F-15 တွေကို ကမ္ဘာ့ အကောင်းဆုံးလေယာဉ်တွေလို့ သတ်မှတ်ခံရတဲ့ အချက် ၅ ချက်

Knowledge

F-22 တွေ ကောင်းကင်မှာ မကြီးစိုးခင် F-15 Eagle တွေဟာ ဘုရင်တစ်ပါး ဖြစ်ခဲ့တာပါ။ F-15 တွေကို အမေရိကန်ရဲ့ တိုက်ခိုက်ရေး ဂျက် လေယာဉ်ဖြစ်တဲ့ F-111 နေရာမှာ အစားထိုး အသုံး ပြုခဲ့တာပါ။

F-15 ဟာ လေကြောင်းအကဲသာမှု တိုက်လေယာဉ်အဖြစ် အသုံးတော်ခံ ခဲ့ပြီး လေကြောင်း အကဲသာမှု တိုက်လေယာဉ် အားလုံးရဲ့ ဘုရင် ဖြစ်ခဲ့တာပါ။

အခုအချိန်ထိလဲ ဝေဟင်ကို စိုးမိုးနိုင်တဲ့ စွမ်းဆောင်ရည်တွေ ရှိနေဆဲဖြစ်ပြီး F-15EX အသစ် စက်စက်တွေဟာ သက်သေပါပဲ။

F-15 တိုက် လေယာဉ်တွေကို လျှင်မြန်စွာ ပျံသန်းနိုင်ပြီး ရန်သူ့ လေယာဉ်တွေ ပြည့်နှက်နေတဲ့ ရန်သူတို့၏ နယ်မြေ အတွင်းပိုင်းအထိ ထိုးဖောက်နိုင်အောင် ဒီဇိုင်း ဆွဲထားခဲ့တာပါ။

ဗီယက်နမ် စစ်ပွဲ ပြီးနောက်မှာ အမေရိကန်တို့ဟာ စစ်ကစားလှုပ်ရှား ပျံသန်းနိုင်ပြီး ရန်သူ့ လေ ကာတွေကို ရှောင်ရှားနိုင်ကာ ရန်သူ့လေယာဉ်တွေကို တိုက်ခိုက်နိုင်မယ့် လေယာဉ် တစီး လိုအပ်တာကို သဘောပေါက်လာ ခဲ့ပါတယ်။

အဲဒီ့ အယူအဆနှင့်အတူ ရေဒါတွေ၊ ဒုံးကျည်တွေ၊ လေယာဉ်သုံး စက်အမြောက်တွေနှင့်အတူ F-15 ကို မွေးဖွားလာ ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ F-15 တွေဟာ ဘာလို့ အချိန်တိုင်းအတွက် အကောင်းဆုံး တိုက်လေယာဉ် ဖြစ်နေတာလဲ ဆိုတဲ့ အကြောင်းပြချက် ၅ ခုကို ဖော်ပြပေးပါမယ်။

မြန်ဆန်ခြင်း

ဟုတ်ပါတယ်။ F-15 တွေဟာ အရမ်း မြန်ပါတယ်။ F-15 ဟာ တစ်နာရီကို မိုင် ၁,၈၀၀ လောက်အထိ ပျံသန်းနိုင်ပါတယ်။ လက်ရှိ ခေတ်အမှီဆုံး F-22 ဟာ အမြန်ဆုံး တစ်နာရီကို ၁,၄၀၀ မိုင်နှုန်းဖြင့်သာ ပျံသန်းနိုင်တာပါ။

ဒါ့ကြောင့် Afterburner ဖြင့် ပျံသန်းနိုင်တဲ့ အမြန်နှုန်းဟာ F-35 နှင့် F-22 တို့ထက် များစွာ သာလွန်ပါတယ်။

Afterburner စနစ်အား လေ့လာ လိုပါက “ဂျက်တိုက်လေယာဉ်များတွင် အသုံးပြုသည့် Afterburner စနစ် ဆိုသည်မှာ” ခေါင်းစဉ် နှင့် ဆောင်းပါးတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

မကောင်းတဲ့ အချက်ကတော့ ပုံမှန် ပျံသန်းတဲ့ cruising speed မှာတော့ အသံ အလျှင် အောက်သာ ပျံသန်းနိုင်ပါတယ်။

F-22 ဟာ အမြင့်ပေ ၅ သောင်းမှာ Afterburner မဖွင့်ဘဲ အသံထက် ၁.၅ ဆ ဖြင့် ပျံသန်းနိုင်ပါတယ်။ F-15 ဟာ ဒေါင်လိုက် အနေအထားဖြင့် ပျံတက်ရာမှာ ၉၀ ဒီဂရီ နီးပါးလောက် အထိ ဖြင့် ပျံတက်နိုင်ပါတယ်။


နောက်ဆုံး ထွက်ရှိထားတဲ့ F-15EX မျိုးကွဲဟာ ရုရှားတို့၏ ပဥ္စမမျိုးဆက် လေယာဉ်များ နှင့်တောင် ယှဉ်နိုင်မယ်လို့တောင် တချို့ လေ့လာ သူများက ထင်မြင်ကြပါတယ်။

ဂြိုဟ်တုများကိုပါ ပစ်ချနိုင်

မြေပြင်မှ ကမ္ဘာ့ပတ်လမ်းထဲသို့ ပစ်လွှတ်နိုင်သည့် ဒုံးကျည်ပစ်စင်များကို ရုရှားတို့ တွေ့မြင်နိုင်သည့် အတွက် အမေရိကန်နိုင်ငံဟာ ရုရှား ဂြိုဟ်တုများကို ပစ်ချနိုင်တဲ့ တိုက် လေယာဉ်တွေ အလိုရှိလာပါတယ်။

ဒါ့ကြောင့် အမေရိကန်တို့ဟာ Anti-satellite missile လို့ခေါ်တဲ့ ဂြိုဟ်တုဖျက် ဒုံးကျည်တွေကို F-15 မှာ ပစ်ခတ်နိုင်အောင် ထုတ်လုပ်ခဲ့ပါတယ်။


ဒီစနစ်ကို အမေရိကန် လေတပ် လေယာဉ်မှူး ဗိုလ်မှူး Wilbert D. “Doug” Pearson ဟာ F-15 ကို မောင်းနှင်ပြီး ဂြိုဟ်တု ပစ်မှတ်တု တစ်ခုကို အောင်မြင်စွာ စမ်းသပ်ပစ်ချ နိုင်ခဲ့ပါတယ်။

၎င်းဟာ ကမ္ဘာ့ပေါ်မှာ တစ်ဦးထဲသော ဝေဟင်မှ ကမ္ဘာ့ ပတ်လမ်းပစ် ဒုံးကျည်ကို အသုံးပြုပြီး ပစ် မှတ်ကို ပစ်ချနိုင်တဲ့ လေယာဉ်မှူး တစ်ယောက် ဖြစ်လာပါတယ်။

ဘက်စုံရမှု

ရာသီမရွေး အသုံးပြုနိုင်ဖို့ ဖြစ်ဖြစ်၊ စစ်ကစား ပျံသန်းနိုင်မှုအတွက်ပဲ ဖြစ်ဖြစ်၊ အလျှင်အမြန် ပျံသန်းဖို့ပဲ ဖြစ်ဖြစ် ဒုံးကျည်ပေါင်းများစွာ တင် ဆောင် နိုင်ကာ၊ လောင်စာ ပိုမိုသယ်ဆောင်နိုင်ပြီး အဆင့်မြင့် ရေဒါနှင့် ဆက်သွယ်ရေးစနစ်များ တပ်ဆင်ထားသည့် F-15 မျိုးကွဲ များစွာ ရှိပါတယ်။

F-15 များဟာ မြေပြင် တိုက်ခိုက်မှု အပြင် ဝေဟင် တိုက်ခိုက်မှုကိုပါ လုပ်ဆောင်နိုင်တဲ့ တိုက် လေယာဉ် ဖြစ်ပါတယ်။

F-15E Strike Eagle မျိုးကွဲဟာ ဝေဟင်မှ ဝေဟင် တိုက်ပွဲများကို ကောင်းကောင်း လုပ်ဆောင်နိုင်တယ်ဆိုတာ ကန္တာရမုန်တိုင်း စစ်ဆင်ရေးမှာ သက်သေပြခဲ့ ပြီးပါပြီ။


တောင်ပံတဖက် လုံးလုံး ပြုတ်ထွက်သွားတာတောင် ဆက်လက် ပျံသန်း ဆင်းသက်နိုင်တဲ့ လေယာဉ် ဖြစ်လို့ အကောင်းဆုံး လေယာဉ် တစ်စီးလို့ သတ်မှတ်ဖို့ ထိုက်တန်ပါတယ်။

ပစ်ခတ်မှု စွမ်းအင်


F-15 တိုက်လေယာဉ်ဟာ မိုင် ၁၀၀ အကွာအဝေး ထက် ပိုတဲ့ နေရာမှာရှိတဲ့ ရန်သူ့လေယာဉ် များစွာကို အဆက်မပြတ် ခြေရာကောက်နိုင်တဲ့ ပထမဆုံး လေယာဉ်များထဲမှ တစ်စီး ဖြစ်ပါတယ်။

၎င်းမှာ ပြောင်း ၆ ခုပါ လေ အအေးပေး၊ လျှပ်စစ်နည်းဖြင့် ပစ်ခတ်တဲ့ M-61 စက်အ မြောက် တပ်ဆင်ထားပါတယ်။

ဒါ့အပြင် နောက်ဆုံးထုတ် F-15EX တွေဟာ AIM-9X Sidewinder နှင့် AMRAAM တာလတ်ပစ် ဒုံးကျည် ၂၂ ခုထိတောင် တင်ဆောင် စစ် ဆင်နိုင်ပါတယ်။

ဒါ့ကြောင့် F-15 ဟာ ယနေ့ခေတ် ပဥ္စမမျိုးဆက် တိုက်လေယာဉ်များနှင့် တွဲဖက်ပြီး လက်နက် တိုက်ကြီး သဖွယ်တောင် ပူးပေါင်း စစ်ဆင်နိုင်နေပါပြီ။

အထင်ကြီးလောက်တဲ့ ဝေဟင် တိုက်ပွဲ ရလဒ်

ယခုထိ F-15 များဟာ ပစ်ချခံရခြင်း မရှိသေးတဲ့ တိုက်လေယာဉ်အဖြစ် သတ်မှတ်ခံထားရပြီး အချိုးမှာ ၁၀၄:၀ ဖြစ်ပါတယ်။ တချို့ F-15 များ ပစ်ချ ခံရဖူးသည် ဟု ပြောဆိုမှုတွေ ရှိခဲ့သော် လည်း တကယ့် သက်သေပြစရာတော့ မရှိခဲ့ပါဘူး။

F-15 တွေကို ဆီးရီးယားနှင့် လက်ဘနွန်မှာ အစ္စရေးတို့ အသုံးပြုခဲ့ပြီး အမေရိကန်က အီရန် နှင့် ဆော်ဒီအာရေဗျ နိုင်ငံကတော့ အီရန် အ တွက် အသုံးပြုခဲ့ကြပါတယ်။

F-15 တွေကို Operation Opera လို့ခေါ်တဲ့ အီရတ်တို့၏ နျူကလီးယား အဆောက်အအုံများကို တိုက်ခိုက်ဖို့ စစ်ဆင်ရေးမှာလဲ အစ္စရေးတို့က အသုံးပြုခဲ့ပါသေးတယ်။

updated on 1/12/2022

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.