တရုတ်နိုင်ငံဟာ လက်ရှိမှာ နိုင်ငံခြား စစ်ဘက်ဆိုင်ရာ နည်းပညာများ အပေါ် မှီခိုခြင်းမှ ကင်းလွတ်ဖို့ရာ ကြိုးစားလျှက်ရှိပါတယ်။
ရုရှားဟာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံးနှင့် အရေးအပါဆုံး ကာကွယ် ရေး မိတ်ဖက်နိုင်ငံဖြစ်ပေမယ့် မော်စကိုနှင့်ပေကျင်းအကြားမှာ Su-57 ဝယ်ယူဖို့ ကိစ္စနှင့် ပတ်သက်ပြီး အလားအလာ အရမ်းနည်းနေပါတယ်။
ရုရှား ကာကွယ်ရေးဘက်မှ တရုတ်လေတပ်ကို ပဥ္စမမျိုးဆက်တိုက်လေယာဉ်ဖြစ်သည့် Su-57 များ ဝယ်ချင်လာအောင် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ပါတယ်။
ရုရှားနိုင်ငံ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Rostec မှ အလုပ်အမှုဆောင် ဗစ်တာ ခလက်ဒေါ့က တရုတ်နိုင်ငံဟာ မကြာသေးမီကပဲ Su-35 များကို လက်ခံရရှိ ထားပြီး နောက် ၂ နှစ်ကြာတဲ့အခါ နောက်ထပ် Su-35 တွေ ဝယ်ယူမည့်အပြင်

Su-57
တရုတ်ပြည်တွင်းမှာပါ တည်ဆောက်ဖို့ သို့မဟုတ် ပဥ္စမမျိုးဆက် လေယာဉ်တွေကို ဝယ်ယူဖို့ ဆုံးဖြတ် ချက်ချမှာ ဖြစ်ပြီး အဲဒီ့အခါ Su-57E တွေကို တရုတ်နိုင်ငံက ဝယ်ယူဖို့ အခွင့်အလမ်းရရှိနိုင်မယ်လို့ အဲဒီ့တုန်းက ပြောဖူးပါတယ်။
Su-57E တွေကို ၂၀၁၉ ခုနှစ်မှ ရုရှားက ထုတ်ဖော်ပြသခဲ့ပြီး export version ဖြစ်နိုင်ပါတယ်။
ရုရှားလေကြောင်း ထုတ်လုပ်ရေးဟာ ၎င်း၏ထိပ်တန်း Su-35 လေယာဉ်တွေကို တရုတ်လေတပ် က ဝယ်ယူပြီးတဲ့နောက် ငွေကြေးအရရော၊ ပထဝီနိုင်ငံရေးအရပါ အမြတ်အစွန်း အများဆုံး ရနိုင်မယ့် Su-57 များကို ရောင်းချချင်နေတာပါ။
တကယ်တော့ တရုတ်လေတပ်အနေဖြင့် Su-57 တွေကို ဝယ်ယူဖို့ရာ အနည်းငယ်သာ စိတ်ဝင်စားမှု ရှိတာပါ။
တရုတ်လေတပ်ဟာ Su-57 ရဲ့ လေကြောင်း စွမ်းအင်ကို လေးစားပေမယ့် ကာကွယ်ရေး အသိုင်း အဝိုင်းက Su-57 ကို ပဥ္စမမျိုးဆက် တိုက်လေယာဉ် အဖြစ် မမြင်ကြပါဘူး။

J-20
တရုတ်စစ်တပ်ပိုင် Chinamil website တွင် Su-57 ဟာ တရုတ်ရဲ့ J-20 နှင့် အမေရိကန် F-22 တို့နဲ့ နှိုင်းယှဉ်နိုင်ပေမယ့် ရေဒါပျောက် စံနှုန်းများနှင့် မကိုက်ညီသောကြောင့် ပဥ္စမမျိုးဆက် တိုက်လေယာဉ် စစ်စစ် မဟုတ်ဘူးလို့ ပြောဆို ထားပါတယ်။
အမေရိကန်တို့၏ F-35 များဟာ ရေဒါပျောက်နိုင်ခြင်း၊ အာရုံခံကိရိယာများပေါင်းစပ်ခြင်းနှင့် နက်ရှိုင်းစွာထိုးဖောက်နိုင်ခြင်း စတဲ့ အယူအဆများအပေါ် အခြေခံထားပြီး တရုတ်လေတပ်၏ လက်ရှိ ပဥ္မမျိုးဆက် တိုက်လေယာဉ် J-20 ဟာ
လေကြောင်း အကဲသာမှု စွမ်းရည်ကို ဦးစား ပေးတဲ့ Su-57 ထက် အမေရိကန်တို့၏ ပဥ္စမမျိုးဆက် တိုက်လေယာဉ် အယူအဆနှင့် ပိုပြီးကိုက်ညီနေပါတယ်။
တရုတ်နိုင်ငံ၏ လေယာဉ်ထုတ်လုပ်မှု လုပ်ငန်းဟာ ယခင်က နိုင်ငံခြား လေယာဉ်များနှင့် အချို့သော အစိတ်အပိုင်းများကို မှီခို အားထားခြင်းမှ ကင်းဝေးလာစေရန် စိတ်ဝင်စားနေပုံရပါတယ်။
တရုတ်စစ်ဘက်ဆိုင်ရာ အတွင်းရေးမှုးတစ်ဦးမှ မကြာသေးမီက တရုပ်လေတပ်ဟာ ၎င်းတို့ကိုယ်တိုင်ထုတ်လုပ်နေသည့် J-16 ဟာ ရုရှားတိုက်လေယာဉ်များနှင့် ဆင်တူသည်ဟု ယူဆသောကြောင့် Su-35 တွေထပ်မံ ဝယ်ယူဖို့ ဖြစ်နိုင်ချေကို ဖျက် သိမ်းလိုက်ကြောင်း တရုတ်နိုင်ငံ South China Morning Post မီဒီယာသို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကုန် လောက်ကလည်း တရုတ်နိုင်ငံပိုင် မီဒီယာများမှ J-20 ဟာ ယခင် ရုရှားနိုင်ငံလုပ် AL-31F အင် ဂျင်တွေကို အသုံး ပြုရာမှ ပြည် တွင်း ဖြစ် WS-10C များကို ပြောင်းလဲအသုံးပြုနေပြီး ရုရှား အင်ဂျင်များကို မှီခိုစရာ မလိုတော့ကြောင်း ဖော်ပြခဲ့ကြပါတယ်။

J-20
ဒါ့ကြောင့် ပေကျင်းအနေဖြင့် လက်တလောမှာ နိုင်ငံခြားအဆင့်မြင့် စစ်လက်နက်ပစ္စည်းများကို အများအပြား ဝယ်ယူဖို့ရာ စိတ်ဝင်စားမှု မရှိပါဘူး။
တကယ်လို့ တရုတ်နိုင်ငံ အနေဖြင့် Su-57 ကို ဝယ်ယူဖို့ရာ စိတ်ဝင်စား ခဲ့ရင်တောင်မှ သုတေသနပြုလုပ်ရန်နှင့် လေ့ကျင့်ရေး အတွက် အ သုံး ပြုရန် အနည်းငယ်သာ ဝယ်ယူဖွယ်ရှိပါတယ်။
တရုတ်အင်ဂျင်နီယာများကတော့ ထုံးစံအတိုင်း reverse-engineering လုပ်ဖို့ အလွန် စိတ်ဝင်စားကောင်း ဝင်စား နိုင်ပါတယ်။
အဲလိုမှမဟုတ်ရင်တောင် Su-57 ဒီဇိုင်းကို နက်နက် ရှိုင်းရှိုင်း လေ့လာခြင်းဖြင့် အနာဂါတ် တရုတ်နိုင်ငံရဲ့ လေယာဉ် စီမံကိန်းတွေမှာ အသုံး ဝင်လာပါလိမ့်မယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။
First Published 20/12/2021