ကမ္ဘာ့မျက်နှာပြင်အများစုက ရေများဖြင့် ဖုံးလွှမ်းနေသော်လည်း သောက်သုံးနိုင်တဲ့ ရေပမာဏ အနည်းငယ်သာ ရှိပါတယ်။
ပင်လယ်ရေကို ရေချို ဖြစ်အောင်ပြောင်းလဲခြင်း (desalination) က သောက်ရေသန့်ကို ရယူရန် အလွန် အလားအလာရှိတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သို့သော် လုပ်ငန်းစဉ်က အလွန်စျေးကြီးပါတယ်။
James Dyson Award က ပင်လယ်ရေကို သောက်ရေအဖြစ် ပြောင်းလဲရန် ဆိုလာပေါင်းခံတွင် အလုပ်လုပ်တဲ့ WaterPod လို့ခေါ်တဲ့ ရေ ရှည် တည်တံ့တဲ့ desalination အစီအစဉ် အတွက် မလေးရှားဒီဇိုင်နာအဖွဲ့ကို မကြာသေးမီက အသိအမှတ်ပြုခဲ့ပါတယ်။
Bennie Beh Hue May၊ Yap Chun Yoon နဲ့ Loo Xin Yang တို့ တီထွင်ထုတ်လုပ်ထားတဲ့ WaterPod ကို ပင်လယ်၌ မျောနေရန် ဒီဇိုင်းထုတ်ထားတာကြောင့် ပင်လယ် သမုဒ္ဒရာများတွင် တနေရာမှ တနေရာ ရွေ့လျှားနေနိုင်ပါတယ်။
၎င်းသည် အောက်ခြေမှ ပင်လယ်ရေကို စုပ်ယူရန် အပူပေး ရေစုပ်ပိုက်ပုံစံ (wick structure) ကိုသုံး၍ နေရောင်ခြည်သုံး သန့်စင်စနစ် ဖြင့် ကိုယ်တိုင် သန့်ရှင်း လုပ်ဆောင်ပြီး အလူမီနီယံပြားထိပ်ရှိ အနက်ရောင် Fiber အထည် ဆီသို့ပို့ဆောင်ပါတယ်။

နေရောင်ခြည်သည် ဖောက်ထွင်း မြင်နိုင်တဲ့ အဖုံးကို ဖြတ်၍ အပူပေးစေပြီးနောက် ပင်လယ်ရေဟာ အနက်ရောင် Fiber အထည်မှ တဆင့် အမိုးခုံး အဖုံးပေါ်သို့ အငွေ့ပျံသွားပါတယ်။
အလူမီနီယံပြားကို အနက်ရောင် Fiber အထည်တစ်လျှောက် ပြန့်နှံ့နေတဲ့ ရေမျက်နှာပြင်ကို မြှင့်တင်ရန် စက်လုံးခြမ်း ပုံစံဖြင့် ပြုလုပ်ထားပြီး ညစ်ညမ်းစေတဲ့ အရာတွေကို နောက်မှာချန်ထားပြီး ပင်လယ်ရေအငွေ့ပျံခြင်းကို ပိုမြန်စေပါတယ်။
အဖုံးပတ်လည်ရှိ အေးမြတဲ့ ပတ်ဝန်းကျင် လေနှင့်အတူ ရေငွေ့တွေက ငွေ့ရည်ဖွဲ့ခြင်း ဖြစ်စဉ်မှတစ်ဆင့် ရေစက်များအဖြစ် လွယ်လွယ်ကူကူ ဖြစ်ပေါ်သွားပါတယ်။
သမုဒ္ဒရာလှိုင်းတွေက အမိုးခုံးပေါ်ရှိ စုဆောင်းထားတဲ့ အငွေ့ကို လှုပ်ခါရန် လိုအပ်သော စွမ်းအင်ကို ဖန်တီးလိမ့်မှာ ဖြစ်ပါတယ်။
ထို့နောက် ရေစက်များသည် အောက်က သိုလှောင်ရုံထဲသို့ စီးဆင်းသွားပြီး ရေစုပ်စနစ်မှ တဆင့် ပြန်လည်ရယူနိုင်ပါတယ်။
WaterPods က ရှိပြီးသား desalination စက်ရုံများအတွက် ကုန်ကျစရိတ်သက်သာတဲ့ အစားထိုးတစ်ခုအဖြစ် လုပ်ဆောင်လိမ့်မှာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပင် ပလတ်စတစ် ညစ်ညမ်းမှုကို ဖြေရှင်းရန် အဆိုပြုထားတဲ့ လုံးဝပြည့်စုံတဲ့ WaterPods တွေ ကိုယ်တိုင်ကို သမုဒ္ဒရာများမှ စုဆောင်းထားတဲ့ ပလတ်စတစ် အမှိုက်များဖြင့် ပြုလုပ်ထားတာဖြစ်ပါတယ်။
အတွင်းပိုင်းကို အပူကာပစ္စည်းနဲ့ ရေမှာ ပေါလောပေါ်နိုင်တဲ့ ဖော့တွေလို လုပ်ဆောင်တဲ့ တိုးချဲ့ polyurethane အမြှုပ်များဖြင့် ဖြည့်ထားပြီး အောက်ခြေအမိုးခုံးက အလေးချိန် တည်ငြိမ်မှုကို မြှင့်တင်ရန် ဘိလပ်မြေနဲ့ အားဖြည့်ပေးထားပါတယ်။
ကိုယ်တိုင် သန့်စင် ဆားဖယ်ထုတ်တဲ့ wick structure ကို အဏ္ဏဝါသက်ရှိများ၏ ဂေဟစနစ်ကို အနှောက်အယှက် ဖြစ်စေတဲ့ အားပြင်းတဲ့ဆားငံ အညစ်အကြေးတွေကို ဖယ်ရှားရန် လမုပင်မှ ပြုလုပ်ထားပါတယ်။
မှိုပုံစံရှိတဲ့ စက်ဝန်းခြမ်းပုံစံအလူမီနီယံပြားက အငွေ့ပျံနှုန်း ပိုမြန်စေရန် မျက်နှာပြင်ဧရိယာကို မြှင့်တင်ပေးပါတယ်။
ထို့နောက် ဒီဇိုင်းပညာရှင်အဖွဲ့က WaterPod ရဲ့ လက်တွေ့ကျမှုနဲ့ ထုတ်လုပ်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အတည်ပြုရန် စီစဉ်ထားပြီး နောက်ထပ် သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် ခန့်ခွဲရန် စိတ်ဝင်စားတဲ့ မည်သည့် ပုဂ္ဂိုလ်များထံမှ မဆို ရန်ပုံငွေများ လက်ခံသွားမှာ ဖြစ်ပါတယ်။
ရေးသားသူ – Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။