင် ပျမ်းမျှအားဖြင့် ကမ္ဘာပေါ်ရှိ ရေနှင့် မကိုက်ညီတာကို တွေ့ရှိခဲ့ရပါတယ်။
ဆိုလိုသည်မှာ အရင်းအမြစ်အတွက် အနည်းဆုံး စာရင်းမရှိသော အခြားအရာတစ်ခု ရှိနေပါတယ်” လို့ Curtin တက္ကသိုလ်မှ ပါမောက္ခ Phil Bland နှင့် လေ့လာမှုတွင် ပါ၀င်သော သိပ္ပံပညာရှင်တစ်ဦးတို့က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ သုတေသနပြုချက်က နေရောင်ခြည်ဟာ သေးငယ်သော အမှုန်အမွှားတွေရဲ့ မျက်နှာပြင်ပေါ်တွင် ရေကို ဖန်တီးခဲ့ပြီး ဒီအိုင်ဆိုတုပ်နည်းအားဖြင့် ပိုမိုပေါ့ပါးသောရေဟာ ကမ္ဘာ့ရေလက်ကျန်ကို ထောက်ပံ့ပေးနိုင်ဖွယ်ရှိကြောင်း အကြံပြုထားပါတယ်။

Illustration
ဒီနေရောင်ခြည်စွမ်းအင်ဆိုင်ရာ သီအိုရီအသစ်ဟာ ဂျပန်အာကာသ စူးစမ်းလေ့လာရေးယာဉ် Hayabusa က စုဆောင်းခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ကမ္ဘာမြေသို့သယ်ဆောင်ခဲ့တဲ့ နမူနာတွေဖြစ်ကြတဲ့ Itokawa လို့ခေါ်သည့် ကမ္ဘာအနီးရှိ S-type ဂြိုဟ်သိမ်ဂြိုဟ်မွှားရဲ့ အပိုင်းအစတွေကို စေ့စပ်သေချာစွာ အက်တမ်အလိုက် ခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံထားပါတယ်။
Curtin University မှ ကျွန်တော်တို့ရဲ့ ကမ္ဘာ့အဆင့်မီ အက်တမ်စုံစမ်းစစ်ဆေးမှုစနစ်က အတိုင်းအတာအားဖြင့် ကျောက်တုံး တစ်ကုဗမီတာတိုင်းတွင် လီတာ ၂၀ လောက်ထိ ရေတွေ ပါဝင်နေတာကို ကျွန်တော်တို့တွေ့ရှိခဲ့တဲ့ Itokawa အမှုန်အမွှားတွေမျက်နှာပြင်ရဲ့ ပထမဆုံး ၅၀ နာနိုမီတာ သို့မဟုတ် ထိုမျှလောက်အထိ အသေးစိတ်ကြည့်ရှုနိုင်စေခဲ့ပါတယ်။
သုတေသနပြုချက်က ကျွန်တော်တို့ရဲ့ ကမ္ဘာမြေအကြောင်းကို ပြောပြရာတွင် အသုံးဝင်ကြောင်း သက်သေပြနိုင်ခဲ့ရုံသာမက ၎င်းကို စွန့်ခွာရန် ကူညီပေးနိုင်ကြောင်း သိပ္ပံပညာရှင်တွေက ပြောကြားခဲ့ပါတယ်။
ကျွန်တော်တို့က အနာဂတ် အာကာသမစ်ရှင်တွေမှာ အလားတူနည်းပညာကို အသုံးပြုနိုင်ပါတယ်။
“အာကာသယာဉ်မှူးတွေက ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်ခြင်းမရှိဘဲ ရေအလုံအလောက်ရရှိနိုင်ဖို့က အနာဂတ် အာကာသစူးစမ်းလေ့လာရေး၏ အတားအဆီးတွေထဲက တစ်ခုဖြစ်တယ်” လို့ လေ့လာမှုမှ နောက်ထပ် သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ Luke Daly က ပြောကြားခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ သုတေသနပြုချက်က Itokawa ပေါ်ရှိ ရေကို ဖန်တီးပေးခဲ့သော အာကာသ မိုးလေဝသဖြစ်စဉ်ဟာ အခြားလေမဲ့ဂြိုဟ်တွေမှာ ဖြစ်ပွားနိုင်ဖွယ်ရှိပါတယ်။
ဆိုလိုသည်မှာ အာကာသယာဉ်မှူးတွေက လကဲ့သို့သော ဂြိုဟ်မျက်နှာပြင်ပေါ်ရှိ အမှုန်အမွှားများမှ ရေသန့် ထောက်ပံ့မှုတွေကို တိုက်ရိုက်လုပ်ဆောင်နိုင်လိမ့်မှာ ဖြစ်ပါတယ်။
Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။
1/12/2021