ကမ္ဘာ့ အမြန်ဆုံး ဖြစ်လာမယ့် ဆန်းပြားသည့် ဒီဇိုင်းနှင့် လျှပ်စစ်ဆိုင်ကယ်

News Tech

မောင်းနှင်သည့် အရှိန်များလာလေလေ လေထုကို ပိုမို တွန်းကန်ရလေ ဖြစ်သဖြင့် ယာဉ်များ ဒီဇိုင်းဆွဲရာတွင် ထည့်သွင်းစဉ်းစားရသည့် အရေးအကြီးဆုံး အချက်ပဲ ဖြစ်ပါတယ်။

မော်တော်ဆိုင်ကယ် ဒီဇိုင်းဆွဲသူ ရောဘတ်ဝှိုက်ကတော့ ဒီ ပြသနာကို ဆိုင်ကယ်၏ အလယ်မှာ အပေါက်ကြီးတခု ထည့်သွင်းကာ ဖြေရှင်းလိုက်ပါတယ်။

White Concept Mortorcycles ၏ CEO နှင့် တည်ထောင်သူဖြစ်တဲ့ ရောဘတ်ဝှိုက်ဟာ Formula 1 ပြိုင်ကားများနှင့် အခြား ပြိုင်ကား ပွဲတွေမှာ ၂၂ နှစ်လောက် အတွေ့အကြုံ ရှိသူတယောက် ဖြစ်ပါတယ်။

ကားများဟာ အရွယ်အစား ကြီးမားတဲ့အတွက် လေထုကို ခွင်းနိုင်ဖို့ ဒီဇိုင်းဆွဲရ လွယ်ကူပေမယ့် မော်တော်ဆိုင်ကယ်များဟာ အရွယ်အစား သေးငယ်သည့်အပြင် လူအတွက် ထိုင်ခုံက နေရာယူထားပါသေးတယ်။

ဒါ့ကြောင့် မော်တော်ဆိုင်ကယ်များအတွက် ဒီဇိုင်းစဉ်းစားရာတွင် အဆိုပါ နေရာ ဘောင်အတွင်းမှသာ စဉ်းစားရတာ ဖြစ်ပေမယ့် ဝှိုက်အတွက်ကတော့ အများကြီး စဉ်းစားစရာ လိုခဲ့ပုံမပေါ်ပါဘူး။

ဝှိုက်ဟာ ပြိုင်ကားလောကမှာ အချိန်အတော်ကြာ အတွေ့အကြုံရှိခဲ့တဲ့အတွက် Venturi သက်ရောက်မှုအကြောင်းကို ကောင်းကောင်းနားလည်ခဲ့ပါတယ်.

ပြိုင်ကားများဟာ လေကို အပေါ်၊ အောက်နှင့် ကားပတ်ဝန်းကျင်မှ စီးဆင်းသွားရင် ဒီဇိုင်းဆွဲကြပါတယ်။ ဒါပေမယ့် ယာဉ်ကို လေထု၏ ဆွဲထားခြင်းမှ ရုန်းထွက်နိုင်ဖို့ ယာဉ်မှတဆင့် လေကို ဖြတ်သွားစေခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်။

ဝှိုက်ဟာ အဲဒီ့ နိယာမ အတိုင်းပဲ ၎င်းး၏ ဆိုင်ကယ်သစ်ဖြစ်တဲ့ WMC250EV ကို ကြီးမားတဲ့ ကာဗွန်လိုဏ်ခေါင်းတခု အလယ်မှာ ထည့်သွင်း တည်ဆောက်ခဲ့ပါတယ်။

အဆိုပါဒီဇိုင်းဟာ ပုံမှန်မဟုတ်တဲ့ ဒီဇိုင်းဖြစ်ပေမယ့် ဝှိုက်ကတော့ ဆိုင်ကယ်ကို လေထုဆွဲအား၏ ၆၉ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မယ်လို့ ဆိုပါတယ်။

ကုမ္ပဏီမှ ဒီဆိုင်ကယ်ကို တနာရီလျှင် မိုင် ၂၅၀ (၄၀၂ ကီလိုမီတာ) အမြန်နှုန်းလောက်ဖြင့် မောင်းနှင်နိုင်မှာဖြစ်ပြီး ၂၀၂၂ နှစ်လောက်မှာ စမ်းသပ်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆိုင်ကယ်၏ လက်ကိုင်ထိန်းချုပ်မှုကိုလည်း သမားရိုးကျ ဆိုင်ကယ်များလို မဟုတ်ဘဲ ရှေ့ဘီးကိုထိန်းချုပ်ဖို့ ဟိုက်ဒရောလစ် စတီယာရင် စနစ်ကို ပြောင်းလဲ အသုံးပြုသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

နောက်ဘက် ဘီးကိုတော့ ၃၀ ကီလိုဝပ် ရှိတဲ့ မော်တာများဖြင့် မောင်းနှင်စေမှာဖြစ်ကာ လေခွင်းလှိုဏ်ခေါင်း၏ အောက်တွင် ၁၅ ကီလိုဝပ်ရှိတဲ့ ဘက်ထရီများကို တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

ဝှိုက်ဟာ အဲဒီ့နည်းပညာကို အနာဂါတ် ခေတ်ရေစီးကြောင်း အယူအဆပိုင်းအတွက် ကမ္ဘာအနှံ့ အကျုံးဝင်သည့် မူပိုင်ခွင့်ကို မှတ်ပုံတင်ထားပြီး ဖြစ်ပါတယ်။

လျှပ်စစ် ဆိုင်ကယ်များ၏ အနာဂါတ်ဟာ ဒီလိုနည်းပညာများကြောင့် စိတ်လှုပ်ရှားစရာ နှင့် စိတ်ဝင်စားဖွယ် ကောင်းနေပြီ ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published.