ဒီအကြောင်းအရာကို တိုက်ရိုက် ပြောဆိုဖို့ အတွက်ဆိုရင် အဆိုပါ အနီရောင် အရည်တွေဟာ ရေလုံးဝမဟုတ်ပါဘူး ဆိုတာ ပြောပါရစေ။
အတိုချုံး ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင် အနီရောင် အရည်တွေဟာ မီးငြိမ်းသက်မည့်နေရာကို မြေပြင်နှင့် လေထုကနေ မြင်နိုင်စေဖို့အပြင် မီးလောင်ကျွမ်းမှုကို ထိန်းချုပ် တားဆီးဖို့ ပြုလုပ်ထားတဲ့ အနီရောင် တောက်တောက် ဆိုးထားသော မီးမလောင်စေနိုင်တဲ့ ဓာတု ပစ္စည်း တစ်မျိုး ဖြစ်ပါတယ်။
ထိုသို့ပြုလုပ်ထားမယ်ဆိုရင် မီးသတ်သမားတွေအနေနဲ့ အနီရောင် ဓာတုပစ္စည်းတွေ ရှိရာကို ဦးတည် သွားနိုင်သည့်အပြင် ၎င်းတို့ဟာ မီးတောက်တွေကို ပိုမိုလောင်ကျွမ်းမှု မဖြစ်အောင် ထိန်းပေးပါတယ်။
မီးသတ်သမားတွေဟာ အလွယ်တကူရနိုင်ပြီး စျေးသက်သာတဲ့ ရေကိုအမြဲတမ်းလိုလို အသုံးပြုကြပါတယ်။

Image: Courtesy of Steve Whitby
ရေက မီးသတ်သမားတွေအတွက် ကြီးမားတဲ့ မီးသတ် လက်နက်တစ်ခု ဖြစ်ပါတယ်။
သို့သော်လည်း ကြီးမားတဲ့ ဒေသများကို မီးလောင်တဲ့အခါတွေမှာဆိုရင် ပြဿနာပေါ်လာပါတယ်။
ဒီလိုကြီးမားတဲ့ ဒေသတွေကို မီးများ ပိုမိုလောင်ကျွမ်းခြင်းမှ ကာကွယ်ဖို့ မီးသတ်ပိုက်ထက် ပိုမိုအားကောင်းတဲ့ ပေးပို့ ထိန်းချုပ်မှု စနစ်တစ်ခုလိုအပ်လာပါတယ်။
အဆိုပါ အနီရောင် ဓာတုအရည်တွေကို မီးငြှိမ်းသတ်မှုတွေ အပြင် မီးမပြန့်ပွားစေဖို့အတွက် ထိရောက်တဲ့ ထိန်းချုပ်မှု တစ်ခုအနေနဲ့လည်း အသုံးပြုကြပါတယ်။
အဓိက အမှတ်တံဆိပ်ဖြစ်တဲ့ Phos-Chek ကို တောမီး တိုက်ဖျက်ရာတွင် သာမက လူနေအိမ်တွေနှင့် မီးရှူးမီးပန်းတွေ အတွက်လည်း အ သုံးပြုပါတယ်။

C-130 Hercules လေယာဉ်၏ မော်ကျူလာ မီးသတ်စနစ်အတွင်း Phos-Chek မီးသတ်ဆေးများ ထည့်သွင်းနေပုံ Image: Courtesy of Wiki Commons
အဆိုပါ ထုတ်ကုန်ထဲမှာ ပါဝင်တဲ့ Ammonium “phosphate ” မှ Phos ကိုယူထားပြီး သူရဲ့တာဝန်က “check” သို့မဟုတ် မီးတောက်ကိုရပ်တန့်ခြင်းဆိုတဲ့အတွက်ကြောင့် Phos-Chek ဟုအမည်ပေးထားခြင်း ဖြစ်ပါတယ်။
ရေ သို့မဟုတ် မီးသတ် အမြှုပ်တို့နှင့် ဆန့်ကျင်ဘက် အနေနဲ့ အဆိုပါ အနီရောင်အရည်တွေကို ရေရှည်မီးငြှိမ်းသတ်ဖို့အတွက် အသုံးပြုဖို့ မရည်ရွယ်ဘူး ဟု ဆိုပါတယ်။
ဒါပေမယ့် ၎င်းတို့ကို ဓာတုမီးလောင်မှုတွေကို ရပ်တန့်ဖို့အတွက် အသုံးအများဆုံး ဖြစ်ပါတယ်။ အနီရောင် ရွှံ့နွံတွေနဲ့ ရောပြီး မြက်နဲ့ တခြား အသီးအနှံပင် တွေဟာ မီးမလောင်နိုင်ပါဘူး ဟုလည်း ဆိုပါတယ်။
တောမီးငြိမ်းသတ်ခြင်းအပြင် ၎င်းတို့ဟာ တခြားလောင်ကျွမ်းမှုတွေမှာလည်း အသုံးဝင်ပါတယ်။

ကမ္ဘာ့အကြီးဆုံး မီးသတ် လေယာဉ်ကြီး Supertanker
နှစ်စဉ် ကျင်းပသည့် ၂၀၂၁ ခုနှစ် ဇူလိုင်လ လေးရက်နေ့က မီးရှူးမီးပန်း ပြပွဲ ကယ်လီဖိုးနီးယားပြည်နယ်၊ Pasadena မှာရှိတဲ့ Rose Bowl နှင့် Arroyo Seco အနီးတစ်ဝိုက်မှာ စိုက်ပျိုးထားတဲ့ ဒေသများကို ကာကွယ်ဖို့အတွက် Phos-Chek ဆေး ရှစ်တန်ကို အသုံးပြုထားပါတယ်။
ရေနှင့် အမှုန့် ပေါင်းစပ်ထားတာကို မြေပြင်ရေတင်ယာဥ်တွေကို အသုံးပြုမည့်အစား လေယာဥ်တွေကို အသုံးပြုပါတယ်။ Phos-Chek ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း တောမီးလောင်ကျွမ်းမှု အနည်းငယ်ကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
ဝန်ဆောင်မှု နှစ်ပေါင်းများစွာ လုပ်ဆောင်လာတဲ့ All Risk Shield ကဲ့သို့သော ပြင်ပကုမ္ပဏီတွေဟာ အရောင်မဲ့ Phos-Chek ကို မီးလောင်မှုတွေ ကာကွယ်ဖို့အတွက် အိမ်တွေအပေါ်မှာလည်း ပတ်ဖြန်းပေးနိုင်တယ်ဟု ဆိုပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 25/12/2021