ငှက်ကလေးတွေ တေးဆိုရသည့်အကြောင်း

Knowledge Nature

ငှက်ကလေးတွေ ‌သစ်ကိုင်းလေးတွေမှာ နားပြီး တေးဆိုနေကြတာကို ကျနော်တို့ ကြားဖူး တွေ့ဖူးကြမှာပါ။ဘာလို့ငှက်က‌လေးတွေ တေးဆိုကြတာလဲ။

ငှက်ကလေးတွေ တေးဆိုလေ့ရှိတာက သူတို့ ပိုင်နက်‌နယ်မြေကို ရယူဖို့ ၊ သူတို့ နယ်မြေကို ကာကွယ်ဖို့ ဖြစ်ပါတယ်။

ဒါမှမဟုတ် မိမိရဲ့ ကြင်ဖော်ကြင်ဖက်ကို ဆွဲဆောင်ဖို့အတွက် သီဆိုကြပါတယ်။(ကောင်မလေးတွေ ‌‌အ‌ဆောင်‌ရှေ့ ဂီတာတီးပြီး သီချင်းဆို ပြသလို‌ နေမှာပေါ့)

ငှက်ကလေး‌တွေ အများစုဟာ အာရုဏ်မတက်မီမှာ စတင်ပြီး တေးဆိုကြပါတယ်။

ဒါဟာ သူတို့ ဘယ်နေရာမှာ ရှိတယ်၊ဘယ်နေရာကို ရောက်နေတယ်ဆိုတာကို အချက်ပေးတဲ့အနေဖြင့် တေးဆိုကြတာပါ။နွေဦးရာသီမှာဆိုရင် ငှက် တော်တော်များများ တစ်နေကုန်အောင် တေးဆိုကြပါတယ်။

ငှက်ဝါ ငှက်ကလေးတွေ ဆိုရင် နေဝင်ချိန်မတိုင်အထိ သူတို့ရဲ့ တေးသီချင်းကို အကြိမ်တစ်ထောင်ကျော်လောက် ထပ်ခါတစ်လဲလဲ သီဆိုကြပါတယ်။နောက်ပြီး သီချင်းကိုလည်း အမျိုးမျိုး ပြောင်းလဲ သီဆိုနိုင်ကြပါတယ်။

စာကျွဲခေါင်း ငှက်ကလေးတွေဟာဆို ပုံစံအမျိုးမျိုးနဲ့ မူကွဲ ခြောက်မျိုးလောက် ဆိုနိုင်ကြတယ်လို့ ဆိုပါတယ်။

အစာရှိတဲ့နေရာ ၊အသိုက်ဆောက်လို့ကောင်းမည့်နေရာစတဲ့ အရာတွေကို ညွန်းဆိုဖို့ အသုံးပြုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ငှက်ကလေးတွေ တော်တော် များများကတော့ ဘေးရန်ရှိတဲ့အကြောင်း အချက်ပေးသံပြုကြပါတယ်။ကွဲပြားခြားနားတဲ့အသံဆိုရင်တော့ အန္တရာယ်ဟာ လေထဲမှာလား၊သစ်ပင်ပေါ်မှာလား၊ဒါမှမဟုတ် မြေပြင်ကလားဆိုတာကို အခြားငှက်များသိအောင် ပြောပြတာပါ။

ဂျေး (ခေါ် )ဗွတ်ကုလားငှက်

ဗွတ်ကုလားငှက်ဟာဆိုရင် အနီးအနားမှာ ဘယ်လိုသားရဲ တိရစ္ဆာန်တွေရှိတယ်ဆိုတာကို အတိအကျ အချက်ပေးနိုင်တယ်လို့ဆိုပါတယ်။

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *