ကမ္ဘာကြီးရဲ့ထုထည်က တိုးလာတာလား ဒါမှမဟုတ် လျော့နည်းလာတာလား

Knowledge Science

ကမ္ဘာ​မြေကြီး၏ ဒြပ်ထုတွေဟာ နေအဖွဲ့အစည်းအတွင်း သို့ လျော့ပါး ဆုံးရှုံးနေသကဲ့သို့ ပြင်ပမှ ကျရောက်လာတဲ့ ဒြပ်ထု များကိုလည်း လက်ခံ ရရှိနေပါတယ်။

တဖန် အာကာသအတွင်း အမှုန်အမွှားတွေဟာ အရှိန်ပြင်းပြင်းဖြင့် ကျွန်ုပ်တို့ ကမ္ဘာဂြိုဟ်ကို ပုံမှန် ထိတွေ့နေပြီး ကမ္ဘာ့လေထုကလည်း ဓာတ်ငွေ့တွေကို အာကာသထဲသို့ ပုံမှန်စိမ့်ထွက် နေပါတယ်။

ဒါ့ကြောင့် ကမ္ဘာမြေကြီးဟာ သက်ရှိတွေအပါအဝင် တခြားသော အရာတွေအတွက် လိုအပ်တာတွေကို စဉ်ဆက်မပြတ် ပေးနေသည့်အပြင် တ​ခြား အရာတွေကိုပါ လက်ခံ ရယူနေခြင်းကြောင့် ကမ္ဘာ့ဒြပ်ထုဟာ တိုးလာတာလား သို့မဟုတ် လျော့နည်းသွားတာလား ဆိုတာကို သိပ္ပံ ပညာရှင်တွေက လေ့လာခဲ့ကြပါတယ်။

အာကာသထဲကို ကမ္ဘာမြေကြီးရဲ့လေထုကနေ တဆင့် ဓာတ်ငွေ့တွေ အများအပြား ပို့​ဆောင်နေခြင်းကြောင့် ကျွန်ုပ်တို့ရဲ့ကမ္ဘာဂြိုဟ် ဒါမှ မ ဟုတ် တိတိကျကျ ပြောရလျှင် လေထုဟာ ကျုံ့သွားနေကြောင်း ဗာဂျီးနီးယားရှိ NASA ရဲ့ Langley သုတေသနစင်တာတွင် ကမ္ဘာ့လေထုထဲမှ ဓာတ်ငွေ့တွေ ဆုံးရှုံးမှုကို လေ့လာတဲ့ အကြီးတန်းသုတေသနပညာရှင် Guillaume Gronoff က ဆိုပါတယ်။

ဒါပေမယ့် အများကြီး ကျုံ့သွားတာ မဟုတ်ပါဘူး ဟု ထပ်မံပြောကြားခဲ့ပါတယ်။

ဂြိုလ်တွေဟာ အာကာသတွင်း အမှုန့်အမွှားများ တိုက်မိပြီး ပိုကြီးတဲ့ ဒြပ်ထုတစ်ခု အဖြစ် တိုးများလာပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း 4.5 ဘီလီယံခန့်က ကမ္ဘာမြေဖွဲ့စည်းပြီးနောက်၊ သေးငယ်တဲ့ ပမာဏကနေ ဥက္ကာခဲများနှင့် ကမ္ဘာရဲ့ထုထည်ကို ပေါင်းထည့်ပြီး ဆက်လက်​ ကြီးထွားဖြစ်ပေါ်ခဲ့ကြောင်း Gronoff ကဆိုပါတယ်။

သို့သော်လည်း ဂြိုလ်တစ်ခု ဖြစ်ပေါ်လာတာနှင့် နောက်တစ်ခုအနေနဲ့ လေထုထဲမှ ဓာတ်ငွေ့တွေ ဆုံးရှုံးခြင်း ဆိုတဲ့ ဖြစ်စဉ်ကို ဖြစ်ပေါ်ပါတယ်။

ဒါဟာ အငွေ့ပျံခြင်းနှင့် ဆင်တူသော်လည်း ကွဲပြားတဲ့ အတိုင်းအတာဖြင့် လုပ်ဆောင်တယ်ဟု Gronoff က ဆိုပါတယ်။

Gronnoff က လေထုထဲမှာ အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်နှင့် ဟီလီယမ် အက်တမ်တွေဟာ နေမှ လုံလောက်တဲ့ စွမ်းအင်ကို စုပ်ယူနိုင်တယ်ဟု ပြောပါတယ်။

ဒီဖြစ်စဉ်တွေက ကမ္ဘာမြေတစ်ခုလုံးရဲ့ ထုထည်အပေါ် ဘယ်လို သက်ရောက်မှု ရှိလဲဆိုတာ ကိုတော့ သိပ္ပံပညာရှင်များသာ ခန့်မှန်းနိုင်ကြတာပါ။

“ဘာကြောင့်လဲဆိုတော့ ကမ္ဘာမြေထုထည်ကို အချိန်နဲ့တပြေးညီ တိုင်းတာရ ခက်တဲ့ အတွက်ကြောင့် သုတေသနပြုနေဆဲဖြစ်တယ် ” ဟု Gronoff က Live Science သို့ ပြောကြားခဲ့ပါတယ်။

ကမ္ဘာမြေကြီးရဲ့ ထုထည် တိုးလာခြင်း သို့မဟုတ် လျော့နည်းလာခြင်း ရှိမရှိ တိုင်းတာဖို့ လိုအပ်တဲ့ တိကျမှုကို ရအောင် တိုင်းတာဖို့ ခက်ခဲတယ် ဟုဆိုပါတယ်။

သို့သော်လည်း နောက်တစ်နည်းအနေနဲ့ ကမ္ဘာဂြိုလ်ပေါ်သက်ရောက်နေတဲ့ အာကာသ အမှုန်အမွှားတွေကို လေ့လာကြည့်ခြင်းအားဖြင့် သိပ္ပံ ပညာရှင်များက တန်ချိန် ၁၆,၅၀၀ (အီဖယ်မျှော်စင်အလေးချိန်ရဲ့ တစ်ဆခွဲခန့်အထိ) နှစ်စဉ် ကမ္ဘာဂြိုဟ်အပေါ် သက်ရောက်မှုရှိပြီး ဒါဟာ ကမ္ဘာဂြိုလ်ရဲ့ဒြပ်ထုကို တိုးမြင့်စေတယ်ဟု Gronoff ကဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ဂြိုလ်တုမှ ရရှိသည့် အချက်အလက်များကိုအသုံးပြုပြီး သိပ္ပံပညာရှင်တွေဟာ ကမ္ဘာဂြိုလ်ကနေ ဓာတ်ငွေ့တွေ ဆုံးရှုံးမှု နှုန်းကို ခန့်မှန်းခဲ့ကြပါတယ်။

ကမ္ဘာဟာ တစ်နှစ်လျှင် တန်ချိန် ၆၆၁၀၀ (အီဖယ်မျှော်စင်အလေးချိန်ရဲ့ ခြောက်ဆခွဲခန့်အထိ) ခန့် ဆုံးရှုံးနေပါတယ်။

ဂြိုဟ်တစ်ခုလုံး အတိုင်းအတာ အရတော့ “ဒါဟာ အလွန်သေးငယ်တဲ့ ပမာဏဖြစ်တယ်” လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က ဓာတ်ငွေ့ဆုံးရှုံးမှု ပမာဏ ခန့်မှန်းထားချက်ကို အသုံးပြုပြီး Gronoff က တစ်နှစ်လျှင် လေထု တန်ချိန် 60,000 ဆုံးရှုံးနေတာကို ပြန်လည်ဖြည့်တင်းဖို့ နည်းလမ်းမရှိတော့ရင်တောင် ကမ္ဘာဟာ လေထုကို ဆုံးရှုံးဖို့ နှစ် 5 ဘီလီယံအထိ အချိန်ယူရမည်ဟု Gronoff က တွက်ချက်ခဲ့ပါတယ်။

သို့သော်လည်း မီးတောင်ပေါက်ကွဲမှုများကဲ့သို့ သမုဒ္ဒရာနှင့် အခြားသော လုပ်ငန်းစဉ်တွေဟာ ကမ္ဘာရဲ့လေထုကို ပြန်လည် ဖြည့်တင်းဖို့ ကူညီပေးပါတယ်။

ဒါ့ကြောင့် ကမ္ဘာဟာ ၎င်းရဲ့လေထုမဆုံးရှုံးမီ အကြမ်းဖျင်းအားဖြင့် နှစ်ပေါင်း 15.4 ထရီလီယံ ကြာမြင့်မှာ ဖြစ်ပါတယ်။

သို့ပေမယ့် လက်ရှိဖြစ်ပေါ်တော့မယ့် နေရဲ့ ဆင့်ကဲဖြစ်စဉ်ကြောင့် ကမ္ဘာမြေဟာ နှစ်ပေါင်း ၅ ဘီလီယံခန့်မှာ အနီရောင် ဧရာမဂြိုဟ် အဖြစ်သို့ ပြောင်းလဲသွားဖွယ်ရှိ​နေပါတယ်။

“ဒါကြောင့် ကမ္ဘာ့လေထုထဲက ဓာတ်ငွေ့တွေ ဆုံးရှုံးမှုဟာ ရေရှည်မှာ ပြဿနာမဟုတ်ပါဘူး” ဟု Gronoff က ဆိုပါတယ်။

ကျွန်ုပ်တို့ဟာ ကမ္ဘာမြေကြီးထံမှ အကျိုးကျေးဇူး များစွာ ခံစားနေရပြီး ကမ္ဘာမြေမှ လေထု ဓာတ်ငွေ့ အများအပြား အာကာသထဲသို့ ရောက်ရှိနေခြင်းဟာ သက်ရှိတွေအပေါ် အနှောက်အယှက် ဖြစ်စေမှာ မဟုတ်ကြောင်းလည်း တွေ့ရှိခဲ့ပါတယ်။

“နှစ်စဉ် ဒြပ်ထု တန်ချိန် ၅၀,၀၀၀ ဆုံးရှုံးနေသည့် ကမ္ဘာမြေကြီး” တွင်လည်း ဖတ်ရှုနိုင်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.