လေယာဉ်ပျံတွေ နောက်မှာ မီးခိုးဖြူတန်းကြီး ကျန်ခဲ့ရခြင်း အကြောင်း

Article Knowledge

ကောင်းကင်၌ ပျံဝဲသော လေယာဉ်ပျံသံကို ကြားရလျှင် ၎င်းချန်ထားခဲ့သော အဖြူရောင်မီးခိုးလမ်းကြောင်းကဲ့သို့ လက္ခဏာများ သို့မဟုတ် သူတို့ဟာ ဘာလဲဆိုတာကို အတိအကျမသိခင် ‌သင်ပြောနိုင်တဲ့ အရာတွေကို အလွယ်တကူ တွေ့နိုင်ပါတယ်။

အင်ဂျင် တလုံးတပ် လေယာဉ်ငယ်လေးဖြစ်စေ၊ အင်ဂျင် လေးလုံးတပ် လေယာဉ်ကြီးများ ဖြစ်စေ လေယာဉ်အများစုဟာ သူ‌တို့နောက်မှာ ဒီလိုအဖြူရောင်မီးခိုးငွေ့များကို ထုတ်လွှတ်ပါတယ်။

ဒီလမ်းကြောင်းလေးဟာ ကောင်းကင်၌ အချိန်တစ်ခုကြာရှိနေပါလိမ့်မယ်၊ တစ်ချို့က ကြာရှည်စွာရှိနေပြီး တစ်ချို့ကတော့ လျင်လျင်မြန်မြန်ပဲ ပျောက်ကွယ်သွားပါတယ်။

ဟုတ်ပါတယ် ဒီလိုလမ်းကြောင်းတွေဟာ ပုံစံအမျိုးမျိုးရှိကြပါတယ်။ လေယာဉ်ပျံတွေဟာ သူတို့နောက်မှာ ဘာလို့ အဖြူရောင်မီးခိုးလမ်းကြောင်းတွေ ထားခဲ့တာလဲ။

သုံးသပ်ကြည့်မယ်ဆိုရင် ကားတွေ ထရပ်ကားတွေနဲ့ အခြားသောယာဉ်တွေဟာ သူတို့နောက်မှာ အဖြူရောင်မီးခိုးလမ်းကြောင်းတွေကိုမထားကြခဲ့ပါဖူး၊ ဒါဆို လေယာဉ်ပျံတွေက ဘာလို့လဲ။

မီးခိုးလား ငွေ့ရည်ဖွဲ့ခြင်းမှ အငွေ့တွေလား

လူတွေဟာလေယာဉ်လမ်းကြောင်းတွေကို မီးခိုးအဖြစ် အမြဲ ရည်ညွှန်းလေ့ရှိပြီး အဲဒါတွေက လောင်ကျွမ်းမှု ဖြစ်စဉ် အပြီးမှာ ထွက်လာတဲ့အိတ်ဇော ဓာတ်ငွေ့တွေ လို့ ယူဆကြပါတယ်။

ဂျက်အင်ဂျင်ကနေ အိတ်ဇောဓာတ်ငွေ့တွေထုတ်လွှတ်တယ်ဆိုတာ ဟုတ်ပေမယ့် အဲ့တာက အဖြူရောင်‌လမ်းကြောင်းတော့မဟုတ်ပါဖူး။
အင်ဂျင်ဟာ အိတ်ဇော ဓာတ်ငွေ့များကို ထုတ်လွှတ်သောအခါ အစိုဓာတ်လည်း ထွက်လာပါတယ်။

အိတ်ဇောဓာတ်ငွေ့များနှင့် အစိုဓာတ်များသည် ပူလာပြီး ဖိအားနဲ့အပူချိန်နည်းသောလေထုထဲသို့ ဖြန့်ကျက် လာ‌သောကြောင့် ငွေ့ရည်ဖွဲ့ခြင်းများဖြစ်ပေါ်လာပါတယ်။

ဒီရောစပ်ခြင်းနဲ့ ငွေ့ရည်ဖွဲ့ခြင်းဖြစ်စဉ်သည် နောက်ဆုံးတွင် တိမ်ကဲ့သိုသော အရာကို ဖန်တီး ပါလိမ့်မယ်။

အင်ဂျင်သည် အိတ်ဇောဓာတ်ငွေ့များကို အပူချိန်နဲ့ ဖိအားနည်းတဲ့ အမြင့်ပေမှာ ဆက်လက်ထုတ်လွှတ်နေတာကြောင့် တိမ်တိုက်များသည် ငွေ့ရည်ဖွဲ့လမ်းကြောင်း(contrails) လို့ခေါ်တဲ့ အဖြူရောင် လမ်းကြောင်းများကို စတင်ဖွဲ့စည်းပါတယ်။

Contrail လို့ခေါ်တဲ့ မီးခိုးတန်းပုံစံ လမ်းကြောင်း ရဲ့ ပုံသဏ္ဍာန်နဲ့ ကြာချိန်သည် အမြင့်၊ အပူချိန်၊ ဖိအားနဲ့ အခြားအချက်များအပေါ်တွင်မူတည်ပြီး ပြောင်းလဲပါတယ်။

ဒါဟာ ကျွန်တော်တို့ကို ဒုတိယအချက်ဖြစ်တဲ့ contrails အမျိုးအစားများသို့ ခေါ်သွားပါတယ်။

Contrails အမျိုးအစားများ

များသောအားဖြင့် လေယာဉ်ပျံများသည် သူတို့နောက်တွင် အဖြူရောင် contrails များ ထားလေ့ရှိသော်လည်း သူတို့အားလုံးဟာမတူညီကြပါဘူး။ လေယာဉ်များမှ ထုတ်လွှတ်သောလမ်းကြောင်းသုံးမျိုးကို ကြည့်လိုက်ကြပါစို့။

သက်တမ်းတို contrails များ

တိုတောင်းသော contrails များသည် ကောင်းကင်၌ပေါ်လာသော အဖြူရောင်မျဉ်းတိုများဖြစ်ပါတယ်။ သူတို့ဟာ အများအားဖြင့် စတင်ဖွဲ့စည်းပြီး‌နောက် မိနစ်အနည်းငယ်ကြာနေပြီး ပျောက်ကွယ်သွားပါတယ်။

ပြန့်ကျဲမသွားပဲ ဆက်တိုက်ရှိနေသော contrailsများ

အဲ့တာတွေဟာ လေယာဉ်နောက်မှာ ကျန်ခဲ့တဲ့အဖြူရောင်လမ်းရှည်တွေပဲ ဖြစ်ပါတယ်။


သူတို့ဟာ ကောင်းကင်၌ ကြာရှည်စွာရှိနေပြီး လေယာဉ်မြင်ကွင်းမှ လုံးလုံး ပျောက်ကွယ်သွားသော်လည်း ကောင်းကင်မှာရှိနေသေးတာကို သတိပြုမိနိုင်ပါတယ်။

ဆက်တိုက်ပျံ့ကြဲနေသော contrailsများ

သူတို့ဟာ မပြန့်ပွားသော contrails များနှင့်ဆင်တူသော်လည်း ကွဲပြားသောပုံစံများရှိပါတယ်။
သူတို့က နေရာပိုကျယ်ပြန့်စွာ ဖြန့်ကျက်ထားပြီးတော့ မျဉ်းဖြောင့် မျဉ်းကွေးပုံစံထက် တိမ်နဲ့ပိုတူတဲ့ပုံစံရှိပါတယ်။

သူတို့ဟာ အန္တရာယ်ကင်းလား အန္တရာယ်ရှိလား

ဓာတ်ငွေ့ထဲတွင် ပါဝင်သော အချို့အရာများသည် contrails များဖန်တီးရာတွင် အထောက်အကူမဖြစ်သော်လည်း သူတို့ဟာ ညစ်ညမ်းမှုတွေလို့ ယူဆဆဲဖြစ်ပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ရေငွေ့၊ နိုက်ထရိုဂျင်အောက်ဆိုဒ်(NOx)၊ ကာဗွန်မိုနောက်ဆိုဒ်နဲ့ အခြားအရာများစွာသည် ပုံမှန်လေယာဉ်ထုတ်လွှတ်မှုများဖြစ်ပါတယ်။

လေယာဉ်နောက်မှာ တွေ့ရှိရတဲ့ သာမန် contrails တွေက အန္တရာယ်မရှိပါဖူး။ သူတို့ရဲ့ အဓိကပါဝင်မှုမှာ သန့်ရှင်းတဲ့ရေပဲဖြစ်ပါတယ်။

ထို့အပြင် လေထုညစ်ညမ်းမှုကို‌ တတ်နိုင်သမျှ ရှောင်ရှားရန် ဂျက်လေယာဉ်ဆီကို စနစ်တကျ စိစစ်ထားပါတယ်။

အင်ဂျင်ပြုပြင်ချင်းဟာ မယုံနိုင်လောက်အောင်ဈေးကြီးပြီးတော့ ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျပါတယ်။

ထို့ကြောင့် လေကြောင်းလိုင်းများက လေယာဉ်အတွင်း၌ အသုံးပြုသော လောင်စာဆီသည် အရည်အသွေးအမြင့်ဆုံး ဖြစ်ရန် ကြိုးစားအားထုတ် ရပါတယ်။

ဓာတုလမ်းကြောင်း (chemtrails) များ၏ ဒဏ္ဍာရီ

Chemtrails ဆိုတာက လေယာဉ်တွေဟာ ကောင်းကင်၌ ဓာတုဇီဝပစ္စည်းများကို ချန်ထားခဲ့တယ်လို့ဆိုတဲ့ သီအိုရီကို ရည်ညွှန်းရန်သုံးသော အသုံးအနှုန်းဖြစ်ပါတယ်။

၎င်းဟာ လေယာဉ်ရဲ့ contrailsများဖြင့် ရာသီဥတုကို ပြုပြင်နိုင်ခြင်း သို့မဟုတ် ပြောင်းလဲရန်ဖြစ်နိုင်ခြေကိုလည်း တခါတရံ ရည်ညွှန်းပါတယ်။

ဒါတွေအားလုံးဟာ သိသာထင်ရှားမှုမရှိတဲ့ ကြံစည်ထားတဲ့ သီအိုရီဟောင်းများသာဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ အရင်ပြောခဲ့သလိုဘဲ၊ contrails တွေဟာဖိအားနဲ့ အပူချိန်ပြောင်းလဲမှုကြောင့် ထွက်လာတဲ့ အငွေ့ (သို့) အစိုဓာတ် ငွေ့ရည်များသာဖြစ်တယ်။

အနက်ရောင်လမ်းကြောင်းနဲ့ အဖြူရောင်လမ်းကြောင်းများ

လေယာဉ်အများစုသည် အဖြူရောင်မီးခိုး လမ်းကြောင်းကို ထုတ်လွှတ် တတ်ကြသော်လည်း အချို့က မီးခိုးမည်းလမ်းကြောင်းကိုချန်ထားနိုင်ပါတယ်။

အိတ်ဇောဓာတ်ငွေ့များအတွင်းမှ ငွေ့ရည်များက အနက်ရောင်မီးခိုးလမ်းကြောင်းများကို ဖန်တီးမပေးနိုင်ပါ။ မပြည့်စုံတဲ့ လောင်ကျွမ်းမှုတွေဟာ ၎င်းတို့ကို ဖြစ်ပေါ်စေပါတယ်။

ကားများထရပ်ကားများကဲ့သို့ လေယာဉ်များဟာလည်း စွမ်းအင်ထုတ်လုပ်ရန် လောင်ကျွမ်းခြင်းကိုသုံးပါတယ်။ လောင်စာဆီအား အင်ဂျင်ရဲ့လောင်ကျွမ်းစေသော အခန်းထဲသို့ဖြည့်ပြီး စွမ်းအင်ထုတ်လုပ်ရန်လောင်ကျွမ်းစေပါတယ်။

ရှေ့ဆက်ရွေ့လျားရန်အတွက် လောင်ကျွမ်းခြင်းဖြစ်စဉ်ကို လိုအပ်ပါတယ်။ သို့ရာတွင် အချို့သောလေယာဉ်များသည် မပြည့်စုံသော လောင်ကျွမ်းစေတဲ့နည်းလမ်းကို သုံးနိုင်ပြီး အချို့လောင်စာဆီများမှာ လုံးဝမလောင်ကျွမ်းပါ။

အင်ဂျင်တစ်ခုက ပေးထားသောလောင်စာများအားလုံးကို မလောင်ကျွမ်းပါက အပိုလောင်စာသည် လေယာဉ်၏အိတ်ဇောစနစ်မှတစ်ဆင့်ထွက်လာပြီး လေယာဉ်နောက်မှမီးခိုးမည်းများအဖြစ် ကျန်ရစ်ပါတယ်။

အနက်ရောင်မီးခိုးလမ်းကြောင်းများသည် နှစ်ဆယ်ရာစုတစ်လျှောက်တွင် ကျယ်ပြန့်လာခဲ့ပါတယ်။ အာကာသနည်းပညာတိုးတက်မှုသည် ယခုအခါ မီးခိုးလမ်းကြောင်းများဖြစ်နိုင်ခြေကို လျော့ကျစေပြီး ပိုမိုတန်ဖိုးရှိပြီး ထိရောက်တဲ့ လောင်ကျွမ်းမှုဖြစ်စဉ်ကိုခွင့်ပြုပါတယ်။

လေယာဉ်မှူးတွေဟာ ကောင်းကင်မှာစာရေးဖို့ လေယာဉ်တွေကို ဘယ်လိုသုံးလဲ။

သင်ဟာ လေကြောင်းပြပွဲတစ်ခုကို ရောက်ဖူးရင်လေယာဉ်ပျံတွေက တိမ်တွေလိုပုံပေါ်တဲ့အရာတွေကို ကောင်းကင်မှာမက်ဆေ့ခ်ျတွေရေးနေတာမြင်ဖူးမှာပါ။

ဒါဆို ဒါတွေက contrails တွေမဟုတ်ဖူးလား။ အင်း.. မဟုတ်တာတော့ အတိအကျပါပဲ။ skywriters များသည် ကောင်းကင်၌ရေးရန် ထူးခြားတဲ့ မီးခိုးထုတ်စက်များကို သုံးပါတယ်။

မီးခိုးထုတ်စက်များကို ပုံမှန်အားဖြင့် ဆီနှင့်ပြည့်နေသော ဖိအားဆလင်ဒါများဖြင့် ပြုလုပ်ထားပါတယ်။ မီးခိုးထုတ်စက်များသည် လေယာဉ် ၏ ပူနွေးသော အိတ်ဇော စနစ်ထဲသို့ ဆီများလောင်းချပြီး လျင်မြန်စွာလောင်ကျွမ်းစေပြီး လေယာဉ်မှူး၏ ဦးတည်ရာ လမ်းကြောင်း၌ ထူထပ်သောအဖြူရောင်မီးခိုးတိမ်များ ထွက်လာစေပါတယ်။

ကောင်းကင်၌ စာရေးခြင်းဟာ ရှည်လျားတဲ့ သမိုင်းကြောင်းရှိပါတယ်။ ပထမကမ္ဘာစစ်မတိုင်မီ ၁၉၁၅ခုနှစ်အ‌စောပိုင်းလောက်က အောင်မြင်ခဲ့သော skywriter များရဲ့ မှတ်တမ်းများရှိခဲ့ပါတယ်။

ယနေ့ခေတ် skywriterများသည် ပျံသန်းမှုမတိုင်မီ တိကျမှန်ကန်မှုကို မြှင့်တင်ရန် ကြိုတင် မက်ဆေ့များ ပို့ရန် ဂြိုဟ်ထုလမ်းကြောင်းများကို အသုံးပြုပါတယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.