စစ်အေး တိုက်ပွဲ အကြောင်း ၁

Knowledge

မိတ်ဆက်

စစ်အေးတိုက်ပွဲဆိုတာ ဘာလဲ? ဒီမေးခွန်းရဲ့ အလွယ်ကူဆုံးအဖြေကတော့ ၂၀ ရာစု နှောင်းပိုင်း ကာလ တဝက် လောက်အတွင်း ကမ္ဘာရဲ့ မင်းမူထားတဲ့ စူပါ ပါဝါ အင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက် ယူနီယံ တို့ကြား မတူညီတဲ့ စီးပွားရေး စနစ် နှစ်ခုရဲ့ အယူအဆဆိုင်ရာ ပြသနာကြီး တစ်ရပ် ဖြစ်ခဲ့ တာပဲ ဖြစ် ပါသည်။

တကယ်တမ်းမှာတော့ စစ်အေးတိုက်ပွဲဟာ ကမ္ဘာအနှံ့အပြားမှာ ရှိတဲ့ လွတ်လပ်မှုနှင့် သက်ဆိုင်တဲ့ အယူအဆ တွေ၊ လူ့အခွင့်အရေးတွေ၊ အစိုး၏ နေရာ နှင့် ဒီမိုကရေစီ၊ ချမ်းသာကြွယ်ဝမှု၊ ယဉ်ကျေးမှုရဲ့ ရည်ရွယ်ချက် နှင့် သဘာဝတွေ အပါအဝင် အလားတူ ကိစ္စတွေမှာ ပြသနာတွေနှင့် လူတွေကို လုံးခြာလိုက်နေအောင် တွန်းပို့ ပေးခဲ့ပါ သည်။

“Cold War” ခေါ် စစ်အေးတိုက်ပွဲ သည် စည်းစနစ်ပိုင်းအရ ရှုမြင်မယ်ဆိုရင် အဓိက ပြိုင်ဖက် နှစ်နိုင်ငံ ထိပ်တိုက် တိုက်ခိုက်မှုတွေ မဖြစ်ပွားတဲ့အတွက် “cold” ဆိုတဲ့ စာလုံးကိုအသုံးပြုပြီး “Cold War” ခေါ် စစ်အေးတိုက်ပွဲ လို့ ခေါ်တွင်ကြတာ ဖြစ်ပါသည်။

ဒါပေမယ့် ယခုလို ပြိုင်ဖက် အင်အားကြီး နှစ်နိုင်ငံ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်မှုတွေ မဖြစ်ပွားတဲ့အတွက် ဒီ စစ်ပွဲဟာ သွေးစွန်းမှုတွေမရှိတာ၊ စစ်ဒဏ်ကို ခံစားရသူတွေ မရှိဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။

ပြင်းထန်တဲ့ တိုက်ပွဲတွေ ကမ္ဘာ့ နေရာအနှံ့အပြားမှာ ဖြစ်ပွားခဲ့ပြီး အဲဒီ့အထဲမှ အမေရိကန်တို့ ပါဝင်ခဲ့တဲ့ ကိုရီးယားစစ်ပွဲ နှင့် ဗီယက်နမ်စစ်ပွဲများ၊ ဆိုဗီယက် တို့ ပါဝင်ခဲ့တဲ့ အာဖကန်နစ္စတန် နှင့် တရုတ် ရှိ စစ်ပွဲများဟာ လူသိများပါသည်။

ဒီစစ်ပွဲတွေအပြင် ကိုလိုနီစနစ်ပျက်သုံး သည့်အထိ ဖြစ်လာခဲ့တဲ့ အာဖရိကရှိ တော်လှန်ရေးများ၊ ကျူးဘား၊ လက် တင် အမေရိက၊ အရှေ့ဉရောပ နှင့် အာရှမှာ လူ့အသက် သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့ တိုက်ပွဲ ပေါင်းများစွာ ဖြစ်ပွားခဲ့ပါသည်။

အဲဒီ့ဖြစ်စဉ်တွေမှာလည်း အမေရိကန်နှင့် ဆိုဗီယက်တို့ဟာ ၎င်းတို့၏ အကျိုးစီးပွားအတွက် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ပတ်သက်ခဲ့ပါသည်။

မကြာခဏဆိုသလို နှစ်ဘက်စလုံးဟာ ဂွာတီမာလာနှင့် အရှေ့ ဉရောပလို နေရာမျိုး တွေမှာ စစ်တပ်တွေ မတည်မငြိမ်ဖြစ်စေပြီး အခြေ အနေ တွေကို ပိုဆိုးလာအောင် ဖန်တီးခဲ့ပါတယ်။

ဒါ့ကြောင့် စစ်အေးတိုက်ပွဲဟာ အမေရိကန်နှင့် ဆိုဗီယက် နိုင်ငံများမှာ နေထိုင်တဲ့ ၎င်းတို့၏ နိုင်ငံသားတွေ အပေါ် မှာလဲ ပြင်းပြင်းထန်ထန် ရိုက်ခတ်မှုတွေ ရှိပါတယ်။

အစိုးရ နှစ်ခုစလုံးကတော့ ၎င်းတို့၏ နိုင်ငံသားတွေကို မိမိတို့နိုင်ငံအတွက် ဆောင်ရွက်ရပါတယ်ဟု ဆိုကာ ကြိုး ကြိုးစားစား စည်းရုံးမှုတွေ ပြုလုပ်ခဲ့ရာမှာ လူသန်းပေါင်းများစွာဟာ ယုံကြည် ခဲ့ကြပါတယ်။

စစ်အေးတိုက်ပွဲဟာ အမေရိကန် နှင့် ဆိုဗီယက် နှစ်နိုင်ငံလုံးရဲ့ ယဉ်ကျေးမှုတွေအပေါ်မှာလည်း ဩဇာအာဏာ သက်ရောက်မှု ရှိခဲ့ပါ တယ်။

အစိုးရ နှစ်ခုစလုံးက တစ်နိုင်ငံနှင့် တစ်နိုင်ငံ မကောင်းမြင်လာစေရန် ဝါဒဖြန့်လှုံ့ဆော်မှု ကမ်ပိန်းတွေ အသီးသီး လုပ်ဆောင်ကြပါတယ်။ ဒါ့ကြောင့် အမေရိကန်တွင်နေထိုင်တဲ့ လူများဟာ ကွန်မြူနစ်ဝါဒီများကို ကြောက်ရွံ့ကာ ရှာဖွေ ဖမ်းဆီးကြပြီး၊ ဆိုဗီယက်တွေကတော့

ကွန်မြူနစ်ဝါဒ ကို ပြင်းပြင်းထန်ထန် အကာအကွယ်ပြုကာ အတင်း အကျပ် လိုက်နာစေပြီး အမေရိကန်နိုင်ငံကို ညီမျှမှုမရှိတဲ့ စီးပွားရေးချို့တဲ့သော နိုင်ငံအဖြစ် ရှုမြင်စေပါတယ်။

အဆိုပါလုပ်ဆောင်မှုများကြောင့် အမေရိကန်နိုင်ငံနှင့် ဆိုဗီယက် ယူနီယံမှာရှိတဲ့ လူများဟာ ထိခိုက် နစ်နာမှုများ စွာ ဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့် မိမိတို့ အစိုးရရဲ့ လုပ်ရပ်များအပေါ်မှာ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုဝံ့သူတွေ ဟာ ဖိနှိပ်ခံ့ခဲ့ကြရပါတယ်။

ဆိုဗီယက် ယူနီယံရဲ့ လူတွေအပေါ် ထိန်းချုပ် ဖိနှိပ်မှုဟာ အနောက် ကမ္ဘာမှာ ရာဇဝင် တွင်ခဲ့ပါတယ်။

ဆိုဗီယက် နိုင်ငံသား အများအပြားဟာ ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရပြီး၊ အများစုမှာ ဖမ်းဆီးမှုတွေကြောင့် နေအိမ်မှ ထွက်ပြေး တိမ်းရှောင်နေရကာ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။

ထိုကဲ့သို ဆိုဗီယက်၏ ဖိနှိပ်မှုများကဲ့သို့ပင် အမေရိကန်နိုင်ငံမှာလည်း အစိုးရ နှင့် အများပြည်သူနှင့် သက်ဆိုင် သည့် လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် ကွန်မြူနစ် ယုံကြည်သူများကို လွန်လွန်ကျူးကျူး နှိမ်နင်း ဖမ်းဆီးမှု တွေ ပြုလုပ်ခဲ့ပါတယ်။

အကျိုးဆက်အနေဖြင့် လူပေါင်းများစွာဟာ အလုပ်လက်မဲ့ဖြစ်ခြင်း၊ မိတ်ဆွေအပေါင်းအသင်းနှင့် မိသားစုများကို ဆုံးရှုံးခြင်း၊ ဂုဏ်သိက္ခာကျဆင်းခြင်း စတဲ့ ဒုက္ခမျိုးစုံ ခံစားခဲ့ကြရပါတယ်။

ဒါ့ကြောင့် တခါတရံမှာ အစိုးရနှင့် သဘောထား ကွဲလွဲမှုကြောင့် ဆူပူမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

စစ်အေးတိုက်ပွဲ အဆုံးသတ်မှာတော့ စံနမူနာ ယူထိုက်တဲ့ သမိုင်းဝင် အဖြစ်အပျက်တွေနဲ့ အဆုံးသတ် ခဲ့ပါတယ်။

အဲဒီ့အထဲက ဘာလင် တံတိုင်း ဖြိုချခြင်း၊ အရှေ့အကျိုးတူနိုင်ငံများအုပ်စု ပြိုကွဲခြင်း နှင့် ရုရှားနိုင်ငံမှာ ကွန်မြူနစ် ဝါဒ အဆုံးသတ်သွားခြင်းတို့ ပါဝင်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ အနိုင်ရသူအဖြစ် အောင်ပွဲခံနိုင်ခဲ့ပေမယ့် ကမ္ဘာ့သမိုင်းမှာ စစ်ပွဲအများဆုံး ဖြစ်ခဲ့တဲ့ နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ကာ စစ်အေးတိုက်ပွဲ၏ အဆုံးသတ်ပိုင်းဟာ ပိုမို ရှုပ်ထွေးပြီး ကွဲပြားချက်တွေ များစွာ ရှိ ခဲ့ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *