ခွေးလေးတွေ သူတို့ရဲ့လက်​တွေကို လူတွေပေါ် တင်ရတဲ့ အကြောင်းအရင်းများ

Knowledge Nature

ကျွန်ုပ်တို့ရဲ့ခြေထောက်ပေါ်က ခွေးလက်လေးတွေဟာ နွေးထွေးပြီး အမွှေးထူထူ အထိအတွေ့ကို ခံစားရစေပါတယ်။

ခွေးလေးတွေက သူတို့ရဲ့သခင်ကို လူတွေလို စကားလုံးနဲ့ ဆက်သွယ်လို့ မရတဲ့ အတွက်ကြောင့် အမူအရာနဲ့ သူတို့ လိုချင်တာကို ပြောဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြပါတယ်။

အထိအတွေ့ဟာ ကျွန်ုပ်တို့အာရုံကိုဖမ်းယူဖို့ ခွေးလေးတွေအတွက် အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါတယ်။

ကျွန်ုပ်တို့ခွေးလေးတွေရဲ့ အကျင့်ဆိုးအတွက် ကြိမ်းမောင်းမယ်ဆိုရင် တစ်ခုခုလုပ်နေတာကို ရပ်သွားအောင် သူတို့ကို လက်ညိုးထိုးတာဖြစ်ဖြစ် ဒါမှမဟုတ် လက်ကို ဝှေ့ယမ်းတာဖြစ်ဖြစ် လုပ်နိုင်ပါတယ်။

ခွေးလေးတွေဟာ လိမ္မာတဲ့ သတ္တဝါတွေ ဖြစ်ကြပြီး သူတို့ရဲ့ လက်ဟန်အမူအရာတွေကို အသုံးပြုကာ သူတို့လိုချင်တာကို ပြောဖို့ ကြိုးစားတက်ကြပါတယ်။

ဒါကြောင့် ခွေးလေးတွေ သူတို့ရဲ့လက်​တွေကို လူတွေပေါ်တင်ရတဲ့ အကြောင်းအရင်း (၈ ) ချက်ကို အောက်တွင် ဖော်ပြလိုက်ပါတယ်။

(၁) သူတို့ကို အာရုံစိုက်စေချင်တဲ့အခါ

ကျွန်ုပ်တို့ရဲ့အလုပ် စားပွဲမှာ တစ်နေကုန် အလုပ်လုပ်နေတယ်ဆိုရင် မင်းရဲ့ခွေးလေးက မင်းကို ယက်ပေးလိုက်ရင် မအံ့သြပါနဲ့။ အဲဒါက သူတို့ အာရုံစိုက်ဖို့ လိုတယ် လို့ ပြော​နေတာပဲပါတယ်။

ခွေးတော်တော်များများက သူတို့ကို နာရီပေါင်းများစွာ လျစ်လျူရှုထားရင် ဒီလိုအပြုအမူတွေ လုပ်ပါလိမ့်မယ်။

ကျွန်ုပ်တို့ရဲ့ခွေးလေးဟာ နှစ်ခြိုက်စွာ တစ်ရေးတစ်မော အိပ်ပြီးရင် သခင်ကို ချွဲတက်ကြပါတယ်။ ဒီလိုအချိန်မှာ သူတို့ကို အာရုံစိုက်ပြီး ချစ်ခင်ပေးဖို့ လိုပါတယ်။

(၂) အပြင်ထွက်ချင်ကြတဲ့အခါ

ခွေးလေးတွေ အသက်ကြီးလာတာနဲ့အမျှ အပြင်ထွက်ရတာကို ပိုနှစ်သက်လာပြီး လွတ်လွတ်လပ်လပ်နေချင်လာကြပါတယ်။

သူတို့အပြင်ထွက်ချင်တဲ့အခါ သခင်ကို လက်နဲ့တို့တာဖြစ်ဖြစ် အမြှီးနှံ့ပြီး တံခါးကို လှည့်ကြည့်လှည့်ကြည့်လုပ်ကာ အပြင်ထွက်ဖို့ ပြောပါလိမ့်မယ်။ ဒါဟာ သူ့အနေနဲ့ အပြင်ထွက်ဖို့ အသိပေးတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။

(၃) ကစားလိုတဲ့အခါ

ကျွန်ုပ်တို့ခွေးလေးတွေက ခြေထောက်ကို စတင်ခြေယက်တဲ့အခါ ၎င်းတို့ပတ်ဝန်းကျင်ရှိ ကြမ်းပြင်ကို ကြည့်ပြီး သူတို့နှင့်အတူ အရုပ်ယူလာသလား။ ယူလာတယ်ဆိုရင်တော့ သူတို့က ကျွန်ုပ်တို့ကို ကစားခိုင်းနေတာကို သိသာပါတယ်။

စိတ်လှုပ်ရှားစွာ ပုတ်ခြင်း သို့မဟုတ် ခုန်ခြင်းတို့ကိုလည်း ကျန်ုပ်တို့အနေနဲ့ တွေ့နိုင်ပြီး ဒါဟာ ခွေးလေးက ပျင်းနေပြီး သူတို့နဲ့ ကစားစေချင်တဲ့ အမူအရာတွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ခွေးလေးတွေရဲ့ ကျန်းမာရေးအတွက် တစ်နေလုံး လစ်လျူမရှုပဲ ကျွန်ုပ်တို့အနေနဲ့ အချိန်ပေး ဆော့ကစားပေးဖို့လည်း လိုအပ်ပါတယ်။

(၄) ဗိုက်ဆာတဲ့အခါ

ခွေးလေးတွေဟာ အစာစားချိန်နဲ့ပတ်သက်တဲ့ အချိန်တိကျမှုရှိတာဟာ စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ ခွေးလေးတွေကို အစာစားချိန်ရောက်မှ ကျွေးသင့်ပြီး အစာကျွေးချိန်ပြင်ပမှာ အစာကျွေးခြင်းကလည်း အကျင့်ဆိုးတစ်ခုသာ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ခွေးလေးတွေဟာ လိုချင်တဲ့အချိန်တိုင်း အစာရနိုင်တယ်ဟု ထင်နေတာကြောင့် မကြာခဏဆိုသလို တောင်းနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ကျန်းမာရေးအတွက်ကော စနစ်တကျ ကျွေးမွေးဖို့ လိုအပ်ပါတယ်။

(၅) စိုးရိမ်ပူပန်တဲ့အခါ ဒါမှမဟုတ် မလုံမခြုံခံစားရတဲ့အခါ

တခါတရံမှာ ခွေးလေးတွေက သက်သောင့်သက်သာရှိဖို့ လိုပါတယ်။ ကျွန်ုပ်တို့ခွေးလေးတွေရဲ့အမြင်မှာ ကျွန်ုပ်တို့ဟာ သူတို့ရဲ့တစ်ခုတည်းသော အားကိုးရာဖြစ်ပါတယ်။

ဒါကြောင့် သူတို့အနေနဲ့ စိုးရိမ်သောက သို့မဟုတ် မလုံခြုံတဲ့အချိန်တိုင်း ကျွန်ုပ်တို့ထံလှည့်လာမှာ ဖြစ်ပါတယ်။

ခွေးလေးတွေက ကြောက်လန့်မှုဖြစ်စေတဲ့ ပတ်ဝန်းကျင်အသစ်မှာဖြစ်စေ ၊ ကျွန်ုပ်တို့ ဆူပူကြိမ်းမောင်းတဲ့အခါဖြစ်စေ အားငယ်တက်ကြပါတယ်။

ကျွန်ုပ်တို့ရဲ့အိမ်မွေးတိရိစ္ဆာန်လေးတွေကို သူတို့လိုအပ်တဲ့အချိန်တိုင်း ဖြေသိမ့်ပေးဖို့ အဆိုပါ အပြုအမူလေးတွေနဲ့ ပြတက်ပါတယ်။ ဒါဆိုရင် အားငယ်ကြောက်လန့်မှုတွေ ဖြစ်ပေါ်မှာ မဟုတ်တော့ပါဘူး။

(၆) ခွေးလေးတွေက တစ်ခုခုကို ညွှန်ပြလိုတဲ့အခါ

ခွေးလေးတွေက ကျွန်ုပ်တို့ကို လက်နဲ့ထိလိုက်တဲ့အခါ တယုတယပွတ်သပ်လိုက်တယ်ဆိုရင်၊ သူတို့က ကျွန်ုပ်တို့ကို နေရာတစ်ခုဆီကို ညွှန်ပြဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်။

ဒါပေမယ့် ခွေးလေးတွေရဲ့ သခင်အပေါ်အမိန့်ပေးသလို ခံယူတာမျိုး မလုပ်ပါနဲ့။

ဟောင်တာတွေ သို့မဟုတ် ရန်လိုတဲ့ အရိပ်အယောင်တွေ မပြသရွေ့ သူတို့ရဲ့အပြုအမူက သခင်နဲ့ ဆော့ကစားချင်တာ ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေမှာ သူတို့ဟာ သခင်အပေါ် အနိုင်ယူချင်တဲ့ အပြုအမူမျိုးတွေလည်း ပြတက်ပါတယ်။

(၇) သူတို့ ထိခိုက်နာကျင်ရတဲ့အခါ

ခွေးလေးတွေ ကိုယ်လက်အင်္ဂါနာကျင်တာဖြစ်ဖြစ် ထိခိုက်တာဖြစ်ဖြစ် သူတို့သခင်ကို မပြောပြနိုင်သလို သူတို့ဘာခံစားနေရသလဲဆိုတာကိုလည်း သူတို့ကိုယ်တိုင်မသိပါဘူး။

ဒါ့ကြောင့် နာကျင်ခံစားမှုကို ပျောက်ကွယ်အောင် သူတို့သခင်ဆီက နွေးထွေး ယုယမှုကို အကောင်းဆုံးမျှော်လင့်ကြပါတယ်။

အခြားရုပ်ပိုင်းဆိုင်ရာ နာကျင်မှု လက္ခဏာ​တွေကို ကျွန်ုပ်တို့အနေနဲ့ သတိပြုသင့်ပါတယ်။ ဥပမာအားဖြင့် တစ်ခုခုဖြစ်တာကို ချက်ချင်း သိနိုင်တဲ့ ၎င်းတို့ရဲ့ခြေထောက် ၊အက်ကွဲနေသောခြေသည်း သို့မဟုတ် ဆူးအချို့ကို ထိသွားနိုင်တာတွေကို ဂရုပြုရမှာပါ။

(၈) သူတို့သခင်ကို ချစ်တဲ့အခါ

နောက်ဆုံးအနေနဲ့ ခွေးလေးတွေဟာ သူတို့ရဲ့ လက်တွေကို သခင်အပေါ်တင်တာဟာ သူတို့သခင်ကို ချစ်တယ်လို့ အော်ပြောနေသလိုပါပဲ။ ဒီလိုအပြုအမူလေးတွေဟာ ကျွနိုပ်တို့နှလုံးသားက်ို အရည်ပျော်သွားစေတဲ့ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ဟာ ခွေးလေးတွေကို ချစ်ခင်ယုယလိုက်တဲ့အခါ သူတို့အနေနဲ့ ကောင်းမွန်တဲ့ခံစားချက်ကို ခံစားရစေပါတယ်။ ဒါကြောင့် ခွေးလေးတွေကလည်း သူတို့ရဲ့သခင်ကို ချစ်ခင်ကြောင်းပြသတဲ့အနေနဲ့ အဆိုပါ အပြုအမူလေးတွေကို ပြသလေ့ရှိတာပဲ ဖြစ်ပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.