ခေတ်မှီ ဓာတ်လှေကားများကတော့ ကေဘယ်လ်ကြိုးပြတ်ရင် မြေပြင်ကို ပြုတ်ကျခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
၂၀၁၈ နိုဝင်ဘာတုန်းက လူခြောက်ဦးဟာ ချီကာဂို ရှိ John Hancock စင်တာမှာ ၉၅ ထပ်ရှိ Signature Room bar မှ ဧည့်ခန်းသို့ ဆင်းဖို့အတွက် ဓာတ်လှေကားစီးခဲ့ကြပါတယ်။
ဒါပေမယ့် ကြိုးတွေပြတ်ပြီး ဓာတ်လှေကားက ၈၄ ထပ်ကနေ ၁၁ ထပ်အထိ ကျဆင်းသွားပြီး စီးနင်းမှုကို ပိုဆိုးသွားစေပါတယ်။
အစပိုင်းတုန်းကတော့ အသက်ရှင်မှာ မဟုတ်ဖူးလို့တောင် ထင်ခဲ့တာ ဟု ခရီးသည်တစ်ဦးက CBS Chicago သို့ ပြောကြားခဲ့ပါတယ်။
ငါတို့ အောက်ကို မြန်မြန်ဆင်းကျသွားတယ် ၊ ပြီးတော့ လဲကျသလို ခံစားလိုက်ရပြီး ဆူညံသံတွေ နားထဲ ထပ်တလဲလဲ ကြားနေရတယ် ဟုဆိုပါတယ်။
အံသြစရာကောင်းတာက ဓာတ်လှေကားပေါ် လိုက်ပါလာသူထဲက တစ်ယောက်ပဲ ဆေးရုံတင်လိုက်ရပြီး ဒဏ်ရာကြီးကြီးမားမားတော့ မရခဲ့ပါဘူး ဟုဆိုပါတယ်။
ဓာတ်လှေကားထဲမှ လူများဟာ ၎င်းတို့အနေဖြင့် အထပ်နည်းနည်းလောက်ပဲ အောက်ကျသို့ ကျဆင်းခဲ့တယ် လို့ ထင်ခဲ့ကြတာပါ။
မီးသတ်သမားတွေအနေနဲ့ အထပ်တွေ ကြားမှာ အပေါက်တွေမရှိတာကြောင့် သုံးနာရီကြာအောင် စောင့်ဆိုင်းခဲ့ရတယ်ဟု ဆိုပါတယ်။
ဒါဆို ဓာတ်လှေကားထဲမှာ လူတွေ ကြုံရနိုင်တဲ့အဆိုးဆုံးအရာတစ်ခုက ဘယ်လိုဖြစ်သွားပြီး လူတိုင်း အသက်ရှင်ကျန်ရစ်စေခဲ့တာလဲ။
အက်ရှင်ကားတွေမှာတော့ လူဆိုးတွေက ကေဘယ်လ်ကြိုးကို ဖြတ်တောက်ပြီးနောက် ဓာတ်လှေကားထဲကို ဟီးရိုးကတော့ ရောက်လာတက်တာကို မကြာခဏဆိုသလို မြင်တွေ့ရတက်ပါတယ်။

ကံကောင်းတာက လက်တွေ့မှာလည်း ဓာတ်လှေကားတွေမှာ လုံခြုံစိတ်ချရမှုများစွာရှိပါတယ်။
ကေဘယ်လ်ဓာတ်လှေစနစ်တွင် သံမဏီကြိုးတွေကို ဝန်တွဲကို ဆွဲဖို့ စက်သီးပေါ်မှာ ပတ်ပတ်လည် ချည်ထားပါတယ်။
စက်သီးဟာ ဓာတ်လှေကားတက်ဆင်းဖို့ အပေါ်မှာတပ်ဆင်ထားတဲ့ ကြမ်းတမ်းတဲ့ အနားကွပ်မျက်နှာပြင်ရှိ ရစ်ဘီးဘဲ ဖြစ်ပါတယ်။
စက်သီးရဲ့ မြောင်းတွေဟာ သံမဏီကြိုးတွေကို ထိန်းထားပါတယ်။ ဒါကြောင့် လျှပ်စစ်မော်တာ လှည့်လိုက်မယ်ဆိုရင် ကေဘယ်လ်ကြိုးတွေဟာ လှုပ်ရှားပါလိမ့်မယ်။
ဝန်တွဲကို ဆွဲတဲ့ ကေဘယ်လ်ကြိုးတွေဟာ စက်သီးရဲ့ တခြားတစ်ဖက်မှာ ဆွဲထားတဲ့ တန်ပြန်ဝန်တစ်ခု နှင့် ချိတ်ဆက်ထားပါတယ်။
ဓာတ်လှေကားကေဘယ်လ်ကြိုးတစ်ချောင်းစီကို သံမဏီကြိုးများစွာနှင့် ရစ်ပတ်ပြီး ပြုလုပ်ထားပါတယ်။
အဆိုပါ ကေဘယ်လ်ကြိုးတွေဟာ အလွန်ရှားပါးပါတယ်၊ စစ်ဆေးရေးအရာရှိတွေကတော့ အဆိုပါကေဘယ်လ်ကြိုးတွေ ဟောင်းနွမ်း ဆုတ်ပြတ်မှုတွေကို အချိန်နှင့်အမျှ စစ်ဆေးပေးကြပါတယ်။
သို့ပေမဲ့ ကေဘယ်လ်ကြိုးတွေက ပြတ်နိုင်ပါတယ်။ ဒါဟာ ဘယ်လိုဖြစ်တာလဲ။
ကြိုးဆွဲဓာတ်လှေကား အားလုံးနီးပါးတွင်စုစုပေါင်း ကေဘယ်လ်ကြိုး ၄ ကြိုး နှင့် ၈ကြိုးကြား ရှိပါတယ်။
ကေဘယ်လ်ကြိုး တစ်ချောင်း ပြတ်သွားရင်တောင်မှ ကျန်တဲ့ကြိုးတွေက ဓာတ်လှေကားရဲ့ ဝန်တွဲကို ဆွဲထား တင်းထားနိုင်ပါတယ်။ တကယ်ဆို ကေဘယ်လ်တစ်ချောင်းထဲ နဲ့ လုံလောက်ပါတယ်။
လုံခြုံမှု နှင့် ထိန်းချုပ်မှု စနစ်
ကဲ ဒီလိုဆိုရင် ကေဘယ်လ်ကြိုးအားလုံးပြတ်သွားတယ် ဆိုပါစို့။ ဒါဆို ဓာတ်လှေကားရဲ့ လုံခြုံမှု စနစ်က စတင်အလုပ်လုပ်လာပါလိမ့်မယ်။
လုံခြုံမှုစနစ်ကတော့ ဘရိတ်စနစ်ကို သုံးထားပြီး ဓာတ်လှေကားကြိုးပြတ်လို့ အပေါ်တက်တာဖြစ်ဖြစ် အောက်ဆင်းတာဖြစ်ဖြစ် ဘရိတ်ဖမ်းတဲ့ စနစ်ကို အသုံးပြုထားပါတယ်။
တစ်ချို့ လုံခြုံရေးစနစ်တွေက ဓာတ်လှေကားဘေးက သံလမ်းတွေကို ကုတ်ထားပြီး တစ်ချို့ကတော့ သံလမ်းအတွင်းကို သက်ရိုက်ထားသလို ဒစ်ဘရိတ်ပုံစံ အသုံးပြုကြပါတယ်။ ပုံမှန်အားဖြင့် လုံခြုံမှုစနစ်ကို စက်အရှိန်ထိန်းချုပ်မှုစနစ်ကို အသုံးပြုကြပါတယ်။
ထိန်းချုပ်တဲ့သူက ဓာတ်လှေကားရွေ့အောင် စက်သီးကို လှည့်ရပြီး အလွန်လျင်မြန်စွာလှည့်တဲ့အခါ centrifugal force ကြောင့် ဘရိတ်စနစ်ကို အသက်သွင်းစေပါတယ်။
အောက်ခြေ
တကယ်လို့ လုံခြုံမှုစနစ်(ဘရိတ်ဖမ်းစနစ်) ပျက်သွားခဲ့မယ်ဆိုရင် သင်ဟာအောက်ကို လျင်လျင်မြန်မြန်ဘဲ ကျဆင်းမှာဖြစ်တယ်။
ဝန်ရိုးတစ်လျှောက်ရှိ သံလမ်းများ နှင့် ပွတ်တိုက်မှုကြောင့် ဝန်တွဲအောက်ရှိ လေဖိအားဟာ ဝန်တွဲကို သိသိသာသာ နှေးစေပါလိမ့်မည်။ (ဒါဟာ သင့်ကိုပုံမှန်ထက် ပိုပေါ့ပါးသလို ခံစားစေပါလိမ့်မည်)။
ဒါပေမဲ့ ဒီအရာနှစ်ခုကတော့ ထိခိုက်မှုကို သက်သာစေပါလိမ့်မယ်။ ပထမတစ်ခုက ဓာတ်လှေကား ဝန်တွဲက အောက်ကိုကျနေတဲ့အခါ စက် ဘီးလေထိုးတံ ကဲ့သို့ အောက်မှာရှိတဲ့ လေကို ဖိသိပ်အားတွေ ပေးပါလိမ့်မယ်။

အဆိုပါ လေဖိအားကြောင့် ဝန်တွဲကို နှေးစေပါလိမ့်မယ်။ ဒုတိယ တစ်ချက်ကတော့ ကေဘယ်လ် ဓာတ်လှေကား အများစုတွင် ဆီဖြည့်ထားတဲ့ ပစ္စတင် အောက်ခြေတွင် တပ်ဆင်ထားသော ရှော့စုပ်စက် ရှိပါတယ်။ ဒါမှလည်း ထိခိုက်မှုကို သက်သာစေမှာပါ။
ဒီအချက်တွေကတော့ သင့်ကို ဓာတ်လှေကားမတော်တဆမှုတွေကနေ အသက်ရှင်လွတ်မြောက်ဖို့ ကောင်းမွန်တဲ့ အခွင့်အလမ်းတွေဘဲ ဖြစ်ပါတယ်။
ချီကာဂိုဓာတ်လှေကား မတော်တဆ ဖြစ်ပွားတုန်းက မီးသတ်သမားတွေက ခရီးသည်များရောက်နေသောနေရာကိုရှာဖွေပြီး ဓာတ်လှေကား နောက်ထပ် မကျစေဖို့သေချာအောင် သံကြိုးများတပ်ဆင်ခဲ့ကြရပါတယ်။
ပြီးတော့မှ သူတို့က နံရံကို ဖြိုဖျက်ပြီး ဓာတ်လှေကားတံခါးကို တွန်းဖွင့်ကာ အတွင်းကလူတွေ ထွက်လို့ရအောင် လှေကားတစ်ခု ချပေးပြီး ကယ်ထုတ်ခဲ့ကြပါတယ်။
“ကျွန်တော်တို့က လုံးဝ မလိုအပ်ရင် နံရံတွေကို ဖြိုဖျက် သွားရတာ မကြိုက်ပါဘူး” ဟု ချီကာဂို မီးသတ်ဌာနမှ ပြောရေး ဆိုခွင့်ရှိသူ Larry Langford က Chicago Tribun သို့ ပြောကြားခဲ့ပါသေးတယ်။
ဓာတ်လှေကားသို့ သွားဖို့ အခြားနည်းလမ်းမှာ ၉၇ ထပ်ကနေ ကြိုးနဲ့ ဆင်းဖို့ဘဲ ရှိတယ် ၊ ဒါကလဲ အန္တရယ်မကင်းနိုင်ဘူး။ ဒါ့ကြောင့် ကျွန် တော်တို့ batman လို မဆင်းဘဲ နံရံတွေကို ဖြိုဖျက်လိုက်ရတာ ဟု ဆိုပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။