ခွေးလေးတွေ သူတို့ခြေထောက်ကို လျက်ရတဲ့အကြောင်း

Knowledge Nature

ခွေးလေးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့ရဲ့ ခြေထောက်တွေကို လျှာဖြင့် လျက်လေ့ရှိကြပါတယ်။

ခြေထောက်တွေကို သန့်ရှင်းနေအောင် နေ့စဉ်နဲ့အမျှ လျှာနဲ့ လျက်ခြင်းဟာ ကောင်းမွန်တဲ့အရာ ဖြစ်နိုင်ပါတယ်။

သို့သော် ကျွန်ုပ်တို့ရဲ့ခွေးတွေဟာ ၎င်းတို့ရဲ့ခြေထောက်တွေကို အဆက်မပြတ် သို့မဟုတ် ပြင်းပြင်းထန်ထန် လျက်နေပါက အစာအိမ်၊ ပိုးဝင်ခြင်း သို့မဟုတ် ဒဏ်ရာကဲ့သို့သော ပြဿနာတစ်ခုရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

ကျွန်ုပ်တို့ခွေးတွေဟာ ၎င်းတို့ရဲ့ခြေသည်း​တွေကို မကြာခဏ လျှာဖြင့် လျက်နေတာကို တွေ့ရပါက ချက်ချင်း ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ခွေးတွေက ၎င်းတို့ရဲ့ခြေသည်း​တွေကို အဘယ်ကြောင့် လျှာနှင့် လျက်သလဲဆိုတာကို အောက်တွင် လေ့လာနိုင်ပါတယ်။

ကျန်းမာရေးပြဿနာများ

ကျွန်ုပ်တို့ခွေး​လေးတွေရဲ့ခြေထောက်ကို လျှာဖြင့် လျက်တာ ပုံမှန်မဟုတ်ပါက ပထမအဆင့်အနေနဲ့ ခြေထောက်မှာ ကျန်းမာရေး ပြဿနာရှိမရှိ ဆုံးဖြတ်ဖို့ ဖြစ်ပါတယ်။

ခွေးလေးတွေဟာ ယားယံခြင်း သို့မဟုတ် နာကျင်လာပါက ၎င်းတို့ရဲ့ခြေထောက်တွေကို အလွန်အကျွံ လျက်တက်ကြပါတယ်။

ခြေထောက်မှာ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ပြင်ပ အညစ်အကြေး တစ်ခုခုကြောင့် ရုတ်တရက် ယက်ကြလေ့ရှိပါတယ်။

ခွေးလေးတွေဟာ ချွန်ထက်တဲ့အရာ သို့မဟုတ် ပူပြင်းတဲ့အခင်း​တွေကဲ့သို့ မသက်မသာဖြစ်စေတဲ့ အရာတစ်ခုခုကို နင်းမိသွားတဲ့အခါမှာ ဖြစ်ဖြစ် ဒါမှမဟုတ် အင်းဆက် ၊ တခြားအဆိပ်ရှိတိရစ္ဆာန်က အကိုက်ခံရတာလည်း ဖြစ်နိုင်ပါတယ်။

၎င်းတို့ရဲ့ခြေသည်းများကြား ကပ်နေတဲ့ အရာတွေကို ဖယ်ရှားဖို့လည်း အကူအညီ လိုအပ်ပါတယ်။ ဆူးညှောင့်ခလုတ်တွေကလည်း ခြေသည်းများမှာ မြှုပ်နှံနိုင်ပြီး ယားယံနာကျင်မှုကို ဖြစ်စေတက်ပါတယ်။

နောက်ဖြစ်နိုင်ချေတစ်ခုကတော့ ကျွန်ုပ်တို့ရဲ့ခွေးလေးမှာ အဆီအိတ် (သို့) အကျိတ်လိုမျိုး သူ့ရဲ့ခြေခုံမှာ ပုံမှန်မဟုတ်တဲ့ ကြီးထွားမှုမျိုးရှိတက်ပါတယ်။

ဒါမှမဟုတ် အဆစ်အမြစ်ရောင်ခြင်း သို့မဟုတ် ခြေသည်းရဲ့ ပျော့ပျောင်းတဲ့ တစ်သျှူး ဒါမှမဟုတ် အရိုးတွေမှာ ထိခိုက်ဒဏ်ရာရခြင်းလည်းဖြစ်နိုင်ပါတယ်။ ဒီလိုအရာတွေကတော့ သာမန်မျက်စိနဲ့ မြင်နိုင်တဲ့ အရာမျိုးတော့ မဟုတ်ပါဘူး။

ခြေထောက်တွေကို လျှာဖြင့် လျက်ခြင်းရဲ့ အဖြစ်များတဲ့ အကြောင်းအရင်းကတော့ ခွေးတွေမှာ ဓာတ်မတည့်ခြင်းပဲ ဖြစ်ပါတယ်။

ဓာတ်မတည့်မှုတွေဟာ မကြာခဏ ဆိုသလို ခြေခုံများ ယားယံခြင်း သို့မဟုတ် ယောင်ရမ်းခြင်း တို့ကို ဖြစ်စေပြီး ၎င်းကို သက်သာရာရ​စေဖို့အတွက် လျှာဖြင့် လျက်ပေးလေ့ရှိကြပါတယ်။

ခွေးတော်တော်များများမှာ ခြေထောက်တွေကို ယားယံစေတဲ့ ဓာတ်မတည့်မှုတွေ ရှိတက်ပါတယ်။

အစားအသောက် ဓာတ်မတည့်ခြင်းနှင့် ပတ်ဝန်းကျင် ဓာတ်မတည့်ခြင်းတွေဟာ ခြေသည်းယားယံခြင်းမျိုးတွေကို ဖြစ်စေတာကြောင့် လူသိများပါတယ်။

ခွေးလေးတွေရဲ့ ခြေသည်းများကြားမှာ ဘက်တီးရီးယား သို့မဟုတ် မှိုပိုးတွေ ကူးစက်တတ်တာကြောင့် အမည်မသိ ပြသာနာတွေ ဆင့်ပွားဖြစ်နိုင်ပါတယ်။

ခွေးတစ်ကောင်ဟာ ၎င်းရဲ့ခြေသည်းတွေကို မကြာခဏ လျှာဖြင့် လျက်တာဟာ စိုစွတ်စေပြီး ဘက်တီးရီးယားနှင့် မှိုတွေ ပိုပွားစေပါတယ်။

လှေး၊ မွှားကဲ့သို့သော ပြင်ပကပ်ပါးပိုးတွေကလည်း ခြေသည်းများကို အလွန်ယားယံစေပါတယ်။

ကျွန်ုပ်တို့ရဲ့ခွေးလေးက ခြေသည်းတွေကို အလွန်အကျွံလျက်ရင် ဘယ်လိုလုပ်ရမလဲ

တကယ်လို့ ကျွန်ုပ်တို့ရဲ့ခွေးလေးက ခြေသည်းတွေကို အလွန်အကျွံလျက်နေမယ်ဆိုရင် ပြတ်ရှဒဏ်ရာ​တွေ၊ ပွန်းပဲ့ခြင်း၊ သွေးထွက်ခြင်း၊ ရောင်ရမ်းခြင်း၊ နီခြင်း၊ အနာဖေးထွက်ခြင်း၊ လက်သည်းများကွဲခြင်းနှင့် ပုံမှန် မဟုတ်သော အခြားအရာတွေကို တွေ့မယ်ဆိုရင် တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့ ကုသပေးဖို့ လိုပါတယ်။

အပြုအမူဆိုင်ရာ ပြဿနာများ

ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုအားလုံး မရှိပါက အပြုအမူဆိုင်ရာ လုပ်ဆောင်ချက်တွေကြောင့် ခြေထောက်ကို လျက်ခြင်းတို့ ပြုလုပ်တတ်​ကြပါတယ်။

သို့မဟုတ် ခွေးလေးတွေဟာ ပျင်းရိတာပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှု၊ ကြောက်ရွံ့မှု သို့မဟုတ် စိုးရိမ်ပူပန်မှုရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

လျှာဖြင့် လျက်ခြင်းဟာ ပျင်းတာကြောင့် စတင် ဖြစ်နိုင်ပြီး၊ စိတ်ပြေ လက်ပျောက် သို့မဟုတ် စိတ်ကျေနပ်မှု ဖြစ်စေတဲ့ အ လေ့ အထတစ်ခုအဖြစ် ပြောင်းလဲလာနိုင်ပါတယ်။

အပြင်းအထန် ပြုမူလာမယ်ဆိုရင်တော့ အာရုံပြောင်းဖို့အတွက် လမ်းလျှောက်ထွက်တာဖြစ်ဖြစ်၊ အချိန်ပိုပေးကစားတာဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.