ထိပ်ပြောင်ခြင်း အကြောင်း ရှင်းပြနိုင်တဲ့ မျိုးရိုးဗီဇအသစ် တွေ့ရှိ

News Science

ဤ မျိုးရိုး ဗီဇ ၂ ခုသာ မရှိပါက ကြွက်များဟာ လပိုင်းလောက်သာ ကြာပြီး နောက်မှာ ၎င်းတို့၏ အမွှေးအမျှင်များ အားလုံးကို ဆုံး ရှုံးသွားရတာ တွေ့ရပါတယ်။

The New York Times ရဲ့ ဖော်ပြချက်အရ သုတေသီအဖွဲ့တစ်ဖွဲ့ဟာ အသက်အရွယ်ကြီးရင့်မှုအပေါ် ကျွန်တော်တို့ နားလည်ပုံကို ပြန်လည်အဓိပ္ပာယ် ဖွင့်ဆို နိုင်တဲ့ အံ့သြဖွယ် တွေ့ရှိမှုတစ်ခုကို ပြုလုပ်ခဲ့ပြီး လူသားများတွင် ထိပ်ပြောင်ခြင်းကို ကာကွယ်နိုင်လိမ့်မှာ ဖြစ်ပါတယ်။

အသက်အရွယ်ကြီးရင့်တဲ့ တိရစ္ဆာန်တွေရဲ့ အမွှေးအမျှင်တွေကို လေ့လာခြင်းဖြင့် ဆံပင်ရဲ့ အိုမင်းခြင်းမှာ လူသားတွေမှာ ဆံပင်ကျွတ်ခြင်းသို့မဟုတ် ထိပ်ပြောင်ခြင်းကို တိုက်ဖျက်ရန် ကုသမှုအသစ်အတွက် အခြေခံ အုတ်မြစ် ဖြစ်နိုင်တဲ့ မျိုးရိုးဗီဇ နှစ်ခု ပါဝင်နေတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ယခုအချိန်ထိ သိပ္ပံပညာရှင်များက ပင်မဆဲလ် ကုန်ခမ်းခြင်းလို့ ခေါ်တဲ့ ဖြစ်စဉ်တစ်ခုကြောင့် ပေါက်ပွားလာတဲ့ ဆံပင်အရင်း၌ ပေါက်နေတဲ့ပင်မဆဲလ်တွေဟာ ပထမဆုံး ဆံပင်ကို အဖြူရောင်ဖြစ်စေပြီး အချိန် ကြာလာသည်နှင့် အမျှ သေဆုံးသွားပြီး နောက်ဆုံးတွင် ဆံပင်တွေကျွတ်သွားတယ်လို့ ယူဆကြပါတယ်။

ဒါပေမယ့် ကြွက်တွေမှာရှိတဲ့ ဆံပင် တစ်ချောင်းချင်းစီရဲ့ ပေါက်ပွားနှုန်းနဲ့ အိုမင်း ရင့်ရော်မှုကို ကြည့်ခြင်းအားဖြင့် Northwestern တက္က သိုလ် ရောဂါဗေဒပါမောက္ခ Rui Yi ဦးဆောင်တဲ့ အဖွဲ့က အဆိုပါ သီအိုရီဟာ မှားနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

သက်တမ်းကုန် သွားတာထက် ပင်မဆဲလ်တွေဟာ ဆံပင်မွှေးညင်းပေါက်ရှိ သေးငယ်တဲ့အပေါက်များမှ ညှစ်ထုတ်ပြီး သူတို့ရဲ့ပုံစံများကို ပြောင်းလဲစေပါတယ်။

တစ်နည်းအားဖြင့် ပင်မဆဲလ်တွေဟာ စွန့်ခွာပြီး ထားခဲ့ပါတယ်။

ကျွန်တော်ကိုယ်တိုင်မမြင်ခဲ့ရင် ယုံမှာမဟုတ်ဘူး။ ကျွန်တော့် စိတ်ထဲမှာ ရူးလုနီးပါး ဖြစ်နေပြီလို့ Yi က The New York Times သို့ ပြောကြားခဲ့ပါတယ်။

Yi နှင့် သူ့အဖွဲ့ဟာ FOXC1 နှင့် NFATC1 လို့ခေါ်တဲ့ မျိုးရိုးဗီဇနှစ်ခုကို ခွဲခြားသတ်မှတ်ခဲ့ပြီး ဆံပင်ကျွတ်ဆဲလ်ဟောင်းများတွင် တက်ကြွမှုနည်းတဲ့ ဆံပင်အရင်းမှ ပင်မဆဲလ်တွေကို ပိတ်ပစ်ဖို့ တာဝန်ရှိတဲ့ ဒီလုပ်ဆောင်ချက်ကို ဆုံးဖြတ်ပေးတဲ့ မျိုးရိုးဗီဇဖြစ်စဉ်တွေကို စစ်ဆေးခဲ့ပါတယ်။

သူတို့ရဲ့ သီအိုရီကို သက်သေပြရန် အဖွဲ့ဟာ ကြွက်တွေကို ထိုမျိုးဗီဇနှစ်ခုမပါပဲ ကြီးထွားစေခဲ့ပါတယ်။

လေးလကနေ ငါးလအကြာမှာ သူတို့အမွှေးတွေ ကျွတ်လာပါတယ်။

၁၆ လခန့်ကြာပြီးတဲ့နောက် ကြွက်တွေ သက်လတ်ပိုင်းအရွယ်ဖြစ်တဲ့အချိန် မီးခိုးရောင်အမွေးများမှလွဲ၍ သူတို့ရဲ့ အမွှေးအမျှင် အများစုကို ဆုံးရှုံးခဲ့ရပါတယ်။

သုတေသီတွေဟာ အသက်အရွယ်ကြီးရင့်တဲ့ ကြွက်တွေရဲ့ မွေးညင်းပေါက်များမှ လွတ်မြောက် လာတဲ့ ပင်မဆဲလ်တွေကို အမှန် တကယ် ကယ်တင်နိုင်ပါ့မလားဆိုတာကို စမ်းသပ်နေပြီး ထိုသို့ ပြုလုပ်နိုင်ပါက ဆံပင်ကျွတ်တဲ့လူတွေ သို့မဟုတ် ထိပ်ပြောင်တဲ့ သူတွေ အတွက် အ ရာ အားလုံးကို ပြောင်းလဲစေနိုင်ပါတယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.