လူသားတွေ မီးကို စတင် အသုံးပြုလာပုံ

History Knowledge

ယနေ့ခေတ် ကျွန်ုပ်တို့လူသားတွေဟာ ဆင့်ကဲ ပြောင်းလဲလာရာမှ စတင်လာပြီး မီးကို အသုံးပြုနိုင်ဖို့အတွက် ရှေးယခင် လူ သားတွေဆီကနေ လက်ဆင့်ကမ်းလာတာပဲ ဖြစ်ပါတယ်။

မီးကို ထိန်းချုပ်နိုင်ခြင်းမရှိပါက ၎င်းကနေရရှိလာမည့် အကျိုးကျေးဇူးတွေကို ခံစားရမှာမဟုတ်ပဲ ဆိုးရွားတဲ့ ရလဒ်တွေကိုသာ ခံစားရမှာဖြစ်ပါတယ်။

သို့သော်လည်း လူသားတွေအနေနဲ့ မီးကို ဘယ်အချိန်ထဲက စတင်အသုံးပြုလာသလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။

မီးကို လူသားတွေ စတင်အသုံးပြုတာနဲ့ ပတ်သတ်ပြီး အထောက်အထား​တွေကို ကောင်းမွန်စွာ မထိန်းသိမ်းနိုင်တာကြောင့် မှတ်တမ်း အကြွင်းအကျန် တွေကိုသာ တွေ့နေရတယ် ဟု နယူးယောက်စီးတီးရှိ အမေရိကန် သဘာဝ သမိုင်း ပြတိုက်က လူသား ဇာတိ သမိုင်းဆိုင်ရာ ပြတိုက်မှူးနှင့် မနုဿဗေဒပညာရှင် Ian Tattersall က ဆိုပါတယ်။

သရုပ်ပြပုံ

ကျွမ်းကျင်သူတွေရဲ့ပြောကြားချက်အရ လွန်ခဲ့တဲ့နှစ်ပေါင်း 400,000 ဝန်းကျင်က ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အာရှတစ်ဝှမ်းရှိ ရှေးဟောင်းသုတေသနမှတ်တမ်းတွေမှာ မီးစတင်တွေ့ရှိ အသုံးပြုခဲ့တဲ့ကြောင်း 2016 Royal Society B ဂျာနယ်ရဲ့ သုံးသပ်ချက်ဆောင်းပါးတစ်ခုအရ သိရတယ်။

ကျွမ်းကျင်သူတွေက အဆိုပါ မီးစတင်အသုံးပြုမှုတွေဟာ ကျယ်ပြန့်တယ်ဟု ယူဆသော်လည်း အထောက်အထားပြနိုင်တဲ့ နေရာတွေကတော့ အတော်ရှားပါးနေပါသေးတယ်ဟု ဆိုပါတယ်။

ဒါ့အပြင် 2012 လေ့လာမှု တစ်ခုအရ လွန်ခဲ့တဲ့ နှစ်ပေါင်း 400,000 မတိုင်မီ အစောပိုင်းက လူသားတွေ မီးအသုံးပြုခဲ့တဲ့ သီး ခြားနေရာနှစ်ခုထက်မနည်းကို တွေ့ရှိခဲ့တယ် ဟု Tattersall ကဆိုပါတယ်။

ဥပမာ နှစ်ပေါင်း 800,000 ခန့်က အစ္စရေးနိုင်ငံရှိ ​ဒေသတစ်ခုမှာ ရှေးဟောင်းသုတေသနပညာရှင်တွေက မီးဖိုတွေ၊ မီးလုပ်တဲ့ နေရာအသုံးပြုတဲ့ မီးကျောက်တွေ နှင့် သစ်သားအပိုင်းအစ​တွေကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါတင်မကသေးပါဘူး၊ တောင်အာဖရိကရှိ Wonderwerk Cave ဟုခေါ်တဲ့ နေရာတစ်ခုမှာ လူသားတွေ လွန်ခဲ့တဲ့နှစ်ပေါင်း ၁ သန်းခန့်က မီးအသုံးပြုခဲ့တဲ့အထောက်အထားတွေကို ရှိခဲ့ကြောင်း 2012 ခုနှစ်လေ့လာမှုတစ်ခုဖြစ်သည့် Proceedings of National Academy of Sciences ဂျာနယ်မှာ ဖော်ပြထားပါသေးတယ်။

သရုပ်ပြပုံ

ထိုလှိုဏ်ဂူထဲမှာဆိုရင် မီးလောင်ထားသော အရိုးစု​တွေ၊ အပင်အကြွင်းအကျန်​တွေနှင့် မီးဖို​တွေဟု ယူဆရတဲ့ အရာများကို တွေ့ရှိခဲ့ရပါတယ်။

အဆိုပါနေရာက အထောက်အထားတွေက ဂူထဲကနေ လာတာဖြစ်ပြီး အနီးတဝိုက်မှာလည်း မီးလောင်ထားတဲ့ အထောက် အထားတွေ မရှိဘူးဟု ဝါရှင်တန်ဒီစီရှိ ဂျော့ခ်ျဝါရှင်တန်တက္ကသိုလ်မှ ပါရဂူဘွဲ့လွန်သုတေသနပညာရှင် Sarah Hlubik က ဆိုပါတယ်။

Wonderwerk ဟာ လူသားများ မီးကို အသုံးပြုခဲ့တယ်ဟု ကျွမ်းကျင်သူအများစုက သဘောတူထားတဲ့ အစောဆုံး​နေရာဖြစ်သော်လည်း သီအိုရီအရ ၎င်းတို့အနေနဲ့ မီးကို စောစီးစွာ အသုံးပြုသင့်တယ်ဟု ဆိုပါတယ်။

Hlubik ဟာ နှစ်ပေါင်း ၁.၆ သန်းခန့်ရှိ ကင်ညာမြောက်ပိုင်း ၊မနုဿဗေဒဆိုင်ရာ ပေါကြွယ်ဝသော ဒေသဖြစ်တဲ့ Koobi Fora ရှိ နေရာတော်တော်များများမှာ ရှေးခေတ် မီးအသုံးပြုမှုကြောင့် မီးလောင်ကျွမ်းမှု လက္ခဏာများကို ရှာဖွေခဲ့ပါတယ်။

သူမဟာ ထိုနေရာမှာ အခြားရှေးဟောင်းပစ္စည်းများနှင့် စုပြုံနေတဲ့ မီးလောင်ထားသော အရိုးများကို တွေ့ရှိခဲ့ပါတယ်။

သူမဟာ မီးလောင်ထားတဲ့ အရာတွေကို သီးခြားစီ အစုလိုက်အပြုံလိုက် ခွဲခြားထားပြီး မီးအသုံးပြုခဲ့တဲ့ နေရာတစ်ခုနှင့် ရှေးခေတ်လူသားတွေ အချိန် အများစုကုန်ဆုံးခဲ့တဲ့ အခြားနေရာ တစ်ခု ရှိကြောင်း အခိုင်အမာဆိုထားပါတယ်။

သရုပ်ပြပုံ

“သုတေသနရဲ့ နောက်ထပ် အဆင့်ကတော့ ‘ဒီဒေသမှာ တခြား နေရာတွေမှာလည်း မီးအသုံးပြုထားတဲ့ အထောက် အထားတွေရှိနေတယ်’ လို့ Hlubik က ပြောပါတယ်။

သို့သော်လည်း တစ်ချို့ကျွမ်းကျင်ပညာရှင်တွေက ဒါကို လက်မခံကြပါဘူး။

Hlubik တူးဖော်တွေ့ရှိခဲ့တဲ့ အထောက် အထားတွေဟာ လူတွေအသုံးပြုတာ မဟုတ်ပဲ တောမီး လောင်ကျွမ်းမှုကနေ ကျန်ရှိနေတဲ့ အရာတွေလည်း ဖြစ်နိုင်တယ်ဟု သုံးသပ်ကြပါတယ်။

ရှေးယခင်လူသားတွေ မီးကို စတင်အသုံးပြုလာတာဟာ တောမီးလောင်ကျွမ်းမှုကနေ ဖြစ်စေ သို့မဟုတ် ကိုယ်တိုင်ဖန်တီးမှုကနေဖြစ်စေ ၎င်းတို့ရဲ့ ဆင့်ကဲပြောင်းလဲ အသုံးပြုလာမှုတွေဟာ များစွာ အကျိုးသက်ရောက်မှု ရှိပါတယ်။

ယ​နေ့ခေတ်မှာတော့ မီးကို ကောင်းမွန်စွာ ထိန်းချုပ် အသုံးပြုလာနိုင်ခြင်းကြောင့် ၎င်းရဲ့ ကောင်းကျိုးများစွာကို ခံစားရသော် လည်း လွဲမှားစွာအသုံးပြုမိရင်လည်း အသက်အိုးအိ မ်စည်းစိမ်တွေကို ဝါးမြို နိုင်တာကြောင့် အထူး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 17/10/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *