နက္ခတ္တဗေဒပညာရှင်တွေကတော့ စကြာဝဠာရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၁၃.၇ ဘီလီယံ ရှိပြီဟု ခန့်မှန်းကြပါတယ်။
သို့ပေမယ့် မူလအစ ဘယ်လိုဖြစ်ပျက်ခဲ့တာ ဘယ်လောက် ကြာပြီလဲဆိုတာကိုတော့ ကျွန်ုပ်တို့ ဘယ်လိုပြောနိုင်မလဲ။
ယနေ့ခေတ် ကျွန်ုပ်တို့ လေ့လာ တွေ့ရှိချက်တွေ အရ စကြာဝဠာရဲ့ သက်တမ်းကို ခန့်မှန်း ကောက်ချက်ချ နိုင်ခဲ့ကြပါတယ်။
ဒါဟာ သမိုင်း ပညာရှင်တွေ လူ့သမိုင်းကြောင်းတွေကို ဖော်ထုတ်တဲ့အ ခါမှာ ရှေးဟောင်း အဆောက်အဦးတွေ၊ ရှေးဟောင်း အနုပညာ လက်ရာတွေ နဲ့ မှတ်တမ်းတွေကို စူးစမ်းလေ့လာမှုတွေ နဲ့ လူသားတွေရဲ့ အပြုအမူတွေပေါ် မူတည်ပြီး ကောက်ချက်ချသလိုပဲ ဖြစ်ပါတယ်။
နက္ခတ္တဗေဒပညာရှင်တွေဟာ အမှုန်တွေ ၊ ကြယ်တွေ နှင့် နဂါးငွေ့တန်းတွေကို ပိုခန့်မှန်းနိုင်တာကြောင့် အားသာချက်တွေလည်း ရှိပါတယ်။
စကြာဝဠာရဲ့ သက်တမ်းကို ဆုံးဖြတ်ဖို့ အဓိကအချက် နှစ်ချက် သို့မဟုတ် သုံးချက် ရှိပါတယ်။
ပထမတစ်ချက်ကတော့ ကျွန်ုပ်တို့ပတ်၀န်းကျင်မှာ ကျွန်ုပ်တို့တွေ့တဲ့ နဂါးငွေ့တန်းတွေ အားလုံးဖြာဆင်းနေပါတယ်။ ဆိုလိုတာက စကြာ ဝဠာဟာ ကျယ်ပြန့်လာတဲ့ သဘောရှိပါတယ်။
ဒါကြောင့် အရင်တုန်းက သေးတယ်လို့ ယူဆရပါတယ်။ တကယ်လို့ စကြာဝဠာရဲ့ ကျယ်ပြန့်မှုက မပြောင်းလဲဘဲ တစ်သတ်မတ်ထဲဆိုရင် သုည အရွယ်အစား ဖြစ်တဲ့အခါ မူလအစဆိုပြီး သတ်မှတ်နိုင်ပါလိမ့်မယ်။

ဒါပေမဲ့ ဒါဟာ ထင်ထားတာထက် ရှုပ်ထွေးပါတယ်။ ဥပမာ ကျယ်ပြန့်မှုနှုန်းဟာ တကယ်တိုးလာပုံ ရပါတယ်။
မည်သို့ပင်ဖြစ်စေ ကျယ်ပြန့်လာမှုကြောင့် စကြာဝဠာဟာ ဘယ်နေရာက ကြည့်ကြည့် အမြဲတူညီနေပုံရပါတယ်။
ဒုတိယအရေးကြီးတဲ့ အချက်ကတော့ CMB လို့ခေါ်တဲ့ Cosmic Microwave Background ကြောင့်ဖြစ်ပါတယ်။ ၎င်းတို့ဟာ လျှပ်စစ် သံ လိုက် ဓာတ်ရောင်ခြည်ဖြစ်ပြီး စကြာဝဠာရဲ့ အစောပိုင်းအဆင့်တစ်ခုမှ လက်ကျန် ဓာတ်ရောက်ခြည် ဖြစ်ပါတယ်။
အရာအားလုံးဟာ အာကာသတဲ့ စုပြုံရောက်သွားတဲ့အခါ စွမ်းအင်သိပ်သည်းဆဟာ အလွန်မြင့်မားလာပါလိမ့်မယ်။
ဆိုလိုတာက အီလက်ထရွန်တွေဟာ အားကောင်းတဲ့ ဖိုတွန်တွေရဲ့ အဆက်မပြတ်တိုက်ခိုက်မှုကြောင့် အက်တမ်တွေဟာ အတူတကွ မတည် ရှိ ကြတော့ပါဘူး။
သို့ပေမယ့် စကြာဝဠာဟာ ကျယ်ပြန့်လာပြီး အေးခဲလာမှုကြောင့် ဖိုတွန်တွေရဲ့ စွမ်းအင်တွေဟာလည်း လျော့နည်းလာပါတယ်။
မူလအစ ဖြစ်ပေါ် ပြီးနောက် နှစ်ပေါင်း ၃၈၀၀၀၀ ခန့်တွင် ဖြစ်ပျက်ခဲ့တဲ့ ဖိုတွန်တွေဟာ စွမ်းအင်နိမ့်ကျလာပြီး အာကာသထဲ ပတ်ပတ်လည်အနှံ ပျံ့နှံနေပါတယ်။
၎င်းတို့ဟာ အပူချိန် absolute zero အထက် 2.7°C မှာရှိနေသေးကြောင်း အတိအကျတိုင်းတာထားကြပါတယ်။
ဒါတွေဟာ စကြာဝဠာရဲ့ မူလအစ အတွက် သက်သေ အထောက်အထားတွေ မဟုတ်ပါဘူး။
အီလက်ထရွန် နှင့် ဖိုတွန်တွေရဲ့ လုပ်ဆောင်ပုံကို ကျွန်ုပ်တို့ ကောင်းစွာသိနေတာကြောင့် CMB ရဲ့ ပျံ့နှံံ့မှုတွေ နှင့် ရောင်စဥ်တွေကို လေ့လာခြင်းဟာ စကြာဝဠာရဲ့ သက်တမ်းကို ကောက်ချက်ချနိုင်ပါတယ်။

နောက်ဆုံးမှာ မူလအစ ရှိတာကို သိရှိပြီဆိုတာနဲ့ စကြာဝဠာအတွင်းက အရာတွေ ဖြစ်တည်ဖို့ ဘယ်လောက်ကြာတယ် ဆိုတာကို ကောက်ချက်ချနိုင်တယ် ဟုဆိုပါတယ်။
ပေါ့ပါးတဲ့ ဒြပ်စင်တွေက မူလအစ ထဲက ဖြစ်ပေါ်ခဲ့ပြီး လေးလံတဲ့ ဒြပ်စင်တွေကတော့ ကြယ်တွေ ကဲ့သို့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေ လိုအပ်ပါတယ်။
စကြာဝဠာအနီးတဝိုက်အတွင်းက ကြယ်အသစ်တွေ နှင့် ဂြိုလ်အသစ်တွေ ဖြစ်ပေါ်လာဖို့ အချိန်အတော်အကြာ ယူရပါတယ်။
ကျွန်ုပ်တို့ မြင်နေရတဲ့ အာကာသထဲက အရာတွေဟာ အလွန်အိုဟောင်းနေပြီဟု ဆိုလို့ရပါတယ်။
ဘာလို့လဲဆိုတော့ သူတို့ကအရမ်းဝေးလွန်းတာကြောင့် ကျွန်ုပ်တို့ တွေ့မြင်နေရတဲ့ အလင်းတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာထဲက ထုတ်လွှတ်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒီအရာတွေ အားလုံးဟာ စကြာဝဠာဟာ သက်တမ်း အတော်ကြာနေပြီ ဖြစ်ကြောင်း ပြနေပြီး CMB မှ ကောက်ယူထားတဲ့ ပိုမို တိကျတဲ့ အချက်တွေ နဲ့ ကိုက်ညီတဲ့ ခန့်မှန်းချက်တွေအရ သိရပါတယ်။
By: Prof Jon Butterworth (Professor of Physics at University College London)
Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။