နေလုံးကြီးရဲ့ သက်တမ်း ဘယ်တော့ကုန်မှာလဲ

Knowledge Science

Beatles အဆိုတော် တေးရေးဆရာ George Harrison ရဲ့ အဆိုအရ အရာအားလုံးဟာ တစ်ချိန်ချိန်မှာ ကုန်လွန်သွားမှာဖြစ်တယ်လို့ ​ဆိုထားပြီး သင်္ချာနှင့် နက္ခတ်ဗေဒဆိုင်ရာ အကျော်အမော်တွေရဲ့ ဆယ်စုနှစ်များစွာ လေ့လာမှုတွေအရတော့ အဆိုပါ အရာများတွေထဲမှာ နေလည်းပါဝင်တယ် ဟု ဆိုပါတယ်။

ဒါဆို နေလုံးကြီးဟာ ဘယ်အချိန်မှာ ​ပြင်းပြင်းထန်ထန် လောင်ကျွမ်း ကုန်ဆုံးသွားမယ်လို့ ခန့်မှန်းထားကြသလဲ။

ကျွန်ုပ်တို့ နေလုံးကြီးရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၄.၆ ဘီလီယံ ကနေ ၄.၇ ဘီလီယံ အထိ ရှိနေပြီ ဖြစ်ပြီး နောက်ဆုံး သက် တမ်း ကိုတော့ နှစ် ထရီလျံ ပေါင်းများစွာ အထိ ရှိလိမ့်မည်ဟု ခန့်မှန်းထားကြပါတယ်။

နေလုံးကြီးဟာ ဟိုက်ဒရိုဂျင် အက်တမ်တွေကို ပေါင်းစပ် ဒြပ်ပြောင်းလဲမှုတွေကြောင့် အလွန်ကြီးမားတဲ့ စွမ်းအင်ကို ထုတ်လွှတ် ပေးပါတယ်။

ဒါတွေဟာ နေလုံးကြီးကို ကိုယ်ပိုင် ထုထည်အောက်တွင် မပြိုကျစေရန် လုံလောက်တဲ့ ဖိအားပေးတာဖြစ်ပြီး အဆိုပါ ဖိအားတွေဟာ ယခုမှစပြီး နှစ်ပေါင်း ၅ ဘီလီယံခန့် လောက်မှာ ကုန်ဆုံးသွားမှာ ဖြစ်တယ် ဟု ခန့်မှန်းထားကြပါတယ်။

နေကို အနီးကပ် မြင်ရစဉ်

နက္ခတ္တရူပဗေဒပညာရှင် Paola Testa ကတော့ “နေရဲ့ပြိုကွဲနိုင်မှုဟာ နှစ်ပေါင်း ၅ ဘီလီယံ ဆိုတာတော့နည်းပါတယ်” လို့ ဆိုပါတယ်။

သူ့ရဲ့သက်တမ်းဟာ နှစ်ပေါင်း ၁၀ ဘီလီယံ ဒါမှမဟုတ် အဲဒီလောက်အထိ ဖြစ်လာမည့် သဘောရှိတယ်ဟု ဆိုပါတယ်။

နှစ်ပေါင်းများစွာကြာတဲ့အခါ နေလုံးကြီးဟာ ၎င်းရဲ့အူတိုင်ရှိ ဟိုက်ဒရိုဂျင် အများစုကို လောင်ကျွမ်းပြီး နောက်တစ်ဆင့် အနေနဲ့ ​ပြင်းထန်တဲ့အနီရောင် စွမ်းအင်အဖြစ် ကူးပြောင်းသွားပြီး ကျယ်ပြန့်လာမှာဖြစ်ပါတယ်။

အနာဂတ်မှာ အကြမ်းဖျင်းအားဖြင့် နှစ်ပေါင်း ၅ ဘီလီယံခန့်လောက်မှာဆိုရင် နေလုံးကြီးဟာ နျူကလီးယားပေါင်းစပ်မှုမှတစ်ဆင့် အပူ ထုတ်ပေးခြင်းကို ရပ်တန့်မှာဖြစ်ပြီး ၎င်းရဲ့ပင်ပအူတိုင်ဟာ မတည်မငြိမ်ဖြစ်ကာ ကျုံ့သွားမှာဖြစ်ကြောင်း NASA ရဲ့အဆိုအရ သိရပါတယ်။

ဒီအတောအတွင်း ဟိုက်ဒရိုဂျင်ပါဝင်ဆဲဖြစ်တဲ့ နေရဲ့အပြင်ဘက်အပိုင်းဟာ ကျယ်ပြန့်လာကာ အနီရောင်ရှိတဲ့ ကြီးမားတဲ့ နေလုံးကြီး အဖြစ် ပိုမို​ ပြင်းထန်စွာလောင်ကျွမ်း တောက်ပလာမှာ ဖြစ်ပါတယ်။

နေဝင်ချိန် မြင်ကွင်း

ထိုကဲ့သို့ နေစွမ်းအင်ပိုမိုပြင်းထန်ကျယ်​ပြန့်လာတာနဲ့အမျှ ​နေရဲ့ အနီးနားရှိဂြိုလ်တွေ ၊ ဗုဒ္ဓဟူးဂြိုဟ်နှင့် သောကြာဂြိုဟ်တို့ကို တဖြည်းဖြည်း မျိုချ လိုက်နိုင်သည့် အပြင် ကမ္ဘာရဲ့ သံလိုက်စက်ကွင်းကို ဖြိုခွင်းကာ လေထုကို ဖယ်ထုတ်လိုက်သည် အထိ တွန်းအားပေးနိုင်မှာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်၊ ဒီအချက်ဟာ ကျွန်ုပ်တို့ ကမ္ဘာမြေပေါ်မှာ ရှိနေတဲ့ ဘယ်လို သက်ရှိမျိုး အတွက်ကို မဆို သတင်းဆိုး ဖြစ်လာပါလိမ့်မယ်။

နေရဲ့တောက်ပမှု ၁၀ ရာခိုင်နှုန်းတိုးလာတာနှင့်အမျှ နှစ်ပေါင်း ၁ ဘီလီယံမှ ၁.၅ ဘီလီယံအတွင်း ကမ္ဘာမြေကြီးရဲ့ သမုဒ္ဒရာအားလုံး အငွေ့ပျံသွားဖွယ်ရှိပြီး ဒါဟာ ဘယ်လိုသက်ရှိမဆို အသက်ရှင်ဖို့ အလားအလာနည်းတယ်ဟု ယူဆနေကြပါတယ်။

နောက်နှစ်သန်းပေါင်းအနည်းငယ်အကြာမှာတော့ နေလုံးကြီးဟာ ကမ္ဘာမြေရဲ့ကျောက်ဆောင်အကြွင်းအကျန်များကို စားသုံးနိုင်ဖွယ်ရှိကြောင်း တော်ဝင်နက္ခတ္တဗေဒအသင်းရဲ့ လစဉ် သတိပေးချက်တွေမှာ ထုတ်ဝေသည့် လေ့လာမှုတစ်ခုအရလည်း သိရပါတယ်။

ထို့နောက် နေလုံးကြီးဟာ ဟိုက်ဒရိုဂျင် ပေါင်းစပ်မှုမှ ကျန်ရှိတဲ့ ဟီလီယမ်ကို ကာဗွန်နှင့် အောက်ဆီဂျင်အဖြစ် ပေါင်းစပ်သွားမည်ဖြစ်ပြီး နောက်ဆုံးမှာ ၎င်းရဲ့အူတိုင်အထိ ပြိုကျသွားမည့်အပြင် White Dwart လို့ခေါ်တဲ့ ကြယ်ဖြူပုလေးဖြစ်သွားကာ နက်ဗျူလာ ရောက်သည်အထိ ၎င်းရဲ့အပြင်ဘက်အလွှာဟာ ကျုံ့သွားမှာဖြစ်ပါတယ်။

illustration

သို့ပေမယ့် အရင်ကျန်ရှိနေတဲ့ အပူချိန်ကြောင့် ဆက်လက်ပူပြင်းနေမှာ ဖြစ်ပါတယ်။

နက်ဗျူလာကို နှစ် ၁၀၀၀၀ ခန့်သာ မြင်နိုင်လိမ့်မည် ဟု Testa က ပြောကြားခဲ့ပြီး စကြာဝဠာအချိန်အတွင်း ကျန်ရှိနေတဲ့ အရာတွေအားလုံးဟာ စွမ်းအင်ပြန်လည် ထုတ်လွှတ်နိုင်တဲ့ အရာတစ်ခုအဖြစ်သို့ မရောက်ရှိမီ နှစ်ထရီလျံနှင့်ချီပြီး အေးမြနေအုန်းမှာ ဖြစ်တယ် ဟု ဆိုပါတယ်။

နေနှင့် ၎င်းရဲ့ နှိုင်းရ ဒြပ်ထုရှိ ကြယ်​တွေ အားလုံးရဲ့ နောက်ဆုံး သက်တမ်းကို သိရဖို့ သိပ္ပံပညာရှင်တွေဟာ နေရောင်ခြည် လက်ခံမှုအပေါ် နျူကလီးယား ပေါင်းစပ်မှုကို ထည့်သွင်းစဉ်းစားတဲ့နေရာမှာ ခက်ခဲတဲ့ စွမ်းအင်ကို ဘယ်လိုထုတ်လွှတ်ကြောင်း သိဖို့လည်း လိုအပ်ပါတယ်။

“ကြယ်တစ်လုံး အလုပ်လုပ်ပုံကို နားလည်ဖို့ဆိုရင် အဓိက အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ နျူကလီးယားတုံ့ပြန်မှုနှင့်ပေါင်းစပ်မှုကို နားလည်ဖို့ လိုအပ်တဲ့အတွက်ကြောင့် လွန်ခဲ့တဲ့ ​ရာစုနှစ်များစွာတုန်းက သိပ္ပံပညာရှင်တွေဟာ အသစ်အဆန်းဖြစ်နေတယ်” ဟု Testa မှပြောကြားခဲ့ပါတယ်။

၁၉၃၀ ပြည့်လွန်နှစ်များမတိုင်မီကတော့ ကြယ်တွေရဲ့ ​အလုပ်လုပ်ပုံကို အဓိကစိတ်ကူးများထဲမှတစ်ခုက စွမ်းအင်ဟာ ဆွဲငင်အားစွမ်းအင်မှလာခြင်းဖြစ်တယ်လို့ ထင်ခဲ့ကြတာပါ။

Illustration

နက္ခတ္တဗေဒပညာရှင်များနှင့် နက္ခတ္တရူပဗေဒပညာရှင်များဟာ ဓာတ်​ငွေ့ပေါင်းစပ်မှုကို ကောင်းမွန်စွာ နားလည်လာတဲ့အခါမှာတော့ ကြယ်ပေါင်းများစွာရဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုဆိုင်ရာ အချက်အလက်များနှင့် ပေါင်းစပ်ကာ ပိုမိုပြည့်စုံတဲ့ တိကျမှုတွေကို ဖန်တီးနိုင်ခဲ့ကြသည်။

“မတူကွဲပြားတဲ့ ကြယ်များစွာမှ အချက်အလက်များစွာကို စုစည်းထားပြီး နက္ခတ္တဗေဒ ပညာရှင်များနှင့် နက္ခတ္တရူပဗေဒ ပညာရှင် များဟာ ကြယ်များရဲ့ ဆင့်ကဲပြောင်းလဲလာပုံတွေကို လေ့လာနိုင်ခဲ့တယ် ” ဟု Testa မှ Live Science သို့ ပြောကြားခဲ့ပါတယ်။

“ဒါဟာ နေရဲ့သက်တမ်း ဘယ်လောက်ရှိပြီလဲဆိုတာ ခန့်မှန်းပေးနိုင်ခဲ့တယ် ” ဟု ဆိုပါတယ်။

ဒါတွေကြောင့် သိပ္ပံ ပညာရှင်တွေဟာ နေရဲ့ အလင်းရောင်ဟာ နောက်ဆုံးမှာ လောင်ကျွမ်းပြီး ​မှေးမှိန်သွားမည့် အချိန်ကို ကောင်းစွာနားလည်ထားကြတာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

First Published 23/12/2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *