လေယာဉ်တွေ သက်တမ်းကုန် သွားတဲ့အခါ ရောက်ရှိသွားသည့် နေရာများနှင့် မှတ်သားစရာများ

Article Tech

လွန်ခဲ့သည့် ၃၅ နှစ်မှ ယခုအချိန်အထိ ခရီးသည်တင်လေယာဉ် နှင့် ကုန်တင် လေယာဉ် စုစုပေါင်း ၁၆,၀၀၀ လောက်ကို အနား ပေးပြီး ဖြစ်ပါတယ်။

ဒီလို လေယာဉ်တွေ အနားပေးတဲ့ အခါမှာ ဘာတွေ ဆက်ဖြစ်သလဲ နှင့် ဘယ်လိုပုံစံ အနားပေးတတ်သလဲ ဆိုတာကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ လေယာဉ်တွေကို အိုမင်းလာတယ်လို့ သတ်မှတ်သလဲ

ကားတွေနဲ့ မတူတာကတော့ လေယာဉ်တွေကို အသုံးပြုနေသည့် ကာလမှာ ပျံသန်းခဲ့တဲ့ အကွာအဝေးနဲ့ ၎င်းရဲ့ သက်တမ်းကို ဆုံးဖြတ်တာ မဟုတ်ပါဘူး။

Boeing၊ Airbus၊ Bombardier၊ Dassault၊ Embraer နှင့် Gulfstream ကဲ့သို့ လေယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီကြီးများဟာ ၎င်းတို့၏ လေယာဉ်သက်တမ်းကို အတက်အဆင်း အကြိမ်ရေ၊ ပျံသန်းသည့် နာရီ၊ ပျံသန်းမှု ကြိမ်နှုန်းနှင့် ပြုပြင် ထိန်း သိမ်းသည့် နာရီအရေအတွက် စသည်တို့ဖြင့် တိုင်းတာကြပါတယ်။

ဥပမာအားဖြင့် Airbus narrow-body လေယာဉ်၏ A320 ကို အတက်အဆင်း cycles ၆၀,၀၀၀၊ Boeing 747 wide-body လေယာဉ်ကို cycles ၃၅,၀၀၀ သို့မဟုတ် နာရီ ၁၆၅,၀၀၀ လောက် အထိ သက်တမ်းပေးထားပါတယ်။

စွန့်ပစ်လေယာဉ် တစင်း

များသောအားဖြင့်တော့ ဒီလို သက်တမ်းကုန်ဖို့ အနေအထားဟာ နှစ် ၃၀ လောက်အထိတော့ ကြာမြင့်တတ်ပါတယ်။

အတက်အဆင်း ပြုလုပ်သည့် cycles ကို သက်တမ်းအဖြစ် ထားရတဲ့ အကြောင်းအရင်း ကတော့ လေယာဉ်ဟာ ပျံသန်းနေစဉ်မှာ ဖိအားဒဏ်ကို ခံစားရတဲ့အတွက် လေယာဉ်၏ အစိတ်အပိုင်းများဖြစ်သည့် ကိုယ်ထည်၊ တောင်ပံ၊ တံခါး၊ ပြတင်း ပေါက်၊ အဆက်ထိန်းများနှင့် သံမှိုစွဲထားခြင်းများ၏ အရည်အသွေးကို ကျဆင်းလာစေပါတယ်။

လေယာဉ်ကို မတူညီသည့် ဖိအားများကို ခံနိုင်ရည်ရှိစေရန် မည်သို့ပင် ဒီဇိုင်းထုတ်ထားပါစေ အချိန်ကြာမြင့် လာသည်နှင့် အ မျှ လေယာဉ် ကိုယ်ထည်တွင် ချို့ယွင်းချက်များ ဖြစ်ပေါ် လာတတ်တဲ့ အတွက် သတ်မှတ်ထားတဲ့ နာရီ သို့မဟုတ် cycles ပြည့်ပါက လေယာဉ်ဟာ အနားယူရပါတော့တယ်။

ဘယ်ကိုရောက်သွားသလဲ

လေကြောင်းလိုင်း တခုမှ ဂျက်လေယာဉ် တစင်းကို အနားယူဖို့ ဆုံးဖြတ်လိုက်တယ် ဆိုတာ ထိုလေယာဉ်ကို အပြီးတိုင် ရပ် တန့် သွားတယ်လို့ မဆိုလိုပါဘူး။

အချို့သော အခြေအနေများတွင် လေကြောင်းလိုင်းများဟာ လေယာဉ်များကို ရေရှည် သိုလှောင်ထားပြီး ဈေးကွက် အခြေ အနေ ကောင်းမွန်လာပါက ၎င်းတို့ကို ပြန်လည် အသက်သွင်း အသုံးပြု တတ်ကြပါတယ်။

ပုံမှန်အားဖြင့် လေယာဉ် အဟောင်းများ လည်ပတ်ရန် စရိတ်စက ကြီးမြင့်သော်လည်း ၎င်းတို့ဟာ လေယာဉ်တစင်း အဖြစ် တန်ဖိုးရှိနေသေးတာ ဖြစ်တဲ့အတွက် ပြန်လည် ပြုပြင်ခြင်း သို့မဟုတ် လေကြောင်းလိုင်း အသေးလေးတွေကို ရောင်းချခြင်းများ ပြုလုပ်ကြပါတယ်။

သို့ပေမဲ့ လေယာဉ် အစိတ်အပိုင်းများ နှင့် လိုအပ်သည့် ပစ္စည်းများမှာ လေယာဉ်ထက် ပိုမို ကုန်ကျစရိတ် များလာပါက လေ ကြောင်းလိုင်းများမှ ထိုလေယာဉ်ကို အနားပေးလိုက်ပါတော့တယ်။

အရီဇိုးနားရှိ စစ်ဘက်ဆိုင်ရာလေယာဉ် သင်္ချိုင်း Image: Courtesy of Defense Visual Information Distribution Service/Picrly

ဒီလို ရက်အကန့်အသတ်မရှိ အပြီးတိုင် အနားယူလိုက်တဲ့ အခါမှာတော့ ၎င်းကို လေယာဉ်သင်္ချိုင်း တခုခုသို့ ပို့ဆောင်လေ့ ရှိပြီး ထိုနေရာများဟာ များသောအားဖြင့် ခြောက်သွေ့ပြီး သံချေးတတ်ဖို့ နှေးကွေးသည့် သဲကန္တာရများတွင် ရှိတတ်ပါတယ်။

ထိုအနေအထားမှာ လေယာဉ် တစစီမလုပ်ခင် ၎င်းရဲ့ အဖိုးတန်အစိတ်အပိုင်းများကို ပြန်လည်အသုံးပြုရန် သို့မဟုတ် ရောင်း ချရန် အတွက် ဖယ်ရှားလေ့ ရှိပါတယ်။

ဒီလို ဖြုတ်သိမ်းလိုက်တဲ့ လေယာဉ်များမှ ထွက်လာတဲ့ used serviceable materials (USMs) လို့ခေါ်တဲ့ ပြန်လည်အသုံးပြုလို့ရတဲ့ ပစ္စည်းတွေဟာ အများအပြားရှိပြီး လေကြောင်းလိုင်းများဟာ အခြား သက်တမ်းကုန်ခါနီး လေယာဉ်များကို အသက်ဆက်နိုင်ဖို့ ထိုကဲ့သို့ ဈေးချိုသည့် USMs များကို အသုံးပြုကြပါတယ်။

ဥပမာအားဖြင့် တပတ်ရစ် အစိတ်အပိုင်း လောကတွင် အသုံးပြုပြီးသား အင်ဂျင်များဟာ ဝယ်လိုအားမြင့်ပြီး ၎င်းတို့၏ တာဘိုင်တွင် ပန်ကာဘလိတ်များ နှင့် လေယာဉ်ဘေးကင်းရေး စည်းမျဉ်းအရ ပုံမှန်လဲလှယ်ဖို့ လိုအပ်သည့် disks များ ပါဝင်ပါတယ်။

တပတ်ရစ် trubofan အင်ဂျင်တလုံး၏ ဈေးမှာ ဒေါ်လာ ၂ သန်းခန့် ရှိနိုင်ပေမယ့် ဒါဟာ အသစ်ဝယ်ယူ တပ်ဆင်တာထက် ၅၀ ရာခိုင်နှုန်းလောက် သက်သာနေပါတယ်။

လေယာဉ်မှူးခန်း

လေယာဉ် အစိတ်အပိုင်းများ၏ ၉၀ ရာခိုင်နှုန်းကို ပြန်လည် အသုံးပြုနိုင်

USMs တွေဟာ အနားပေးပြီး လေယာဉ်တွေရဲ့ အစိတ်အပိုင်းတွေကို ပြန်လည်အသုံးပြုနိုင်ရုံတင် မကပါဘူး။ ၎င်းတို့ရဲ့ ဒု တိယ သက်တမ်းကို ပြန်လည် အသက်သွင်းနိုင်ပါသေးတယ်။

လေယာဉ်ကို ကြာမြင့်စွာ သိမ်းဆည်ထားရင်တော့ ပြန်လည် ပျံသန်းနိုင်ဖို့အတွက် အသက်သွင်းဖို့ လုပ်ငန်းစဉ်ကို အချိန်ပိုပြီး ကြာမြင့်နိုင်စေပါတယ်။

ကြာမြင့်စွာ သိမ်းဆည်းထားရမှ ပြန်လည် ပျံသန်းနိုင်ဖို့ Narrow-body လေယာဉ်တစင်းအတွက် အနည်းဆုံး အလုပ်လုပ်ချိန် နာရီ ၄၀ လိုအပ်ပြီး Wide-body လေယာဉ်များအတွက် နာရီ ၁၀၀ လောက် လိုအပ်ပါတယ်။

လေယာဉ်ကို လုံးဝ သုံးလို့ မရလောက်အောင် အိုမင်းသွားရင်တော့ ၎င်းရဲ့ အရွယ်အစား အပေါ် မူတည်ပြီး အစိတ်အပိုင်းပေါင်း ၁,၅၀၀ မှ ၂,၀၀၀ လောက်အထိ ထွက်လာအောင် ရက် ၃၀ မှ ၆၀ လောက်အထိ ဖြုတ်သိမ်းရပါတယ်။

ထိုအစိတ်အပိုင်းများတွင် ပြန်လည် အသုံးပြုနိုင်၊ ရောင်းချနိုင်သည့် အင်ဂျင်၊ အရံစွမ်းအင်ယူနစ်၊ အဆင်းဂီယာ နှင့် အခြား အစိတ်အပိုင်းများ ပါဝင်ပါတယ်။

Aircraft Fleet Recycling Association (AFRA) အဆိုအရ ၉၀ ရာခိုင်နှုန်းသော လေယာဉ် အစိတ်အပိုင်းများကို အခြား စက်မှုလုပ်ငန်းများတွင် ပြန်လည်အသုံးပြုနိုင်ပြီး ဒါဟာ ပတ်ဝန်းကျင်အပေါ် ကောင်းမွန်သည့် အကျိုးသက်ရောက်မှုတွေ ရှိတယ်လို့ သိရပါတယ်။

လေယာဉ် အဟောင်းတစင်းတွင် ခုံများကို ကောင်းရင် ကောင်းသလို ဒေါ်လာ ၄၅၀ မှ ၅,၀၀၀ ကြား၊ အဆင်းဂီယာကို ဒုတိယ သက်တမ်းအဖြစ် ဒေါ်လာ သန်းဂဏန်းအထိ ရရှိနိုင်ပြီး ကေဘယ်လ်ကြိုးများ၊ ဘတ္ထရီများ နှင့် အီလက်ထရွန်းနစ် ပစ္စည်းများဟာလည်း အခြား နေရာများတွင် အသုံးပြုနိုင်ပါတယ်။

ပြသထားသည့် လေယာဉ် အဟောင်းတစင်း

ချွင်းချက်အနေဖြင့် မီးမလောင်နိုင်သည့် ဓာတုပစ္စည်းဖြင့် ပြုလုပ်ထားသည့် လေယာဉ် အတွင်းပိုင်း ပလတ်စတစ် ပစ္စည်းများကိုတော့ ပြန်လည် အသုံးပြုလေ့ မရှိပါဘူး။

လေယာဉ်၏ ကိုယ်ထည်ဟာ အလူမီနီယံဖြင့် ပြုလုပ်ထားတာကြောင့် ၎င်းကို အရည်ကြိုစက်သို့ ပို့ကာ ရောင်းချ နိုင်ပြီး Boeing 747 ကိုယ်ထည်ဟာ ဒေါ်လာ ၅,၅၀၀၀ လောက်အထိ တန်ကြေးရှိပါတယ်။

အမေရိကန် ပတ်ဝန်းကျင်ကာကွယ်ရေး အေဂျင်စီအဆိုအရ လေယာဉ်ကိုယ်ထည် အလူမီနီယံများကို ယခုလို recycle လုပ်တာဟာ စွမ်းအင် ၉၅ ရာခိုင်နှုန်း၊ ကုန်ကြမ်း ၉၀ ရာခိုင်နှုန်းနှင့် ရေနှင့် လေထု ညစ်ညမ်းမှု ၈၁ ရာခိုင်နှုန်း အထိ အသီးသီ လျှော့ချပေးတယ်လို့ သိရပါတယ်။

နောက်ဆုံး အဆင့်

အထက်ပါအတိုင်း ရရှိလာသည့် အလူမီနီယံများကို ပုလင်းဖုံးများ၊ ပြတင်းပေါက်ဘောင်များ၊ ပန်းကန်ပြားများ၊ ဒင်္ဂါးများ၊ အချိုရည်ဘူးများ အစရှိသဖြင့် အမျိုးမျိုး ပြန်လည် အသုံးပြုကြပါတယ်။

ဒါ့အပြင် အချို့ ထုတ်လုပ်သူများက လေယာဉ်အမှုထမ်း လေ့ကျင့်ရေး ရည်ရွယ်ချက်အတွက် လေကြောင်းလိုင်းများတွင် အ သုံးပြုသည့် လေယာဉ်အတွင်းခန်း ပုံစံများကို ပြန်လည် အသုံးပြုပါတယ်။

အင်ဂျင်ခန်းဟာ အထက်ပါ ကိစ္စများကို လုပ်ဆောင်နိုင်သလို လေယာဉ်မှ ပရိဘောဂများကိုလည်း လေကြောင်းဆိုင်ရာ အ ငွေ့ အသက်များရနိုင်သည့် စားပွဲ နှင့် အစည်းအဝေး စားပွဲ၊ ထိုင်ခုံများ အဖြစ် ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။

Jumbo Stay ဟိုတယ် Image: Courtesy of Bahnfrend/Wiki CC BY 4.0

အချို့ လေယာဉ်ဟောင်းများကို ဟိုတယ်အဖြစ် ပြောင်းလဲတတ်ကြပြီး Arlanda Airport (ARN) အနီးရှိ Jumbo Stay ဟို တယ် ဟာ ဥပမာ တခု ဖြစ်ပါတယ်။

ထိုဟိုတယ်ကို ၂၀၀၉ ခုနှစ်က ၄၆ နှစ် သက်တမ်းရှိ Boeing 747-212B Jumbo ဂျက်လေယာဉ်ကြီးကို အသုံးပြုကာ စတင် ဖွင့်လှစ်ခဲ့ပြီး Queen of the Skies လို့လည်း သိကြပါတယ်။

ဟိုတယ်ဘဝတွင် အခန်းပေါင်း ၃၃ ခန်း ပါဝင်ပြီး လူပေါင် ၇၆ ယောက်လောက် တည်းခိုနိုင်နေပြီ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 16/8/2022

Content Protection by DMCA.com